အမေရိကန်နိုင်ငံသားများက ဥာဏ်ရည်ဖွံ့ ဖြိုးတိုးတက်စေရန်တစ်နှစ်လျှင် ကန်ဒေါ်လာ ၆၄၃ သန်း သုံးစွဲလျက်ရှိ
အမေရိကန်နိုင်ငံသားများသည် ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက်
တစ်နှစ်လျှင် အမေရိ ကန်ဒေါ်လာ ၆၄၃ သန်းသုံး စွဲလျက် ရှိကြောင်း အစိုးရစာရင်းစစ်ရုံး (GAO မှ ထုတ်ပြန် သော အစီ ရင် ခံ စာအရ သိရသည်။
အတိုင်းအချင့်နှင့် စားသုံးရသော ဖြည့်စွက် စာများသည် ဥာဏ်ရည်ကိုဖွံ့ဖြိုးတိုးတက်စေပြီး အောင်မြင် သော ဈေးကွက် တစ်ခုဖြစ် လာကြောင်းနှင့် ဥာဏ်ရည်ကောင်းမွန်စေမည့် ဖြည့် စွက်စာများကို ၂ဝ၁၅ ခုနှစ်အတွင်းအမေရိ ကန်ဒေါ် လာ ၆၄၃သန်း ဖိုးနီးပါး ရောင်း ချနိုင်သည့်အတွက် ၂ဝဝ၆ ခုနှစ်ကထက် ရောင်းအားနှစ် ဆနီးပါးတိုးတက်လာသည် ကိုတွေ့ ရကြောင်း ဇွန် ၁၆ ရက်တွင်ထုတ်ပြန်သောအစီရင်ခံစာ၌ ဖော်ပြထားသည်။
မှတ်ဥာဏ်တိုးတက်စေမည့်ဖြည့်စွက်စာများအား ကြော်ငြာခြင်း၊ တံဆိပ်တပ်ခြင်း အစရှိ သည့်ဈေးကွက်ဖြန့်ဖြူးရေးကြီးကြပ် မှုတာဝန်ကို အစားအစာနှင့်ဆေးဝါးကွပ်ကဲမှုအဖွဲ့ (FDA) နှင့် ကုန်သွယ်ရေး ကော်မရှင် (FTC) တို့က တာဝန်ယူဆောင် ရွက်ထားသည်။
သို့သော် အဆို ပါကုန်ပစ္စည်းများအားဈေးကွက်သို့မဖြန့်ချိမီ ကုန်ပစ္စည်းများကို အတည်ပြု ထောက် ခံမှုမပြု ကြောင်း GAO က၎င်းအစီရင်ခံစာတွင် ဆက်လက်ဖော်ပြထားသည်။
GAO အဖွဲ့အစည်းသည် နှစ် လတာကာလအတွင်း အင်တာနက် စာမျက်နှာများ၌ဈေးကွက်တင်ရောင်းချနေသော ဖြည့် စွက် စာရောင်းအားကိုသုံးသပ်၍ အဆိုပါအစီရင်ခံစာကို ဖော်ပြခြင်းဖြစ်သည်။
အင်တာနက်စာမျက်နှာများတွင် ရောင်းချနေသောဖြည့်စွက်စာ ၉၆ ရာခိုင်နှုန်းခန့်နှင့် မှတ်ဥာဏ် ဖွံ့ဖြိုးစေသည့်ဖြည့် စွက်စာ အမျိုးပေါင်း ၄၉ဝ ကိုသုံးသပ်ကာ အစီရင်ခံစာကို ဖော်ပြခြင်းဖြစ် ကြောင်း GAOပြော သည်။
မြ၀တီ
https://www.facebook.com/pg/mwdmedia
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin