Global diarrhoea deaths down by a third ဝမ်းပျက်ရောဂါကြောင့်သေဆုံးမှု လျော့ကျလာ


ကမ္ဘာမှာ ဝမ်းလျောဝမ်းပျက်ရောဂါကြောင့်သေဆုံးမှု လျော့ကျလာတယ်လို့ ကနေ့ထွက်တဲ့သတင်းက ဆိုပါတယ်။ ၂ဝဝ၅ ကနေ ၂ဝ၁၅ ကိုနှိုင်းယှဉ်ရင် သုံးပုံတပုံကျဆင်းလာတယ်။ သောက်ရေသန့်နဲ့ သန့်ရှင်းရေးဟာ အခယာကျတယ်။ ဝမ်းပျက်လို့ အားနည်းနေရင် ကူးစက်ရောဂါပိုးတွေဝင်လွယ်တယ်။ ကာကွယ်ဆေးသစ်ကလည်း ထိရောက်မှုရှိတယ်။

လျော့ကျလာပေမဲ့ ဝမ်းပျက်ရောဂါဟာ အခုထိ ကလေးသေဆုံးရခြင်းအကြောင်းထဲမှာ စတုတ္ထလိုက်နေတယ်။ တနှစ်မှာ ၅ နှစ်အောက်ကလေးပေါင်း ၅ သိန်းသေဆုံးနေရတယ်။ သေဆုံးရတာသာမက နူမိုးနီးယားနဲ့ ဝက်သက်ရောဂါတွေနဲ့ ဆက်စပ်နေသေးတယ်။ ချတ်၊ နိုက်ဂျာကအဆိုးဆုံးနဲ့ နိုက်ဂျီးရီးယားနဲ့ အိန္ဒိယမှာလည်းဆိုးတယ်။ ကလေးသေဆုံးမှု ၄၂% ရှိတယ်။

ဝမ်းရောဂါတွေထဲမှာ Rotavirus ရိုတာဗိုင်းရပ်စ်ကြောင့်ဖြစ်တာနဲ့ Cholera ကာလဝမ်းရောဂါတွေလည်းပါတယ်။ ဝမ်းရောဂါဟာ ကာကွယ်လို့ရတဲ့ရောဂါဖြစ်တယ်။ စအိုကထွက် ပါးစပ်ကဝင်ဆိုတဲ့လမ်းကြောင်းက ကူးစက်တယ်။
၂ဝ၁၅ ခုနှစ်အတွင်း ဝမ်းရောဂါလူနာပေါင်း ၂့၃၉ ဘီလီယန်ရှိခဲ့တယ်။ ၉၅၇့၅ သန်းဟာ ကလေးတွေဖြစ်တယ်။ ၁့၃ သန်း သေဆုံးခဲ့တယ်။ သေသူတွေထဲမှာ ကလေး ၄၉၉ဝဝဝ ယောက်ပါတယ်။

ဝမ်းရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ
၁။ စိတ်ချရတဲ့ သောက်ရေသန့်ရအောင်လုပ်ပါ။
၂။ မှန်ကန်တဲ့ သန့်ရှင်းရေးလုပ်ပါ။
၃။ လက်ကို ရေ + ဆပ်ပြာနဲ့ဆေးပါ။
၎။ ကလေး ၆ လအထိမိခင်နို့သာတိုက်ပါ။
၅။ အစားအသောက်နဲ့ တကိုယ်ရေသန့်ရှင်းရေးလုပ်ပါ။
၆။ ရောဂါကူးစက်ပုံနည်းလမ်းနဲ့ ကာကွယ်နည်းလေ့လာ လိုက်နာပါ။
၇။ Rotavirus vaccination ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးထားပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ