အုန်းဆီသည် ကျန်းမာရေးနှင့်ညီညွှတ်ခြင်းမရှိဟုဆို


အုန်းဆီသည် သွေးတွင်း LDL ကိုလက်စထရောပမာဏကို မြှင့်တက်စေသောကြောင့် ကျန်းမာရေးနှင့် ညီညွှတ်ခြင်းမရှိသည့်အတွက် အုန်းဆီကို တစ်နည်းနည်းဖြင့်ထည့်သွင်းပြုလုပ်ထားသည့် အစားအစာ များကို ရှောင်ကြဉ်ရန် အမေရိကန်နှလုံးအသင်း က သတိပေးချက်ထုတ်ပြန်ထားသည်။ သုတေသီိများက အုန်းဆီပါဝင်သည့်အစားအစာများစားသုံးခြင်းနှင့် နှလုံးအပေါ်အကျိုးသက်ရောက်မှု ကို စမ်းသပ်မှု ၇-မျိုး ပြုလုပ်ခဲ့ရာ ၇-မျိုးလုံးတွင် LDL ကိုလက်စထရောကို မြှင့်တက်စေခဲ့ခြင်း ဖြစ်ကြောင်း၊ အုန်းဆီသည် ထောပတ်၊အမဲဆီ၊စားအုန်းဆီများအားလုံးကဲ့သို့ ပင် ကျန်းမာရေးကို ထိခိုက် စေနိုင်ကြောင်း၊ အုန်းဆီတွင်ပါရှိသည့်အဆီ ၈၂ ရာခိုင်နှုန်းသည် ပြည့်ဝအဆီများဖြစ်သည့်အတွက် သွေးတွင်ပျော်ဝင်နိုင်ခြင်းမရှိဘဲ နှလုံးသွေးကြောနံရံများတွင် အခဲများအဖြစ် ဖြစ်တည်နိုင်သည့်အတွက် နှလုံးသွေးကြောကျဉ်းရောဂါကို ဖြစ်စေနိုင်ကြောင်း၊ ထောပတ်တွင်ပင် ပြည့်ဝအဆီ ၆၃ ရာခိုင်နှုန်းသာ ပါဝင်ပြီး အမဲဆီတွင် ၅၀ ရာခိုင်နှုန်း၊ ၀က်ဆီတွင် ၃၉ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ထို့ ကြောင့် ပြည့်ဝအဆီ ပါဝင်သည့်နှုန်းကို နှိုင်းယှဉ်ရလျင် အုန်းဆီတွင် အမြင့်ဆုံးဖြစ်နေသည်ကို တွေ့ ရကြောင်း သုတေသီ တစ်ဦးဖြစ်သူ Frank Sacks က ပြောသည်။

အုန်းဆီက နှလုံးသွေကြောကျဉ်းရောဂါကိုဖြစ်စေတဲ့ LDL ကိုလက်စထရောပမာဏကို မြင့်စေပါတယ်။ ဒါကြောင့် အုန်းဆီကိုအသုံးမပြုဖို့  သတိပေးရခြင်းဖြစ်ပါတယ်။ လူတွေ အုန်းဆီကို ကျန်းမာရေးနဲ့  ညီညွှတ်တယ်လို့  ဘာကြောင့်ပြောမှန်း နားကိုမလည်နိုင်ပါဘူး။ တကယ်တော့ အုန်းဆီမှာ အဆီပါဝင် မှုနှုန်းက ၁၀၀ ရာခိုင်နှုန်းဖြစ်ပြီး ၈၂ ရာခိုင်နှုန်းက ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ ပြည့်ဝအဆီဖြစ်နေ ပါတယ် ဟု ၄င်းက ဆက်လက်ပြောပြသည်။

ကမ္ဘာတစ်ဝန်းတွင် အုန်းဆီသည် ကိုယ်အလေးချိန်ကျဆင်းစေရန် အထောက်အကူပြုသည်ဟု ယုံကြည် ကာ စွဲမက်စွာစားသုံးနေသူများရှိကြောင်း၊ အမှန်စဉ်စစ်တွင် အုန်းဆီတွင် အခြားအဆီများအားလုံးထက် triglyceride ပါဝင်မှုနှုန်း အများဆုံးဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စုတွင် အုန်းဆီကို ဟင်းချက် ရာတွင် အသင့်အသုံးပြုနိုင်ရန် အထုပ်အပိုးလှလှလေးများဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။ နှလုံးကျန်းမာရေးအတွက် အုန်းဆီစားသုံးခြင်းကို အမြန်ဆုံးစွန့် လွှတ်ရမည်ဖြစ်သည့်အပြင် သကြား စားသုံးမှုကိုလည်း အနည်းဆုံးအဆင့်အထိ လျှော့ချပေးရန်လိုအပ်ကြောင်းနှင့် ကိုယ်လက်လှုပ်ရှားမှု ကိုလည်း မှန်မှန်ပြုလုပ်ရန်လိုအပ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ