သဘာဝကပေးသော နနွင်းနှင့်အသားအရေ လှပခြင်း


သဘာဝကပေးသော နနွင်းကို အီရန်၊ အီတလီ၊ ဆွဇ်ဇာလန်၊ ဂရိ၊ တာကီ၊ အိန္ဒိယတွင် စိုက်ပျိုးထွက် ရှိသည်။ နနွင်းကို မောပန်းခြင်း၊ ကိုယ်စိတ်ပင်ပန်းခြင်း၊ နာကျင်ကိုက် ခဲမှုစသည်ဝေဒနာများ လျော့နည်းစေ ရန် အသုံးပြုသည်။ နနွင်းတွင် အင်တီ အောက်ဆီးဒင့် ဗီတာမင် ဘီ (၂)တို့ပါဝင်သည်။ ယင်းတို့ကို ဆေးဝါး အဖြစ်လည်းကောင်း၊ဆိုးဆေး အဖြစ် လည်းကောင်းအသုံးပြုကြသည်။

နနွင်းကို ရှေးလွန်လေပြီးသော ခေတ် ကတည်းက အစာမကြေဖြစ်လျှင် လက်ဖက်ရည် အဖြစ်လည်းကောင်း၊ ခန္ဓာကိုယ်ရှိ ဆဲလ်များ ပြန်လည်သန် စွမ်းပြီး အသားအရေလှပစေရန်
အတွက် လည်းကောင်း အသုံးပြုကြ သည်။

နနွင်းက အသားအရေကို တင်း ရင်းစိုပြည်စေပြီး ချောမွတ်ခြင်း အစက် အပြောက်များထွက်ခြင်းအတွက် အထောက်အကူဖြစ်စေသည်။    သို့ဖြစ်၍
(၁) နနွင်းကို သံပရာရည်နှင့်ရောပြီး မျက်နှာနှင့်ခန္ဓာကိုယ် အသားအရေ ဆေးကြောရာတွင် ထိထိမိမိအကျိုး ဖြစ်စေသည်။
(၂) နောက်တစ်နည်းမှာ နနွင်းနှင့် နို့ကိုရော၍ အရေပြားတွင် လိမ်းပေး ပြီး ဝင်းလဲ့သောအသားအရေကို ရရှိ နိုင်သည်။

ပြုလုပ်ပုံမှာ
နနွင်းမှုန့် ဇွန်းကြီးနှင့် (၁)ဇွန်းကို နို့ဇွန်း(၃)ဇွန်းရောပြီး ပြစ် အောင်လုပ်၍ လိမ်းပေးပါ။ အသား ပေါ်တွင် မိနစ်(၂၀)ခန့် ထားပြီးနောက် ရေဆေးပါ။ အနောက်နိုင်ငံ Spa အတော်များများတွင် နနွင်းကို နှိပ် နယ်ရာ၌အသုံးပြုသည်ဟု သိရသည်။

Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ