လူကြိုက်များလာသော ငှက်ပျောသီးဖြင့် ၀ိတ်ချနည်း
ငှက်ပျောသီးဖြင့် ၀ိတ်ချနည်းဟာ အခုဆိုရင် ကမ္ဘာမှာ
လူကြိုက်များလာသည့် ၀ိတ်ချနည်းတစ်နည်း ဖြစ်လာပါပြီ။
ဒီနည်းကို စတင်တွေ့ရှိခဲ့သူကတော့ ဂျပန်နိုင်ငံမှ Hitoshi Watanabe ဆိုသူ ဖြစ်ပါတယ်။
ဒီဝိတ်ချနည်းကို ယခုဆိုလျှင် အရှေ့တိုင်း၊ အနောက်တိုင်းမှ
လူအများအပြားလက်တွေ့စမ်းသပ်ပြီး တကယ်ထိရောက်မှု
ရှိလာသည့်အတွက် ကိုရီးယားမင်းသမီးများဟာလည်း ဒီနည်းကို
အသုံးပြုနေကြပြီလို့ ကြားသိရပါတယ်။
ငှက်ပျောသီးဖြင့် ၀ိတ်ချနည်း
၁။ နံနက်စာကို ငှက်ပျောသီး (၂ ) လုံးသာ စားပြီး ရေ (၂) ခွက်သာက်ပါ။
၂။ နေ့လည်စာကို ပုံမှန်အတိုင်း ထမင်း၊ ဟင်းတို့ကို စားနိုင်ပါတယ်။ အဆီအဆိမ့်များတဲ့ အစာများကိုတော့ ရှောင်ပါ။
၃။ ညစာကိုတော့ ထမင်းဟင်းမစားပဲ သစ်သီးများနဲ့ ဟင်းသီးဟင်းရွတ်အချို့ကိုသာ စားပါ။ ည ၈ နာရီမတိုင်ခင် စားပါ။
ဒီဝိတ်ချနည်းဟာ ရိုးရှင်းလွယ်ကူပြီး ပင်ပင်ပန်းပန်းအားကစားလည်း မလုပ်ရပဲ
ငှက်ပျောသီးမှာပါဝင်တဲ့ အင်ဇိုင်းဓါတ်တစ်မျိုးဟာ အဆီများကို စုပ်ယူပြီး အစာချေဖျက်မှုကိုလည်း ပိုမိုကောင်းစေကာ အာဟာရပြည့်ဝသည့်အတွက်
ထမင်းဆာသည့် အဆာကိုလည်း ထိန်းပေးတယ်လို့ လေ့လာ
တွေ့ရှိထားကြပါတယ်။
နေဆိုင် (ပူတာအို) ကျန်းမာရေးသတင်းများ
ကိုးကား ။ ။ Banana is the best menu for diet.Banana Diet Story.
ကျန်းမာရေးသတင်းများ
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin