မိနစ် ၃၀ ခန့်လမ်းလျှောက်ရုံဖြင့်ကျန်းမာရေးကောင်းကျိုးများစွာရရှိနိုင်


သုတေသနသစ်တစ်ခုအရမိနစ် (၃၀) ခန့်မျှ လမ်းလျှောက်ပေးရုံဖြင့် နှလုံး၊ အဆုတ်၊ အရေပြား၊ အရိုး၊ စိတ်ပိုင်းဆိုင်ရာနှင့် ခန္ဓာကိုယ်တွင်းဆဲလ်များနှင့် ဇီဝဖြစ်စဉ်ဆိုင်ရာ ကျန်းမာရေး စသည်တို့အပါအ၀င် ကင်ဆာရောဂါဖြစ်ပွားခြင်းကိုကာကွယ်ပေးကာကျန်းမာရေးဆိုင်ရာကောင်းကျိုးများစွာကိုရရှိစေနိုင်ကြောင်းသိရသည်။ ကျန်းမာရေးကောင်းမွန်ရန်အတွက် ကိုယ်ကာလေ့ကျင့်ခန်းများမပြုလုပ်နိုင်ပါက လမ်းလျှောက်ခြင်းကို သာရွေးချယ်ရန် သုတေသနအသစ်တွင် အကြံပြုထားသည်ကိုတွေ့ရသည်။

 ၂၀၁၂ ခုနှစ်တွင်ဆေးပညာဂျာနယ် The Lancet ၏ဖော်ပြချက်အရက္မဘာ့လူဦးရေသုံးပုံတစ်ပုံသည် ထိရောက်သည့်ကာယလှုပ်ရှားမှုမျိုးမရှိကြကြောင်းသိရသည်။ ယင်းသို့လှုပ်ရှားမှုနည်းပါးသူများအနေဖြင့်တစ်ပတ်လျှင် မိနစ် ၃၀ ကြာလမ်းလျှောက်ပေးမည်ဆိုပါက နှလုံးရောဂါဖြစ်နိုင်ခြေ ၁၁ ရာခိုင်နှုန်းနည်းပါးသွားမည်ဖြစ်ကြောင်းသိရသည်။

လမ်းလျှောက်နေချိန်တွင်အောက်ဆီဂျင်ကိုများများလိုအပ်ခြင်းကြောင့် အသက်ပိုရှုရသည့်အတွက်အဆုတ်၏ လုပ်ဆောင်ချက်များပိုကောင်းလာသည်ဟုသိရသည်။ လမ်းလျှောက်ခြင်းကြောင့် ခန္ဓာကိုယ်အလေးချိန် ကျဆင်းစေပြီး၁၀ မိနစ်ခန့် ခပ်သွက်သွက်လမ်လျှောက်ရုံဖြင့် ကယ်လိုရီ ၅၀ လောင်ကျွမ်းနိုင်ကာ ခန္ဓာကိုယ်တွင်းဇီဝဖြစ်စဉ်ကိုလည်းအားကောင်းစေသည်ဟုသိရသည်။

အရေပြားသို့ သွေးစီးဆင်းမှုအားတိုးသွားစေပြီးအရေပြားဆဲလ်များကိုအာဟာရဖြစ်စေကာကျန်းမာနုပျိုသည့် အသွင်ကိုလည်း ဖြစပေါ်လာစေသည်။ လမ်းလျှောက်သည့်အခါ ကြွက်သားများကအရိုးများကို ဆွဲတင်ပြီးရွေ့လျားမှု ဖြစ်ပေါ်စေခြင်းကြောင့် အရိုးများကိုပိုသန်မာစေကြောင်းလည်းသိရသည်။

စိတ်ဖိစီးမှုဖြစ်စေသည့် ကော်တီဇောဟော်မုန်းသည်အရိုးများ၏ သိပ်သည်းဆကိုလျော့ကျစေပြီး အရိုးပွရောဂါဖြစ်စေ တတ်သည့် အတွက်လမ်းများများလျှောက်ပါ ကကော်တီဇောပမာဏလျော့ကျသွား သည်ဖြစ်ရာအရိုးပွခြင်းကိုလည်းသက်သာစေသည်။ ထို့ပြင် ကျန်းမာပျော်ရွှင်မှုကိုဖြစ်စေသည့် အန်ဒေါ်ဖင်ဟော်မုန်းများလည်းပိုမိုထွက်ရှိလာသည်ဟုသိရသည်။ တစ်ပတ်လျှင် နာရီဝက်ခန့် လမ်းလျှောက်ခြင်းသည် ခန္ဓာကိုယ်တွင်းရှိဆဲလ်များကိုအားကောင်းစေပြီးအထူးသဖြင့် ရင်သားကင်ဆာနှင့် အူမကြီးကင်ဆာအပါအ၀င် ကင်ဆာရောဂါများစွာမဖြစ်အောင်လည်းကာကွယ်ပေးနိုငသည်ဟုသိရှိရသည်။

အလင်းသစ်
The Union Daily
https://www.facebook.com/pg/uniondaily.net

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ