အကိုက် အ ခဲ ပျောက် ဆေးများနှင့် ဘေးထွက် ဆိုးကျိုးများ


မေ ၂၉ ရက်သည် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အစာအိမ်နှင့် အူလမ်းကြောင်းနေ့ ဖြစ်သည့် အလျောက် (၅၉)ကြိမ်မြောက် ဂုဏ်ပြုအခမ်းအနားကို မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု အသင်းချုပ် (UMFCCI) တွင် မေ ၂၈ ရက်က ပြုလုပ်ခဲ့ပါတယ်။ ၎င်းအခမ်းအနားတွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီး အစာ အိမ်နှင့် အူလမ်းကြောင်းဌာန အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ သိန်းမြင့်ပြောကြားရာမှာ အကိုက်အခဲ ပျောက်ဆေးများ သုံးစွဲခြင်းကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းတစ်လျှောက် ရောဂါဖြစ်ပွားကာ ဆေးရုံသို့ လာရောက်ပြသရသူ တစ်လလျှင် လူဦးရေ ၃ဝဝ ကျော်ရှိ ကြောင်း၊ ဒါ့အပြင် အထွေထွေ ရောဂါကုဆေးရုံများ သို့ ပြသသည့်လူနာမှာ တစ်လလျှင် ၃ဝခန့်ရှိပြီး ခွဲစိတ်အထူးကု ဆရာဝန်ကြီးများ ထံသို့ပြသသည့် လူနာမှာ တစ်လလျှင် ၆ဝ ခန့်ရှိနေကြောင်း၊ ယခုအခါ ရန်ကုန် ပြည်သူ့ ဆေးရုံ ကြီးတွင် တစ်ရက်လျှင် အစာအိမ် ကင်ဆာလူနာ ၃ဝဝ ခန့်နှင့် အူမကြီးကင်ဆာ ဖြစ်ပွားသူ ၂ဝဝ ခန့် လာရောက်ပြသမှုရှိနေကြောင်း သိရပါတယ်။

အကိုက်အခဲပျောက်ဆေးများနှင့် ဘေးထွက် ဆိုးကျိုးများယနေ့ခေတ် လူအများစုဟာ ရောဂါတစ်ခုခုဖြစ်ပါက ဆေးသောက်မှ မြန်မြန် နေကောင်းလာမယ်ဟု ထင်မှတ်မှားကာဆေးရုံဆေးခန်းသို့ မပြတော့ဘဲ နီးစပ်ရာ ရပ်ကွက် ဆေးဆိုင်များမှ စပ်ဆေးများကို အလွယ်တကူဝယ်ယူသောက်သုံးခြင်း၊ ဆရာဝန်၏ ညွှန်ကြားချက် မပါဘဲ အကိုက်အခဲ ပျောက်ဆေးနှင့် သွေးကျဲဆေးများတွဲဖက်၍ သောက်သုံးခြင်း၊ စတီးရွိုက်ပါသော ဆေးများ သောက်သုံးခြင်း ရှိနေကြပါတယ်။ ဒါကြောင့် ယခုကဲ့သို့ မလိုလားအပ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပေါ်လာရပါတယ်။ လက်တွေ့မှာတော့ အကိုက်အခဲပျောက် သောက်ဆေးမှမဟုတ်ဘဲ ထိုးဆေး၊ အကြောဆေး၊ စအိုထဲထည့်တဲ့ ဒုံးကျည် တောင့်တွေ အကုန်လုံးအစာအိမ်ကိုထိခိုက် စေနိုင်ပါတယ်။

မြန်မာနိုင်ငံတွင် ပါရာစီတမော အကိုက် အခဲပျောက်ဆေးကို လူသိများကာ အိမ်တိုင်းနီးပါးတွင် ဆောင်ထားလေ့ရှိပြီး ဆရာဝန်ဆေးညွှန်းမပါဘဲ မိမိဘာသာ တွင်ကျယ်စွာ သောက်သုံးနေကြပါတယ်။ ၎င်းပါရာစီတမော ဆေးဝါးဟာ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်အဆစ်အမျက် ကိုက်ခဲခြင်း၊ ရာသီလာစဉ် ကိုက်ခဲခြင်း အပါအဝင် ဖျားနာ၍ကိုက်ခဲခြင်း၊ ဖျားချင်သလိုလိုဖြစ်ခြင်းတို့ အတွက်ကိုလည်း သောက်သုံးနိုင်ပါ တယ်။ ပါရာစီတမောဆေးပြားကို ၅ဝဝ မီလီဂရမ် သောက်ဆေးအဖြစ် တွေ့ရလေ့ရှိပါတယ်။

ဒါ့အပြင် ပါရာစီတမောကို အရည်ပုံစံနှင့် စအိုတွင်းသို့သွင်းသော ဆေးတောင့်ပုံစံ အဖြစ်လည်းတွေ့ရပြီး ကလေး များ အတွက်ကိုတော့ အရည်ကိုသုံးသင့်ပါတယ်။

ပါရာစီတမောဟာ အခြားသောအကိုက် အခဲပျောက်ဆေးပြင်းများကဲ့သို့ အစာအိမ် ထိခိုက်မှုမရှိသလောက် နည်းပါး သော်လည်း ၎င်းဆေးပြားကို တစ်နေ့ သုံးကြိမ်ထက်ပို၍ သောက်သုံးမိပါက အသည်းကိုထိခိုက်စေပါ တယ်။ လူတစ်နှင့်တစ်ဦး ဘေးထွက်ဆိုးကျိုး ကမတူညီကြပေ။ အချို့က ဆေးသောက်ပြီး နာရီပိုင်းအတွင်း ဘေးထွက်ဆိုး ကျိုးခံစား ရပြီး အချို့က တစ်ပတ်သောက်ပြီး အချို့ကတော့တစ်လသောက်မှ ဖြစ်တာတွေ လည်းရှိတတ် ပါတယ်။ ကိုယ်ခံစွမ်းအားပေါ် မူတည်ပြီး အသက်ကြီးတဲ့သူတွေ၊ ယခင်ကတည်းက အစာအိမ်ရောဂါ အခံရှိတဲ့ သူတွေ အဖြစ်များပါတယ်။

ပါရာစီတမောကို ဆေးဝါးဈေးကွက်တွင် Paracetamol, Calpol, Panadol, Lensen, Biogesic, Servigesic, Tylenol စသောအမည်များဖြင့် တွေ့မြင်နိုင်ပြီး ဆေးတစ်မျိုးချင်းစီအလိုက် ဖော်စပ်ထားသော ပစ္စည်းပါဝင်မှုပေါ်မူတည်၍ ဆေးစွမ်း အာနိသင်တစ်မျိုးစီရှိကြတာကြောင့် ၎င်းဆေးဘူး၊ ဆေးကတ် ပေါ်တွင် ဖော်ပြထား သောအညွှန်းကို သေချာလေ့လာပြီးမှ သုံးစွဲလိုက်နာသင့်ပါတယ်။ သို့သော် တတ်သိ နားလည်သော ဆရာဝန်၏ ညွှန်ကြားမှုအတိုင်းသုံးစွဲခြင်းဖြင့် နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်မလာအောင် ကြိုတင် ကာကွယ်ထားနိုင်ပါလိမ့်မယ်။ ပါရာစီတမောကဲ့သို့ပင် အခြားသော အကိုက်အခဲ ပျောက် ဆေးများလည်းရှိပါ တယ်။ ¤င်းတို့မှာ မီဖယ်နမစ်အက်စစ်၊ ဒိုင်ကလိုဖဲနစ်နှင့် အက်စပရင်တို့ ဖြစ်ကြပါ တယ်။

မီဖယ်နမစ်အက်စစ်ကိုMFA ဟု အတိုကောက်ခေါ်ပြီးMFA ကိုဆေးဆိုင်တွေမှာ Ponstan, Meftal, Mefenac စတဲ့ အမည်များဖြင့် တွေ့ရတတ်ပါတယ်။ နာကျင်ကိုက်ခဲပျောက်ဆေး၊ အဖျားကျဆေး၊ ရောဂါတစ် ခုခုကြောင့်ဖြစ်သော အဆစ်ရောင်ခြင်း၊ အရွတ်၊ အကြော၊ြ<ွကက်သား၊ အရိုးအဆစ် စသည်တို့အတွက် ရောင်ရမ်း ကိုက်ခဲပျောက်ဆေး၊ ခေါင်းကိုက်၊ သွားကိုက်၊ ရာသီလာချိန် ကိုက်ခဲခြင်းတို့အတွက် အကိုက် အခဲပျောက် ဆေးအဖြစ် အသုံးဝင်ပါတယ်။ ၅ဝဝ မီလီဂရမ် ¤င်းဆေးပြားကို တစ်နေ့လျှင် သုံးကြိမ်ထက်ပို၍ မသောက်သင့်ပါဘူး။ ဆေးပြင်းဖြစ်တာကြောင့် အစာစားပြီးမှ သောက်ရပါမယ်။ သို့သော် အစာအိမ်ရောဂါ ရှိသူ၊ အတက်ရောဂါရှိသူ၊ ပန်းနာရင်ကျပ် ရှိသူများမသောက်သင့်ပေ။

ဒိုင်ကလိုဖဲနစ်ဆေးကို သောက်ဆေး၊ ထိုးဆေး၊ စအိုတွင်းသွင်းဆေးတောင့် စတဲ့ ပုံစံအမျိုးမျိုးတွေ့ရပါတယ်။ လေးဖက်နာ၊ ဂေါက် စတဲ့အဆစ်ရောင်ရောဂါများ၊ အရိုးကျီးပေါင်း၊ အရိုးကျိုးနာတို့အတွက် အသုံးဝင်ပါတယ်။ သို့သော် သောက်ဆေးဖြစ်စေ၊ ထည့်ဆေးဖြစ်စေတစ်ရက်လျှင် ၁၅ဝ မီလီဂရမ်ထက်ပို၍မသုံးသင့်ပေ။ အစာ အိမ်၊ အသည်း၊ နှလုံး၊ ကျောက်ကပ်ရောဂါရှိသူများ၊ အသက် ၁၂ အောက်ကလေးနှင့် သက်ကြီးရွယ်အို များနှင့် ကိုယ်ဝန်ဆောင်များ မသုံးသင့်ပေ။

အက်စပရင်ဆေးဝါးကို မိုးမခပင်၏ အခေါက်မှ သိပ္ပံနည်းကျ ထုတ်လုပ်ဖော်စပ် ထားပြီး မြန်မာနိုင်ငံတွင် ၁၈၉၉ ခုနှစ် ကတည်းက သုံးစွဲလာခဲ့ကြပါတယ်။ သို့သော်ယနေ့ ခေတ်အခါ မြန်မာနိုင်ငံမှာ အသုံးပြုမှု နည်းပါတယ်။ ခေါင်းကိုက်၊ ဖျားနာ၊ အဆစ်အမျက်ကိုက်၊ လေးဖက်နာအဆစ်ရောင်ခြင်း တို့အတွက် တွင်ကျယ်စွာ အသုံးပြုခဲ့ကြပြီး၎င်းဆေးဟာ သွေးကျဲစေသောအာနိသင်ရှိ၍ နှလုံးသွေးကြောကျဉ်းရောဂါ၊ ဦးနှောက် သွေးကြောပိတ်ရောဂါတို့ အတွက်ကိုလည်း သုံးခဲ့ကြပါတယ်။ သို့သော် အက်စပရင်ဟာ အက်စစ် အမျိုးအစား ဖြစ်တာကြောင့် အစာအိမ်ကိုထိခိုက်နိုင်သလို သွေးကျဲအာနိသင် ရှိတာကြောင့်လည်း အသည်းကို ထိခိုက် နိုင်ပါတယ်။ ပန်းနာရင်ကျပ်၊ သွေးတိုး၊ ကျောက်ကပ်ရောဂါရှိသူများနှင့် ကလေးငယ်များ၊ ကိုယ်ဝန် ဆောင်များ၊ နို့တိုက်မိခင်များ၊ သက်ကြီးရွယ်အိုများ ဆရာဝန်ညွှန်ကြားမှသာ သုံးစွဲသင့်ပါတယ်။

အထက်ဖော်ပြပါ အကိုက်အခဲ ပျောက်ဆေးများကို လိုအပ်သည်ထက် ပမာဏပို၍ အသုံးပြုခြင်းကြောင့် အသည်းပျက်စီးခြင်း၊ အစာအိမ်နာခြင်း၊ အူသိမ်ရောင်ရမ်းခြင်း၊ အစာရေမျိုလမ်းကြောင်းကို ဒုက္ခပေးခြင်း၊ အူမကြီး လမ်းကြောင်း မမှန်သောရောဂါ ရရှိခြင်း၊ လိပ်ခေါင်းရောဂါ၊ ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်း၊ သွေးအန်ခြင်း၊ ဝမ်းမည်း သွားခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်ကျရောဂါ၊ စိတ်ရှုပ်ထွေးနောက်ကျိခြင်း၊ ကိုယ်ဝန်ပျက် ကျခြင်းတို့ဖြစ် ပေါ်နိုင်ပါတယ်။

အထူးသဖြင့် အသည်းရောဂါရှိသူ၊ အရက်သေစာ သောက်သုံးလေ့ ရှိသူများနှင့် အစာလမ်းကြောင်းမှ သွေးယိုထွက်ဖူး သူများ၊ အစာအိမ်နှင့် အူလမ်းကြောင်းရောဂါ ရာဇဝင်ရှိသူများ၊ ကိုယ်ဝန်ဆောင်များ အနေ ဖြင့် အကိုက်အခဲ ပျောက်ဆေးပြင်းများကို အထူးရှောင်ကြဉ်သင့်ပြီး သန့်ရှင်းသော အစားအသောက်များ ရွေးချယ် စားသောက်ခြင်း၊ အသင့်ပြုလုပ်ထားသော ကြာရှည်ခံအစားအစာများ စားသောက်မှု ကိုရှောင်ကြဉ်ခြင်း ၊ အဆီများသော၊ ကျပ်တင်ထားသော အစားအသောက်များ၊ အကင်များ၊ စည်သွတ်ဘူးများ ၊ ကော်ဖီမစ်၊ လက်ဖက်ရည် မစ်နှင့် ဂက်ပါသော အချိုရည်များကို ရှောင်ရှားသင့် ပါကြောင်း အကြံပြုလိုက်ရပါတယ်။ ။

ဆောင်းပါးရှင်-ပေါက်ပေါက်
မြ၀တီ
https://www.facebook.com/pg/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ