နှလုံးရောဂါဖြစ်ပွားစေရာတွင် အဓိကကျသည့် ဗီဇဓါတုပစ္စည်းတစ်မျိုးကို တွေ့ ရှိ


အမေရိကန်ပြည်ထောင်စု၊ University of Maryland School of Medicine (UM SOM) မှ သုတေသီ များက နှလုံးရောဂါကိုဖြစ်ပွားစေရာတွင် အဓိကကျသည့် ဗီဇဓါတုပစ္စည်းတစ်မျိုးကို တွေ့ ရှိထားကြောင်း သိရသည်။ အမေရိကန်နိုင်ငံတွင် နှလုံးရောဂါကြောင့် နှစ်စဉ်လူ ၆၀၀၀၀၀ ဦးထက်မနည်း သေဆုံးလေ့ ရှိကြောင်း၊ ၄င်းကိန်းဂဏန်းသည် အချိုးအစားအားဖြင့် လူ ၄ ဦးလျင် ၁ ဦးနှုန်းဖြစ်ကြောင်း၊ နေထိုင်မှု ပုံစံမှားယွင်းမှု ကြောင့်နှလုံးရောဂါဖြစ်ပွားစေသည့်ရာခိုင်နှုန်းသည် အမြင့်ဆုံးဖြစ်သည် မှန်သော်လည်း ဗီဇဓါတုပစ္စည်း သည်လည်း အဓိကကျကြောင်း၊ သို့ သော် နှလုံးရောဂါကိုဖြစ်စေသည့် ဗီဇဓါတုပစ္စည်းကို ဆေးပညာ တွင် ပထမဆုံးအကြိမ်အဖြစ် ယခုမှ တွေ့ ရှိလာခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် နှလုံးခုန်သည့် စည်းချက် မူမမှန်အောင် ဖောက်ပြန်ပျက်စီးသည့် ဗီဇဓါတုပစ္စည်းကို တွေ့ ရှိထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဗီဇဓါတုပစ္စည်းမှာ OBSCN ဖြစ်ကြောင်း၊ နှလုံးရောဂါ ကိုဖြစ်ပွားစေရာတွင် အလွန်အဓိကကျ သည့် ဓါတုပစ္စည်းဖြစ်သည်ကိုတွေ့ ရကြောင်း၊ ၄င်းဓါတုပစ္စည်းသည် obscurin ပရိုတိန်းများကို ထုတ် လုပ်ကြောင်း ၊ ၄င်းပရိုတိန်းသည် နှလုံးအလုပ်လုပ်ပုံကို မတည်မငြိမ်ဖြစ်စေသည့်ပရိုတိန်းဖြစ် ကြောင်း သိရသည်။ နှလုံးရောဂါဆိုတဲ့ယန္တရားကြီးမှာ obscurin ပရိုတိန်းကလည်း အခန်းကဏ္ဍတစ်ခုအနေနဲ့  ပါဝင်နေပါ တယ်။ အဲဒီပရိုတိန်းကို OBSCN က ထုတ်လုပ်ပါတယ်။ ဒါပေမယ့် ဖောက်ြပန်ပျက်စီးတဲ့ OBSCN က သာ အဲဒီပရိုတိန်းကိုထုတ်တာပါ။

 ဒီတော့ OBSCN ဗီဇဓါတုပစ္စည်း ဖောက်ပြန်ပျက်စီးတဲ့လူတွေမှာ နှလုံးရောဂါဖြစ်ပွားမယ်လို့  ကျွန်တော် တို့  ပြောနိုင်ပါပြီဟု သုတေသီတစ်ဦးဖြစ်သူ Aikaterini က ပြောပြသည်။ သုတေသီများသည် ဖောက်ပြန်ပျက်စီးသည့် OBSCN ဓါတုပစ္စည်းကြောင့် နှလုံးရောဂါဖြစ်ပွားစေသည် ကို သိရှိထားပြီး အရေးကြီးသောကွင်းဆက်များကို ဆက်လက်ဖော်ထုတ် လျက်ရှိကြောင်း၊ အထူးသဖြင့် OBSCN ဓါတုပစ္စည်း အဘယ်ကြောင့် ဖောက်ပြန်ပျက်စီးရသနည်းဟူ သည့်မေးခွန်း၏ အဖြေကို ရှာဖွေ လျက် ရှိကြောင်း၊ နှလုံးကြွက်သားဆဲလ်များအတွင်း ကယ်လ်စီယံ စီးဆင်းမှုကိုထိန်းချုပ်ပေးသည့် phospholamban ပရိုတိန်း အားနည်းခြင်းကြောင့် စလာ သည့်ပြဿနာဖြစ် နိုင်သည်ဟု ယူဆထား ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ