ယောဂလေ့ကျင့်ခန်းနှင့်တရားထိုင်ခြင်းတို့ ဖြင့် ဗီဇဓါတုပစ္စည်းကို ပြောင်းလဲနိုင်


ယောဂလေ့ကျင့်ခန်းနှင့်တရားထိုင်ခြင်းတို့ ဖြင့် စိတ်ဖိစီးမှုကိုဖြစ်စေနိုင်သည့် ဗီဇဓါတုပစ္စည်းများကို ပြောင်းလဲစေနိုင်ပြီး စိတ်ဖိစီးမှုကြောင့်ဖြစ်သည့် ကျန်းမာရေးယိုယွင်းပျက်စီးမှုနှင့် စိတ်ကျရောဂါတို့ ကို လည်း မဖြစ်ပွားအောင် ကြိုတင်တားဆီးနိုင်မည်ဖြစ်ကြောင်း ဗြိတိန်သုတေသီများက ပြောသည်။
ယောဂလေ့ကျင့်ခန်းလုပ်တာ၊ တရားထိုင်တာ အစရှိတာတွေက စိတ်လက်ကြည်သာအေးမြစေရုံတင် မက ကိုယ်စိတ်ခန္ဓာကို အစဉ်သဖြင့်ဒုက္ခပေးနေလေ့ရှိတဲ့ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ဗီဇဓါတုပစ္စည်းတွေကို လည်း အသွင်ပြောင်းစေနိုင်ပါတယ်ဟု သုတေသီတစ်ဦးဖြစ်သူ Ivana Buric က ပြောသည်။

ယောဂလေ့ကျင့်ခန်း၊တရားရှုမှတ်ခြင်းနဲ့ အသက်ရှူမှုထိန်းချုပ်ခြင်းဆိုင်ရာ လေ့ကျင့်ခန်းတွေလုပ်တဲ့ သူတွေမှာ စိတ်ဖိစီးမှုဒဏ်ခံရမှုနည်းပါးပြီး စိတ်ဖိစီးမှုကြောင့် ဆက်နွယ်ပြီးဖြစ်ပွားတဲ့ မျက်နှာရင့်ထော် တာ၊ ကိုယ်လက်ကိုက်ခဲနာကျင်တာ၊ စိတ်တိုလွယ်တာတွေပါ လျော့ပါးသွားတာကိုတွေ့ ရပါတယ်။ ဒါ ဟာ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ဗီဇဓါတုပစ္စည်းတွေမှာ ပြောင်းလဲမှုတွေဖြစ်ပွားတဲ့အတွက် ဖြစ်ပါတယ် ဟု ၄င်းက ဆက်လက်ပြောပြသည်။ ယောဂနဲ့ တရားထိုင်လေ့ကျင့်ခန်းတွေက ကိုယ်လက်ကိုက်ခဲနာကျင်စေတဲ့ ပရိုတိန်းတွေထုတ်လုပ်မှုကို လျော့စေပါတယ်။ ဒါဟာ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ကော်တီစောဟိုမုန်းရဲ့  မော်လီကျူး ဖွဲ့ စည်းပုံတွေ ပြောင်းကုန်တဲ့သာဓကဖြစ်ပါတယ်။

တစ်နည်းအားဖြင့် ဗီဇဓါတုပစ္စည်းပါ ပြောင်းလဲမှုတွေ ဖြစ်ပေါ်တာပါ ဟု ၄င်းက ဆက်လက်ပြောပြသည်။ ယောဂလေ့ကျင့်ခန်းများ၊ တရားထိုင်ရှုမှတ်ခြင်းများ အပြင် အခြားသောအသက်ရှူမှုထိန်းချုပ်ခြင်းပိုင်း ဆိုင်ရာ လေ့ကျင့်ခန်းများဖြစ်သည့် Qi Gong, Tai Chi အစရှိသည့်လေ့ကျင့်ခန်းများပြုလုပ်ခြင်းဖြင့် လည်း အလားတူအကျိုးသက်ရောက်မည်ဖြစ်ကြောင်း၊ ကိုယ်စိတ်ခန္ဓာ တစ်သားတည်းကျအောင် လေ့ ကျင့်ရသည့် ဖော်ပြပါလေ့ကျင့်ခန်းများက ဗီဇဓါတုပစ္စည်းများ၏ ရွေ့ လျားရာလမ်းကြောင်းကိုပွင့်စေ သည့်အတွက် နာကျင်ကိုက်ခဲခြင်းများလည်း လျော့ပါးလာလေ့ရှိကြောင်း၊ စိတ်ဖိစီးမှု ကြာရှည်ဖြစ်ပွား ပါက ခန္ဓာကိုယ်တွင် နောက်ကြောင်းမပြန်နိုင်တော့သည့် ပြောင်းလဲမှုများကိုဖြစ်စေနိုင်ပြီး စိတ်ရော ကိုယ်ပါ ထိခိုက်ပျက်စီးစေနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာတစ်ဝန်းတွင် ယောဂလေ့ကျင့်ခန်း ကိုပြုလုပ်သူအမျိုးသမိးဦးရေ တိုးလာလျက်ရှိသလို တရားရှု မှတ်သူ သက်ကြီးရွယ်အိုဦးရေလည်း များလာလျက်ရှိပြီး နိုင်ငံနှင့်လူမျိုးအလိုက် ထိုက်ကျိချွမ် အားကစား ပြုလုပ်သူများလည်း များပြားလာနေခြင်းမှာ စိတ်ဖိစီးမှုများလှသည့် ကမ္ဘာကြီးအတွက် ကောင်းသော အလား အလာဖြစ်ကြောင်း နှင့် အသက်ရှူမှုထိန်းချုပ်ခြင်းဆိုင်ရာ လေ့ကျင့်ခန်းများကို အတတ်နိုင်ဆုံးပြုလုပ်ခြင်းဖြင့် စိတ်ဖိစီးမှုကိုလည်း သိသာစွာလျော့ချနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ