ဗိုက်ခွဲမွေးဖွားပြီး ၂လကျော်ကြာအောင် နို့ တိုက်ခြင်းဖြင့် နာတာရှည်ဝေဒနာကို လျှော့ချနိုင်မည်


ကမ္ဘာတစ်ဝန်းတွင် သဘာဝအတိုင်းမမွေးဘဲ ဗိုက်ခွဲမွေးခြင်းခေတ်စားလျက်ရှိရာဝယ် အမျိုးသမိး ၅ ဦးလျင် ၁ ဦးနှုန်းသည် ဗိုက်ခွဲမွေးဖွားရာမှ နာတာရှည်နာကျင်သည့်ဝေဒနာကို ခံစားရလေ့ရှိရာ ၀ယ် ခွဲမွေးပြီး ၂လကျော်သည်အထိ ကလေးကို နို့ တိုက်ခြင်းဖြင့် ၄င်းနာတာရှည်နာကျင်မှုကို များစွာလျှော့ချ သက်သာစေ နိုင်မည် ဖြစ်ကြောင်း စပိန်နိုင်ငံသုတေသီများက ပြောသည်။

၎င်းနာတာရှည်နာကျင်မှုသည် အနည်းဆုံး ၃ လအထိ ဖြစ်ကြောင်း၊ ၄င်းဝေဒနာကို သက်သာ စေရန် မွေးပြီးပြီးခြင်းအချိန်မှစ၍ နောက်ထပ် ၂လ ကျော်သည်အထိ ကလေးကို မိခင်နို့ ရည် တိုက်ကျွေးရန် လိုအပ်ကြောင်း၊ ထိုအခါ နာတာရှည် နာကျင်မှုဝေဒနာခံစားရနိုင်ခြေ ၃ဆ လျော့ နည်းသွားမည်ဖြစ်ကြောင်း တက္ကသိုလ်ဆေးရုံ Hospital Universitario Nuestra Senora de Valme မှ သုတေသီ Carmen Alicia Vargas Berenjeno က ဆိုသည်။ မွေးကင်းစအချိန်မှာ မိခင်နို့ ရည်ဟာ ကလေးအတွက် အရေးကြီးဆုံးနဲ့ အသင့်တော်ဆုံးအဟာရ ဖြစ်ပါတယ်။ ဒါပေမယ့် ကလေးကို နို့ တိုက်ခြင်းအားဖြင့် ကလေးအတွက်ပဲ အကျိုးရှိတာမဟုတ် ဘဲ မိခင်အတွက်လည်း အကျိုးရှိပြီး အထူးသဖြင့် ခွဲမွေးထားသူတွေက အဲဒီ ခွဲမွေးထားတဲ့ ဒဏ်ရာ နာကျင်မှုကို ၃လထက်မနည်း ဆိုးဆိုးရွားရွားခံစားရနိုင်ခြေ ၃ ဆ မက ကျသွားလေ့ရှိပါတယ်ဟု ၄င်းက ဆက်လက်ပြောပြသည်။

ခွဲမွေးပြီး ၂လပဲနို့ တိုက်မယ်၊ ဒါမှမဟုတ် နို့ တိုက်တာ ၂ လတောင် မပြည့်ဘူးဆိုရင် ခွဲဒဏ်ရာရဲ့  နာကျင်မှုကို ခံစားရနိုင်ခြေ ၂၃ ရာခိုင်နှုန်းရှိပြီး ကလေးကို ၂ လ ကျော်တဲ့အထိ နို့ ကောင်းကောင်း တိုက်တဲ့ မိခင်တွေမှာတော့ နာကျင်မှုကိုခံစားရနိုင်ခြေ ၈ ရာခိုင်နှုန်းပဲ ရှိပါတယ် ဟု ၄င်းက ဆက်လက် ရှင်းပြသည်။ ထို့ ကြောင့် ဗိုက်ခွဲမွေးထားသောမိခင်များအနေဖြင့် ရင်သွေးကို ၂လကျော်အောင် နို့ မဖြစ်မနေတိုက် သင့်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ