ကျန်းမာရေး အထောက်အကူပြုသည် ဘရိုကိုလီ


လူတစ်ဦးအတွက် ကျန်းမာရေးနှင့် ပြည့်စုံခြင်းဆိုသည်မှာ ရောဂါဝေဒနာ ကင်းရှင်း ရုံမျှမက ကိုယ်ခန္ဓာ ကျန်းမာရေးနှင့်ပြည့်စုံရန်၊ စိတ်ချမ်းသာမှုရှိပြီး ပတ်ဝန်းကျင်နှင့် ပေါင်းသင်းဆက်ဆံမှု အဆင်ပြေ ကောင်းမွန် မှုရှိခြင်းတို့ ပြည့်စုံရန်လိုကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (W.H.O)က အဓိပ္ပာယ်ဖွင့်ဆို ထားသည်။ ကမ္ဘာ့လူဦးရေသန်း ၇ဝဝဝ တို့သည် ရောဂါမျိုးစုံတို့၏ခြိမ်းခြောက်မှုနှင့် ကြုံတွေ့နေကြရခြင်းကြောင့် ဆေးဘက်ဆိုင်ရာပညာရှင် များကလည်း ကုထုံးအဖုံဖုံတို့ကို လေ့လာဆန်းစစ်တီထွင်နေကြသည့်အနက် အစာလည်း ဆေး၊ ဆေးလည်းအစာဖြစ်စေရန် ပန်းဂေါ်ဖီစိမ်း (broccoli) ကိုစားသုံးခြင်းဖြင့် ဆီးချို ရောဂါအမျိုး အစား(၂)နှင့် အဝလွန်ရောဂါတို့ကို ကာကွယ်နိုင်ကြောင်းတွေ့ရှိထားကြသည်။

ပန်းဂေါ်ဖီစိမ်းတွင်ပါဝင်သော ဒြပ်ပေါင်းတစ်မျိုးသည် လူ့ခန္ဓာကိုယ်တွင်ရှိသော သွေးအတွင်းပါဝင်သည့် သကြား ဓာတ်ကို လျော့နည်းစေသဖြင့် ပန်းဂေါ်ဖီစိမ်းကို သတ္တုရည်အဖြစ် သောက်သုံး၍ သော်လည်းကောင်း၊ ဟင်းအဖြစ်သော်လည်းကောင်း စားသုံးခြင်းသည် ဆီးချို ရောဂါအမျိုးအစား(၂)ကို ကာကွယ်နိုင်ကြောင်း ဆွီဒင်နိုင်ငံ တက္ကသိုလ် ဆီးချိုသွေးချိုရောဂါဌာနမှ ပါမောက္ခတစ်ဦး၏ လေ့လာတွေ့ရှိချက်ကို ဆေးသိပ္ပံ ဘာသာပြန် ဂျာနယ်၌ ဖော်ပြထားကြောင်း သိရသည်။ ဆွီဒင်နိုင်ငံ၌ ဆီးချိုသွေးချိုရောဂါခံစားနေရသူပေါင်း ၃ ဒသမ ၉ သန်းရှိ သဖြင့် ၎င်းတို့အားကုသရန် အမျိုးသားကျန်းမာရေးဌာနက နှစ်စဉ်နိုင်ငံတော်ဘတ်ဂျက်၏ ၁ဝ ရာခိုင်နှုန်းကျခံ သုံးစွဲနေရသည်။ ဆွီဒင်နိုင်ငံတွင်အသုံးပြုနေသော သွေးချိုကျစေသည့် သောက်ဆေး (metformin) သည် ကျောက်ကပ်ကို ထိခိုက်စေခြင်းကြောင့် ဆီးချိုသွေးချို ရောဂါဝေဒနာရှင် ၁၅ ရာခိုင်နှုန်း ခန့်ကို တစ်ပူပေါ်နှစ်ပူ ဆင့်ဖြစ်နိုင်ကြောင်း ဖော်ပြထားသည်။

ရောဂါဘယကင်းဝေးစေရန် နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲမှုသည် အရေးပါသော ကြိုတင် ကာကွယ် မှုဖြစ်သည်။ ဝေဒနာခံစားနေရသူ တစ်ဦးအား ဆေးမြီးတိုဖြင့် ကုသကြခြင်းကြောင့် ပေါ့စေလိုလို့ကြောင် ရုပ်ထိုး ဆေးအတွက် ပိုလေးနေကြရသည်။ ပန်းဂေါ်ဖီစိမ်း သတ္တုရည်သောက်ခြင်း သို့မဟုတ် ဟင်းအဖြစ် စားသုံး ခြင်းသည် ဆီးချိုရောဂါအမျိုးအစား (၂) ဖြစ်စေသော ဗက်တီးရီးယားပိုးများကိုသေစေနိုင်ပြီး ဘေးထွက် ဆိုးကျိုး အနည်းငယ် သာဖြစ်နိုင်ခြေရှိသဖြင့် ဆီးချိုသွေးချိုဝေဒနာရှင်များအတွက် ဓာတ်စာအဖြစ်အသုံးပြုရန် ကြိုးစား နေကြသည်။ လူတစ်ဦး၏သွေးအတွင်း၌ရှိသင့်သော သကြားဓာတ်ထက် ပိုမိုသော်လည်း ဆီးချို အမျိုးအစား (၂) ခံစားရသည်အထိမရှိသေးသူအတွက် ကြိုတင်ကာကွယ်သည့် အနေဖြင့် ပန်းဂေါ်ဖီစိမ်းကို ဓာတ်စာပေးခြင်းသည် ထိရောက်မှုရှိကြောင်း သိရသည်။

ပန်းဂေါ်ဖီစိမ်းဖြင့် ကုသမှု၏ထိရောက်မှုကိုသိရှိနိုင်ရန် အဝလွန်ဝေဒနာခံစားနေရသူ၉၇ဦးတို့အား ရက်သတ္တ ၁၂ ပတ်ကြာလေ့လာ စမ်းသပ်ခဲ့ရာ အခြားဆေးများဖြင့်စမ်းသပ် ကုသခြင်းထက်ထိရောက်မှုရှိသည်။ ပန်းဂေါ်ဖီစိမ်း ပါဝင်သော ဆေးဖြစ်စေသည့် အာနိသင်သည် ဂေါ်ဖီထုပ်တွင်လည်း ပါဝင်သည်။ ဆီးချိုအမျိုးအစား (၂)သည် ကပ်ရောဂါ အသွင် ဖြစ်ပွားလျက်ရှိရာ ကမ္ဘာ့ ပြည်သူသန်း ၃ဝဝ ကျော်တို့သည် ၎င်းရောဂါဝေဒနာ ခံစားနေကြရသည်။ အဝလွန်သူများ၏ အသည်းသည် ပုံမှန်သွေးလည်ပတ်မှုအတွက် လိုအပ်သော သကြား ဓာတ်ထက် ပိုမိုထုတ်လုပ်ခြင်းကြောင့် သွေးအတွင်း သကြားဓာတ် ပါဝင်မှုမြင့်မားစေပြီး ဆီးချိုသွေးချို ရောဂါဖြစ် စေရန် အားပေးသည့် အလားဖြစ်စေသည်။ ထို့ကြောင့် ဆီးချိုအမျိုးအစားအမှတ်(၂)အတွက် အကောင်းဆုံး ကုထုံးမှာ ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်စားသောက်မှုပုံစံဖြစ်အောင် သတိရှိရန် လိုကြောင်းနှင့် ဆရာဝန် ညွှန်ကြားသော ဆေးမှန်မှန် သောက်ရ မည်ဖြစ်ကြောင်း လေ့လာသူများက တိုက်တွန်း ထားသည်။

လူသားတို့အတွက် အလွန် အန္တရာယ်များသော ဆီးချိုသွေးချိုရောဂါ ဝေဒနာခံစားနေရသူများသည် နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ မျက်စိကွယ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းနှင့် ခြေလက်များဖြတ်တောက်ရသော အနေအထား အထိ ဆိုးကျိုး သက်ရောက်စေနိုင်သည်။ ဆွီဒင်နိုင်ငံတက္ကသိုလ်မှ ဆေးပညာရှင်များ၏ လေ့လာ တွေ့ရှိချက် အပြင် အခြားပုဂ္ဂိုလ်များ၏ လေ့လာတွေ့ရှိချက်အရ ပန်းဂေါ်ဖီစိမ်း(broccoli) ကိုစားသုံးခြင်းဖြင့် နှလုံး သွေးကြောကျဉ်းရောဂါနှင့် ကင်ဆာရောဂါ အမျိုးမျိုးဖြစ်ပွားမှုကို လျော့နည်းစေနိုင်ပြီး ကိုယ်ခံစွမ်းအား မြင့်မား စေသည့် အာနိသင်ရှိခြင်းကြောင့် သုံးရက်လျှင်တစ်ကြိမ်စားသုံးသင့်ကြောင်း သိပ္ပံပညာရှင်များက ထုတ်ဖော် ပြောကြား ထားသည်။ အီလီနွိုက် တက္ကသိုလ်မှ သုတေသီများက ဖီနိုလစ်ဒြပ်ပေါင်း အများအပြား ပါဝင်သော ဂေါ်ဖီထုပ် အမျိုးမျိုးကို ဆက်လက်လေ့လာ ဆန်းစစ်နေကြောင်း မြဝတီက ထပ်လောင်း တင်ပြလိုက် ရပါသည်။ ။

မြ၀တီ
https://www.facebook.com/pg/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ