ကြက်သွန်နီအခွံ


သွေးတိုးခြင်းကိုလျော့ကျစေနိုင်ပြီး သွေးကြောများအတွင်း သွေးခဲမှုကို ကာကွယ်နိုင်သည့် ဆေးဖက်ဝင်ဒြပ်ပေါင်းတစ်မျိုး ကြက်သွန်နီ အခွံများတွင် ပါဝင်သည်။
ယင်းဆေးဖက်ဝင်ဒြပ်ပေါင်းမှာ ဓာတ်မတည့်သောအစားအသောက်နှင့်တွေ့ ပါက ဒုက္ခပေးတတ်သည့် ခန္ဓာကိုယ်ထဲရှိ ဒြပ်ပေါင်းတစ်မျိုးထုတ်လုပ်မှုနှင့် ထုတ်လွှတ်မှုနှစ်မျိုးစလုံးကို ထိန်းချုပ်တားဆီးပေးသည်။ ယင်းဆေးဖက်ဝင်ဒြပ်ပေါင်းမှာ အခြားသော ဓာတ်မတည့်မှုများနှင့် ရောင်ရမ်းမှုကို ကာကွယ်နိုင်သဖြင့် ပန်းဝတ်မှုန်ကြောင့် အဖျားရောဂါခံစားနေရသူများအတွက် အသုံးဝင်သည်။
အသားကင်များကဲ့သို့ အသားများကို အပူရှိန်ပြင်းပြင်းသုံး၍ ချက်ပြုတ်စဉ် ဖြစ်ပေါ်သည့် ကင်ဆာဖြစ်စေနိုင်သောအရာများ (carcinogen) ပမာဏကို အသားချက်ရာတွင် ကြက်သွန်နီထည့်ချက်ခြင်းဖြင့် လျော့ကျနိုင်ကြောင်း အထောက်အထားအချို့တွေ့ရှိထားသည်။
ကြက်သွန်နီ အခွံထည့်ချက်ထားသောအစားအသောက်ကိုမစားမီ ကြမ်းတမ်းသော ကြက်သွန်နီခွံများကို ဖယ်ပစ်ပါ။
ကြက်သွန်နီအခွံကို ငါး၊ အသားအရိုးပြုတ်၊ စွပ်ပြုတ်၊ ပြုတ်ချက်ချက်ရာတွင် ထည့်ချက်နိုင်ပြီး မစားမီအခွံကို ဖယ်ရှားပစ်ပါ။

Credit: ကျန်းမာရေးအတွက်ဆေးတစ်ခွက်
Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ