သဘာဝမြင်းခွာရွက်ရဲ့ အလှတရားလျှို့ဝှက်ချက်


မြင်းခွာရွက်ဆိုရင် တောရော မြို့ပါ ဘယ်သူမဆို ရင်းနှီပြီးသားဖြစ်မှာပါ။
မြင်းခွာ ပုံစံရှိပြီး မြေမှာ ကပ်ပေါက်တဲ့ မြေလျှောက် ပင်အမျိုးအစား အပင်ငယ်လေးက သင့်ကို အကျိုးများစွာပေးနိုင်တယ်ဆိုရင် အံ့သြသွား မှာလား။ မြန်မာလူမျိုးတွေအနေနဲ့ မြင်းခွာ ရွက်ကို ဆေးဖက်ဝင်အပင်လို့ သိပြီးသား ဖြစ်မှာပါ။ မြင်းခွာရွက်က အထူးသဖြင့် အမြင် အာရုံအတွက် အကောင်းဆုံးသဘာဝ ဆေး စွမ်းတစ်လက်ပေါ့။ ဒါ့အပြင် မြင်းခွာရွက်က သင့်ကို သဘာဝဆန်ဆန် လှပမှုကို ပေးတယ်ဆိုတာ သင်သိစေချင်ပါတယ်။

မြင်းခွာရွက်ကပေးတဲ့ သင့်အတွက်အလှတရားတွေက ...
အရေပြားနီရဲရောင်ရမ်းခြင်းကို လျော့ကျသက်သာစေတယ်
အရေပြား နီရဲရောင်ရမ်းတာ (cellulite) ရောင်ရမ်းတာက ၉၅%သော မိန်းကလေးတွေမှာ ဖြစ် လေ့ဖြစ်ထရှိတဲ့ အရေပြားပြဿနာ တစ်ခုပါ။
မိတ်ကပ်အလှကုန်တွေနဲ့ ဓာတ်မတည့်တာကြောင့်ဖြစ်သလို ဆေးဝါး တွေရဲ့ဘေးထွက် ဆိုးကျိုးကြောင့်လည်း ဖြစ်တတ်ပါတယ်။ မျက်နှာ မှာ ဖြစ်ရင်တော့ အလွန်ကြည့်ရဆိုးတာကြောင့် အလှမက်တဲ့ မတို့ အတွက် စိတ်အနှောင့်အယှက်ဖြစ်စရာ တစ်ခုပဲလေ။ ဒီအတွက် ဆေးဝါးတွေ၊ အရေပြားလိမ်းဆေးတွေ မလိုပါဘူး။ မြင်းခွာရွက်က ဒီပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။ မြင်းခွာရွက် လတ်လတ် ဆတ်ဆတ်ကို ရေများများနဲ့ စင်အောင်ဆေးပြီး Blender နဲ့ ကြိတ် ပြီး ဒါမှမဟုတ် ကြိတ်ဆုံသန့်သန့်နဲ့ သတ္တုရည်ရအောင်ပြုလုပ်ပြီး ဂွမ်းသန့်သန့်ဖြင့် မြင်းခွာရွက်သတ္တုရည်ကို ဆွတ်ပြီး နီရဲရောင်ရမ်း နေတဲ့ အရေပြားပေါ်မှာ ဖြည်းဖြည်း ညင်သာ သုတ်လိမ်းပေးပါ။


အရေပြားကို ကြည်လင်တောက်ပစေတယ်
ခရမ်းချဉ်သီး၊ အာလူးတို့လိုပဲ မြင်းခွာရွက်က လည်း အရေပြား လှပမှုအတွက် အကျိုးပြုတယ်နော်။ ကြည်လင် တောက်ပပြီး အရေးအကြောင်း ကင်းစင်တဲ့ အသားအရေ မျိုး လိုချင်ရင်တော့ မြင်းခွာရွက် ကိုသာ အားကိုးလိုက်ပါ။ မြင်းခွာရွက် အဆီအနှစ်ကို မျက်နှာပေါ်မှာ ဒါမှမဟုတ် ညို မည်းနေတဲ့ အသားအရေပေါ်မှာ၊ အရေးအကြောင်းပေါ်တဲ့ နေရာတွေမှာ လိမ်းပေးမယ်ဆိုရင် အနာအဆာကင်းပြီး ကြည်လင်တောက်ပတဲ့ အသားအရေကို ရရှိပိုင်ဆိုင်နိုင်မှာပါ။နောက်ပြီး အကြောပြတ်တဲ့ အရေပြားပေါ်မှာ လိမ်းပေးမယ် ဆိုရင် အကြောပြတ်ရာတွေကို မှေးမှိန်ပျောက်ကွယ်သွားစေ ပါတယ်။ မြင်းခွာရွက်အဆီအနှစ်ကို အရေပြားပေါ် လိမ်းတာ အပြင် မြင်းခွာရွက်ကို အခြောက်ခံပြီး လက်ဖက်ခြောက် သဖွယ် ရေနွေးနဲ့ ခတ်သောက်ရင်လည်း အရေပြားကို ကြည်လင်တောက်ပစေပါတယ်။
ဝက်ခြံပြဿနာအတွက် အကောင်းဆုံးဖြေရှင်းပေးတယ် ဝက်ခြံကြောင့် အသားအရေလှပမှု လျော့ နည်းပြီး သောကရောက်နေရတဲ့သူတွေအတွက် မြင်းခွာရွက်က အကောင်းဆုံး ဖြေရှင်းပေးနိုင်ပါ တယ်။ ပိုးသေစေတဲ့အစွမ်းအပြင် အနာကျက် မြန်စေတဲ့ ဂုဏ်အင်တွေပါ ပြည့်စုံတဲ့ မြင်းခွာ ရွက်ကို ဝက်ခြံပျောက်ကင်းစေဖို့ အသုံးပြုနိုင်ပါ တယ်။ မြင်းခွာရွက်ကို သတ္တုရည် လုပ်ပြီး ဝက်ခြံ ပေါက်တဲ့နေရာမှာ ဂွမ်းသန့်သန့်ဖြင့် တို့လိမ်းပေး ပါ။ ဝက်ခြံပြဿနာ ရက်ပိုင်းအတွင်း သက်သာ သွားမှာ အသေအချာပဲနော်။
အမည်းစက်နဲ့ အသားအရေညိုမည်းခြင်းကို လျော့နည်းစေတယ် နေလောင်ဒဏ်ကြောင့်ဖြစ်တဲ့ အမည်းစက်နဲ့ အသားအရေညိုမည်းခြင်းတွေကို မြင်းခွာရွက်က အလျင်မြန်ဆုံး လျော့နည်းစေနိုင်တယ်လေ။ အရေပြားပေါ်ပဲ လိမ်းလိမ်း၊ အစားအစာအဖြစ်ပဲ စားစား အသားအရေလှပမှုအတွက် ဆေးဖက် ဝင်တဲ့ မြင်းခွာရွက်ကို ယုံယုံကြည်ကြည် အားကိုး လိုက်တော့နော်။
အရွယ်တင် နုပျိုလှပစေတယ် မြင်းခွာရွက်က အရေပြားတင်းအားကို ကောင်းကောင်း ကြီး အထောက် အကူပြုပါတယ်။ အသက် (၂၅)နှစ်နဲ့ (၃ဝ) နောက်ပိုင်းမှာ အရေပြားရဲ့တင်းအားဟာ တဖြည်းဖြည်း လျော့ကျလာတတ်တယ်လေ။ အရေပြား ဆန့်ကျုံ့အားလျော့ နည်းလာတာနဲ့အမျှ ငယ်ရွယ်စဉ်က တင်းရင်းနေတဲ့ အသား အရေဟာ တဖြည်းဖြည်း လျော့ရိလျော့ရဲနဲ့ ပါးရေနားရေ တွေ စတွန့်လာပြီပေါ့။ ဒါဟာ အိုမင်းခြင်းရဲ့ အစပျိုးလက္ခဏာ တစ်ရပ်ပေါ့။ အရေပြားတင်းတင်းရင်းရင်းနဲ့ ထာဝစဉ်နုပျို တဲ့ အသားအရေကို ပိုင်ဆိုင်ချင်ရင်တော့ မြင်းခွာရွက်ကိုပစ်ထားလို့ မရဘူးနော်။ ကိုလာဂျင် ထုတ်လုပ်မှု လျော့ကျလို့ အရေး အကြောင်းပေါ်တာ၊ အရေပြား လျော့ရဲလာတာတွေကို အကောင်း ဆုံးဖြေရှင်းနိုင်တဲ့ မြင်းခွာရွက်မှာ ကိုလာဂျင်ထုတ်လုပ်မှု အားကောင်း စေဖို့ ကူညီနိုင်တဲ့အစွမ်း ရှိပါတယ်။ ဒါကြောင့်လည်း ယခုနောက်ပိုင်း အရွယ်တင်နုပျိုစေတဲ့ အလှကုန် တချို့ကို မြင်းခွာရွက်နဲ့ အခြေခံပြီး ထုတ်လုပ်လာတာ တွေ့လာပြီလေ။


ဆံပင်ကျွတ်ခြင်းအတွက် အကောင်းဆုံးကုထုံး
ဆံပင်ကျွတ်လို့ သောကရောက်နေတဲ့ ကိုကို၊ မမ ပျိုပျို၊ အိုအိုအားလုံးအတွက် နတ် ဆေးတစ်ပါးကတော့ အစွမ်းထက် မြင်းခွာရွက် ပဲပေါ့။ မြင်းခွာရွက်ကို ဟင်းရံအဖြစ် သုတ်စား စား၊ ချက်စားစား၊ စားပေးနိုင်သလို မြင်းခွာရွက် သတ္တုရည်လုပ်ပြီး ဦးရေပြားအနှံ့ လိမ်းကျံ နှိပ်နယ်ပေးရင် ဆံပင်ကျွတ်လို့ ထိပ်ပြောင်နေတဲ့ သောကကနေ ကင်းဝေးသွားမယ်နော်။
ဆံကေသာကို နက်မှောင်တောက်ပြောင်စေတယ်
ခေါင်းလျှော်ခါနီး တစ်နာရီလောက်အလိုမှာ မြင်းခွာရွက်သတ္တုရည်ကို ဦးရေပြားအနှံ့ လိမ်း ကျံပြီး လက်ချောင်းထိပ်ကလေးတွေနဲ့ ဖြည်း ဖြည်းညင်သာ နှိပ်နယ်ပေးပါ။ ဆံပင်အရင်းက မွေးညင်းအိတ်ကလေးတွေဆီ သွေးလည်ပတ်မှု ပိုကောင်းစေပြီး ဆံပင်နက်မှောင်တောက်ပြောင် ဖို့အတွက် အာဟာရဖြည့်ပေးပါတယ်။ ဒီနည်း က ဆံပင်ကိုလည်း အရှည်မြန်စေပါတယ်။ မြင်းခွာရွက်သတ္တုရည်နဲ့ အုန်းဆီစစ်စစ်ကို ဆတူရောပြီး သုံးရက်တိုင်တိုင် နေကောင်းကောင်း ပြပါ။ ဒီအဆီကို ဆံသားအားဖြည့်ခေါင်းလိမ်း ဆီအဖြစ် နေ့စဉ်လိမ်းပေးမယ်ဆိုရင် နက်မှောင် တောက်ပြောင်တဲ့ ဆံကေသာအလှကို ပိုင်ဆိုင် နိုင်ပြီပေါ့။
မြင်းခွာရွက်အဆီအနှစ် ပါဝင်တဲ့အလှကုန်များ
သဘာဝအခြေခံပါဝင်ပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတဲ့ အသားအရေထိန်းသိမ်း ပစ္စည်းတွေနဲ့ အလှကုန်တွေဟာ ၂၁ ရာစု မှာ ဈေးကွက်အတွင်း သူ့ထက်ငါ အပြိုင် အဆိုင်ထုတ်လုပ်နေရာ ယူလာကြပါပြီ။ စား သုံးသူတွေကလည်း ဆိုးကျိုးများလှတဲ့ ဓာတု အခြေခံအလှကုန်ထက် ဆိုးကျိုးနည်းတဲ့ သဘာဝ အခြေခံအလှကုန်တွေကို ပိုပြီး ယုံကြည်စွာ သုံးစွဲလာကြတာကြောင့် စီးပွား ရေးလုပ်ငန်းရှင်တွေ ကလည်း သဘာဝ အခြေခံ အလှကုန်တွေကို ပိုထုတ်လုပ်လာ ကြတယ်လေ။ အချိန်မပေးနိုင် အလုပ်ရှုပ် မခံနိုင်တဲ့သူတွေအတွက် မြင်းခွာရွက်အဆီ အနှစ်ပါတဲ့ အသားအရေထိန်းသိမ်းပစ္စည်း တွေနဲ့ အလှကုန်တွေကို ဈေးကွက်မှာ အလွယ်တကူ ရှာဖွေဝယ်ယူနိုင်ပြီနော်။
ဒီတော့ အလှအပကို မြတ်နိုးချစ်ခင် ကြတဲ့ Beauty Secrets ပရိသတ်တွေ အတွက် သဘာဝကျကျ လှပနေစေမယ့် မြင်းခွာရွက်ရဲ့ အလှအပလျှို့ဝှက်ချက်တွေ ကို လက်ဆင့်ကမ်းလိုက်ပြီနော်။ မြင်းခွာရွက် ရဲ့ အကျိုးလေးတွေကို လက်တွေ့စမ်းသပ် အသုံးပြုရင်း ကျန်းမာလှပနုပျိုတဲ့ အသား အရေကို ရရှိပိုင်ဆိုင်နိုင်ကြပါစေ။

Myawady Health
https://www.facebook.com/pg/myawadyhealth/photos/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ