သွားကိုက်လို့ စိတ်ညစ်နေကြသူများအတွက်


dental pulp(ခေါ်) သွားအတွင်းပိုင်းဆုံးနေရာ ရှိ ပျော့ပျောင်းတဲ့ တစ်ရှုးလေးနာကျင်ကိုက်ခဲခြင်းကို "သွားကိုက်တယ်" လို့ ခေါ်ပါ တယ်။ ထိုတစ်ရှုးလေးက သွေးကြောများသာမက၊ အခြားအာရုံခံအင်္ဂါအဖွဲ့ အစည်းများနဲ့ ဆက်စပ်နေတာကြောင့် သွားကိုက်တဲ့ အခါ မခံမရပ်နိုင်အောင်နာကျင်လို့  အရည်/အဖတ်/အပူ/အအေး ဘာမျှ စားမ၀င်နိုင်တော့ဘဲ၊ အချို့ သူများတွင် မျက်နှာတခြမ်း လုံးရောင်ကိုင်းရုံသာမက၊ အအိပ်ပျက်၊ အစားပျက်၊ အလုပ်ပျက် ကြရပါတယ်။

သွားဘာကြောင့်ကိုက်ရတယ်….

(၁) သွားပိုးစားခြင်း (၂) ပိုးစား၍ သွားအပေါက်ဖြစ်ခြင်း (၃) ယခင်သွားအပေါက်ဖာစဉ်က မသေသပ်၍ အစာဟောင်းများကျန်ခဲ့ ခြင်း (၄) မတော်တဆထိခိုက်ရိုက်မိခြင်း (၅) သွားယိုင်နဲ့ ခြင်း(သို့ )သွားကျိုးခြင်း (၆) သွားဖုံးနာခြင်း (၇) ပြည်တည်နာဖြစ်ခြင်း (၈) နှာခေါင်းပေါက်နဲ့ ဆက်သွယ်ထားသော ဦးခေါင်းခွံအတွင်း လေလမ်းကြောင်းမှာ ပိုးဝင်၍ရောင်ကိုင်းခြင်း (၉) သွားဖုံးမှာအနာ ဖြစ်ခြင်း(သို့ )သွားဖုံးပြည်တည်ခြင်း(သို့ )သွားဖုံးမှာ ပိုးဝင်ခြင်း (၁၀) ဦးခေါင်းခွံနဲ့ မေးရိုးကြားရှိအရိုးအဆက်မှာ ထိခိုက်ဒဏ်ရာ ရခြင်းတို့ ကြောင့် သွားကိုက်လေ့ ရှိပါတယ်။ ဒါ့ပြင် ကလေးငယ်များတွင် သွားစပေါက်ခြင်း နှင့် လူကြီးများအံဆုံး ပေါက်ခြင်း… စသည်တို့ ကြောင့်လည်း သွားနာ သွားကိုက်လာရပါတယ်။

သွာဆရာဝန်နဲ့ ကုသမှုခံယူသင့်သောအချိန်…

(၁) အပေါ့စားနာကျင်ကိုက်ခဲမှုအတွက် အကိုက်ခဲပျောက်ဆေးများဖြစ်သော paracetamol, ibuprofen တို့ သောက်ခြင်းဖြင့် သက်သာစေပါတယ်။ aspirin ဆေးဝါးများကတော့ ဘေးထွက်ဆိုးကျိုးတွေဖြစ်စေလို့  ရှောင်ရှားရပါမယ်။ (၂) တစ်ရက်(သို့ ) နှစ်ရက်ထက်ပို၍ ကိုက်ခဲပါလျှင်၊ သွားဆရာဝန်နဲ့ ကုသမှုခံယူသင့်ပါပြီ။ (၃) အထက်ဖော်ပြပါ ရောဂါအခြေအနေ အမျိုးအစားပေါ် မူတည်ပြီး၊ သွားကို ဓာတ်မှန်ရိုက်ခြင်း၊ သွားအပေါက် ဖာထေးခြင်း၊ သွားအကြော သတ်ပေးခြင်း၊ အမြစ်ဂလိုက်ပေါက် ပိုးဝင်ခြင်း အတွက် ပိုးသတ်ပေးခြင်း တို့ ပြုလုပ်ပေးပါလိမ့်မယ်။ (၄) အကယ်၍ မည်သို့ မျှ ဆေးဖြင့်ထိန်းမထားနိုင်တဲ့အခါမှသာ ဆရာဝန် က သွားနှုတ်ပေးပါလိမ့်မယ်။

ကြိုတင်ကာကွယ်သင့်…..

ရောဂါဖြစ်လာမှကုသခြင်းဟာ၊ မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ထားခြင်းထက် ပိုမိုကောင်းမွန်ပါတယ်။ (၁) fluoride ပါ သော သွားတိုက်ဆေးသုံး၍ တစ် နေ့ နှစ်ကြိမ် သွားတိုက်ပါ။ သွားတိုက်ရင်း၊ လျှာကို ခပ်ဖွဖွတိုက်ပေးဖို့ မမေ့ပါနဲ့ ။ (၂) သွားတိုက် တံသုံးတိုင်း သွားကြားထဲရှိအစာဟောင်းများကို ကုန်စင်သွားပြီ် လို့ မယူဆသင့်ပါဘူး။ သွားတိုက်ပြီးနောက် dental floss(ခေါ်) သွားပွတ်ကြိုးကိုသုံးပါ။ လိုအပ်ပါက mouthwash(ခေါ်)ခံတွင်းသန့် စင်ရည် သုံးပါ။ (၃) အချိုဓာတ်ကဲသော အစားအစာများ၊ အချိုရည်များလျော့သောက်ပါ။ (၄) ဆေးလိပ် မသောက်ပါနဲ့ ။ (၅) ကလေးများကို သွားဆရာဝန်ဖြင့် ၆-လမှာတစ်ကြိမ် သွားစစ် ဆေးမှုခံယူသင့်ပြီး၊ လူကြီးများက တစ်နှစ်မှာတစ်ကြိမ် စစ်ဆေးမှုခံယူပါ။

အိမ်တွင်းကုထုံးလေးများ…..

သွားကိုက်တဲ့ ဝေဒနာက တော်တော်ခံရခက်တာကို ကြုံဖူးသူတိုင်းသိကြပါတယ်။ အစာစားလို့ မရတဲ့အပြင် ခေါင်းတွေပါ ကိုက် လာတဲ့အထိ ခံစားရတာပါ။ ဒါကြောင့် သွားကိုက်တတ်သူတွေအတွက် အိမ်မှာတင်ပဲသက်သာအောင် လုပ်လို့ ရမယ့် နည်းလေး တွေကို ဖော်ပြလိုက်ပါတယ်။
(၁) သွားကိုက်တဲ့နေရာကို ဘာမျှမ၀ါးမိပါစေနဲ့ ၊ သွားက အထိခိုက်မခံနိုင်အောင်ဖြစ်နေတာကြောင့် တအားပူ(သို့ )တအားအေး တဲ့ အစားအသောက်တွေကို ရှောင်ပေးရမှာပါ။ (၂) လက်ညှိုး နဲ့ လက်မကြားက လက်ဖ၀ါးကို ရေခဲတုံးဖြင့် ကပ်ပေးပါ၊ သွား ကိုက်တဲ့ ခန္ဓာကိုယ်ဖက်ကအခြမ်းကို ကပ်ပေးရမှာပါ။ (၃) ရေနွေးဖြူ တဖန်ခွက်ထဲမှာ၊ ဆား စားပွဲတင်ဇွန်း ၁-ဇွန်း မောက် မောက်ရောကာ၊ ငုံနိုင်သမျှကြာကြာငုံထားပြီး အာလုပ် (ပလုပ်)ကျင်းပါ၊ နှစ်ခွက် သုံးခွက်လောက် ဆက်တိုက်ပလုပ်ကျင်းပေးပါ။ (၄) ရေခဲအိတ်ဖြင့် ကိုက်နေတဲ့ သွားရဲ့  ပါးပြင်ပေါ်ကိုကပ်ပေးပါ (သို့ ) ကိုက်နေတဲ့သွားရဲ့ မေးရိုးပေါ်ကို ရေခဲတုံးကပ်ပေးခြင်း ကလည်း နာကျင်မှုကို သက်သာစေပါတယ်။ (၅) ကြက်သွန်နီထဲရှိ သဘာဝ antimicrobial အစွမ်းက သွားနာကျင်ကိုက်ခဲမှုကို သက်သာစေလို့  ကြက်သွန်နီ လတ်လတ်ဆတ်ဆတ်ကို အကွင်းလိုက်ခပ်ထူထူလှီးပြီး၊ ကိုက် နေတဲ့သွားပေါ်ဖိ၍ငုံထားပါ။ (၆) အရက်ထဲမှာပါတဲ့ အယ်လ်ကိုဟောလ်က သွားကိုက်ခြင်းကိုသက်သာစေ၍ အရက်ငုံပေးပါ (သို့ ) အယ်လ်ကိုဟောလ်များများ ပါသော ခံတွင်းသန့် စင်အရည် ငုံပေးပါ။ (၇) ဂျင်းကို အခွံနွှာ ခပ်ပါးပါးလှီးပြီး ၀ါးစားပေးပါ။ (၈) ကြက်သွန်ဖြူထဲမှာပါရှိတဲ့ allicin ဓာတ်က ပိုးသတ်ဆေးသဖွယ်အစွမ်းထက်တာကြောင့် ကြက်သွန်ဖြူကိုကြိတ်ထောင်း၍ ကိုက်နေတဲ့ သွား၏ ပါးဆောင်မှာငုံထား ပါ။ (၉) အာလူးလတ်လတ်ဆတ်ဆတ်ကို အခွံနွှာခပ်ပါးပါးလှီးပြီး ငုံထားပါ(သို့ )အာလူးကို ကြိတ်ချေ၍ ကိုက်နေတဲ့သွားနဲ့  သွားဖုံးတို့ ကို အုပ်လိမ်းပေးပါ။ (၁၀) သံပုရာသီးကို အစိပ်ကလေးစိပ်ပြီး ကိုက်နေသောသွားမှာ ပွတ်ပေးပါ(သို့ )သွားတစ်ချောင်း လုံးကို သံပုရာရည် လူးပေးပါ။ (၁၁) သွားကိုက်ခြင်း၊ သွားဖုံးယောင်ခြင်းအတွက် သခွားသီးကို ခပ်ပါးပါးလှီး၍ကိုက်ထားပါ။ သွား ကိုက်၍ ပါးရောင်ကိုင်းခြင်းအတွက်ကိုလည်း သခွားသီးပါးပါးလှီး၍ ပါးပေါ်တင်ပြီး ကပ်ပေးနိုင်ပါတယ်(ရေခဲသေတ္တာထဲ့ထားတဲ့ သခွားသီးအေးအေးက ရောင်ကိုင်းနာကျင်မှုအတွက် ပိုမိုထိရောက်စေပါတယ်) (၁၂) သွားအခေါင်းပေါက်ထဲကို အမည်းရောင် ငရုပ်ကောင်းမှုန့် သိပ်ထဲ့ပါ။ ဆားရောထဲ့၍ သုံးနိုင်ပါတယ်။ (၁၃) ရေနွေး တစ်ဖန်ခွက်ထဲမှာ မုန့် ဖုတ် ဆော်ဒါ စားပွဲတင်ဇွန်း တစ်ဇွန်းမောက်မောက်ရော၍ သမအောင်မွှေပြီးနောက်၊ ခပ်ကြာကြာငုံ အာလုပ်(ပလုပ်ကျင်း)ပါ။ (၁၄) လ္ဘက်ခြောက်ထဲမှာပါရှိတဲ့  tannins ဓာတ်များက ပိုးသေတဲ့အစွမ်းရှိလို့  ရေနွေးကြမ်းလ္ဘက်ရည်ပူပူကို ဖန်ရည်အဖြစ်ငုံပေးပါ။ (၁၅) ပူစီနံရွက်ဝါးစားပါ။ ပူစီ နံရွက်အဆီ(သို့ )ပန်းပေါင်းစုံ ရာပန်းဆီ(သို့ )လိမ္မော်ခွံဆီ(သို့ )ထင်းရူးဆီ(သို့ )လေးညှင်းဆီ တို့ ကို ၀ါဂွမ်းမှာစိမ်ပြီးနောက် ကိုက် ခဲနေသော သွားကြားနဲ့ သွားဖုံးများပေါ်ကို လိမ်းပေးပါ (နောက်တစ်နည်း) ရေနွေးပူပူထဲမှာ ထိုနှစ်သက်ရာ အဆီတစ်မျိုးမျိုးကို အစက်ချထဲ့၍ ငုံပေးပါ။ (၁၆) ငရုပ်သီးမှုန့် ကိုရေဖြင့် ပျစ်ပျစ်ဖျော်၍ သွားပေါ်အုံထားပေးနိုင်ပါတယ်။ (၁၇) လေးညှင်းပွင့်ထဲမှာ anti-oxidant, anti-inflammatory, anti-bacteria အစွမ်းများ ပါရှိလို့  ရှေးနှစ်ပေါက်းများစွာကတည်းက လေးညှင်းပွင့်ကို သွား နှင့် ခံတွင်းရောဂါ အမျိုးမျိုးတို့ အတွက် အိမ်တွင်းသမားတော် အဖြစ်သုံးစွဲလာခဲ့ကြပါတယ်။ လေးညှင်းပွင့်ကို ကိုက်ဝါးခြင်း၊ ငုံခြင်း၊ လေးညှင်းပွင့်ဆီကို ရေနွေးဖြင့်ရော၍ အာလုပ်(ပလုပ်) ကျင်းပေးပါ။ (၁၈) ဌက်ပျောရွက် ၀ါး၍ ခံတွင်းထဲမှာငုံထားပါ။
မှတ်ချက်။
အထက်ပါ လွယ်ကူမြန်ဆန်သဘာဝကုထုံးလေးများဖြင့် အိမ်မှာတင် မိမိကိုယ်တိုင်ကုသလို့  လေး၊ ငါးရက်ကြာတဲ့အထိ မပျောက် သေးဘူးဆိုရင်တော့ ဆရာဝန်ဆီသွားဖို့ လိုပါပြီ။ သွားကိုက်ခြင်း၏ နောက်ဆက်တွဲဝေဒနာများအဖြစ် ဖျားနာခြင်း၊ မေးရိုး ရောင်ခြင်း၊ သွားဖုံးမှသွေးယိုစီးခြင်း စတဲ့ ဝေဒနာတွေကို ခံစားရနိုင်လို့  သတိပြုပါ။


Health Guide
https://www.facebook.com/mmhealthguide/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ