သင်္ဘောသီးနဲ့ ကိုယ်ဝန် မေးခွန်း



ဆရာ မင်္ဂလာပါရှင့် ကျွန်မနာမည့့် ရှင့်။ အသက် ၃၁ နှစ်ပါ။ ယခု ကိုယ်ဝန်က ၃ လ ထဲမှာပါဆရာ။ မေးချင်တဲ့အကြောင်းအရာကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ သဘောင်္သီးစိမ်းစားရင် ကလေးပျက်တတ်တယ်။ မပျက်ကျရင်တောင် ကလေးမှာ ချို့ယွင်းချက် ၁ ခုခု ဖြစ်တတ်တယ် လို့ ပြောကြပါတယ်ဆရာ။ အမှန်ပါလားရှင့်။ ဖြေကြားပေးပါအုံးဆရာရှင့်။
ဘယ်နှစ်ယောက်မေးသလဲ မသိ။ ကိုယ်ဝန်နဲ့ သဘောင်္သီး မေးနေကြတယ်။ မနေ့တမြန်နေ့လောက်ကလည်း နာနတ်သီးစားရင် ကိုယ်ဝန်ပျက်တာ မေးသေးတယ်။ ကိုယ်ဝန်ဖျက်ချင်သူတွေက မေးနေကြတယ်။ အဲဒီနည်းတွေ ပေးလိုက်ကြပါလား။
အဲလိုရေးတာ ပညာပေးတာ မဟုတ်ပါ။ ခြောက်လှန့်တဲစာ။ Health ဆိုပြီးရေးထားတယ်။ အဲလို မဟုတ်တမ်း မတရားတွေမေးကြတာ နေ့တိုင်း။ အိုဂျီကပြောရင် လိုက်နာပါလို့သာဖြေတယ်။
အင်တာနက်မှာ လိုက်ရှာရင် ကိုယ်ဝန်မှာ သင်္ဘောသီးမစားပါနဲ့လို့ အင်္ဂလိပ်လိုရေးတာတွေရှိတယ်။ စားလို့ရတယ်လို့ ရေးတာလည်းရှိတယ်။ အဲတာတွေက ဆေးသုတေသနခိုင်မှု မရှိတာတွေချည်းသာဖြစ်တယ်။ ဂရုတွေမှာရေးတာတွေ။
ခိုင်မာတာကိုသာ ရေးပါမယ်။ ကိုယ်ဝန်ပျက်တယ်ဆိုတာ အကြောင်းအမျိုးမျိုးကနေဖြစ်စေနိုင်တယ်။
၁။ အင်ဖက်ရှင်ခေါ် ရောဂါပိုးဝင်ခြင်း၊
၂။ မိခင်ကျန်းမာရေးအကြောင်းခံ ဥပမာ လည်ပင်းကြီးရောဂါနဲ့ ဆီးချိုရောဂါ၊
၃။ ဟော်မုန်းမူမမှန်ခြင်း၊
၎။ ရောဂါပြီးစနစ်ကမောက်ကမဖြစ်ခြင်း၊
၅။ သားအိမ်မူမမှန်ခြင်းတွေဖြစ်တယ်။
၆။ အသက် ၃၅ နှစ်ကျော်သူ၊
၇။ အရင်ကလည်းကိုယ်ဝန်ပျက်ဖူးသူနဲ့
၈။ သားအိမ်ဝမလုံခြင်းတွေလည်းပါတယ်။
နောက်လေ့လာမှုတခုအရ
၁။ ခရိုမိုဇုန်းမူမမှန်ခြင်း၊
၂။ သားအိမ်ဝမလုံခြင်း၊
၃။ သားအိမ်မူမမှန်ခြင်း
၎။ ရောဂါပြီးစနစ်၊
၅။ PCOS မျိုးဥိမ်အိတ်ကလေးများရှိခြင်း၊
၆။ ဗက်တီးရီးယားပိုးဝင်ခြင်း၊
၇။ လူနေမှုပုံစံအရ ဥပမာ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေး၊ ပတ်ဝန်းကျင်အဆိပ်။
ကိုယ်ဝန် အလိုလိုပျက်ခြင်းဟာ သန္ဓေသားအားနည်းချက်က များတယ်။ မိခင်အားနည်းချက်ထက်များတယ်။ ရှိရှိသမျှ ဆေးသုတေသနတွေမှာ ကိုယ်ဝန်ပျက်ခြင်းအကြောင်းရင်းတွေထဲမှာ နာနတ်သီးမပါ။ သင်္ဘောသီးမပါ။ ကျွန်တော် နာနတ်သီး မစိုက်ပါ။ သင်္ဘောသီး မရောင်းပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ