ရင်သားကင်ဆာတစ်မျိုးအတွက် ကုထုံးအသစ်ထွက်ပေါ်ဖွယ်ရှိ


သြစတြေးလျနိုင်ငံ၊ မယ်လ်ဘုန်းမြို့ ရှိ Peter MacCallum ကင်ဆာသုတေသစင်တာမှ သုတေသီများက လူခန္ဓာကိုယ်၏ ရောဂါခုခံမှုစနစ်ကို လိုအပ်သလိုထိန်းချုပ်ကာ ဆိုးရွားပြင်းထန်သည့် BRCA1 အမျိုးအစား ရင်သားကင်ဆာကို ကုသနိုင်မည့်ကုထုံးအသစ်ကို ရရှိရန်နီးစပ်နေပြီဖြစ်ကြောင်း ပြောကြားသည်။


သုတေသီများက immunotherapy drug ဟုခေါ်သည့် ခန္ဓာကိုယ်၏ရောဂါတိုက်ဖျက်ရေးစနစ်ကို အားကောင်းလာစေရန် ပံ့ပိုးပေးသည့် ဆေးနှစ်မျိုးကို ပထမဆုံးအကြိမ် တွဲသုံးကြည့်ရာမှ BRCA1 အမျိုး အစား ရင်သားကင်ဆာဆဲလ်များကို ထကြွသောင်းကျန်းခြင်းမပြုနိုင်အောင် နှိပ်ကွပ်နိုင်မည်ကို စတင်တွေ့  ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ဖော်ပြပါ နှစ်မျိုးတွဲသုံးခန္ဓာကိုယ်ရောဂါတိုက်ဖျက်ရေးကုထုံးသည် BRCA1 ရင်သားကင်ဆာအပြင် အခြား သော ကင်ဆာများကိုလည်း တိုက်ဖျက်နိုင်မည်ဟု မျှော်လင့်ရကြောင်း၊ ၄င်းကုထုံးသည် ခန္ဓာကိုယ်၏ ရောဂါတိုက်ဖျက်ရေးဆဲလ်များကို အားကောင်းအောင် လှုံ့ ဆော်ပေးကာ အကြိတ်များကိုတိုက်ခိုက်စေ ခြင်းဖြစ်ခြင်းကြောင့် ကင်ဆာရောဂါနှင့်ဆေးပညာတို့ ၏ အားစမ်းပွဲတွင် ဆေးပညာက အလေးသာလာ တော့မည်ဖြစ်ကြောင်း၊ ရင်သားကင်ဆာအပြင် အရေပြားကင်ဆာနှင့် အဆုပ်ကင်ဆာများအတွက်လည်း ဤကုထုံးကို အသုံးပြုနိုင်မည်ဟုမျှော်လင့်ရကြောင်း သိရသည်။

သြစတြေးလျမှာ အမျိုးသမီး ၈ ဦးမှာ ၁ ဦးနှုန်းက ရင်သားကင်ဆာဝေဒနာကို ခံစားနေရပါတယ်။ BRCA1 ဆိုတာ triple negative အမျိုးအစား ဖြစ်ပါတယ်။ ကင်ဆာဝေဒနာရှင် ၁၈ ရာခိုင်နှုန်းထက်မနည်းက ဒီ ကင်ဆာအမျိုးအစားကြောင့် သေဆုံးရခြင်းဖြစ်ပါတယ်။ တစ်နှစ်ကို အမျိုးသမီးပေါင်း ၂၄၀၀ ဦးထက် မနည်းဟာ BRCA1 ကင်ဆာဖြစ်ပွားနေပါတယ်ဟု သုတေသီ Eliza Hall က ပြောပြသည်။

Triple negative အမျိုးအစားရင်သားကင်ဆာသည် အခြားသောရင်သားကင်ဆာများထက် ပို၍ပြင်းထန် ဆိုးဝါးကြောင်း၊ ကုသမှုကြောင့် သက်သာသွားလျင်လည်း ပြန်လည်ဖြစ်ပွားရန် ရာနှုန်းမြင့်မားကြောင်း၊ ၄င်း ကင်ဆာဆဲလ်များကို anti-PD1 နှင့် anti-CTLA4 နှစ်မျိုးတွဲသုံးခန္ဓာကိုယ်ရောဂါတိုက်ဖျက်ရေးကုထုံး ကို အသုံးပြုကာ ထိရောက်စွာတိုက်ဖျက်နိုင်မည့် အထောက်အထားများကို တွေ့ ရှိထားခြင်းဖြစ်ကြောင်း၊ စမ်းသပ်မှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး အပြင်းစားရင်သားကင်ဆာကုထုံးအသစ်တစ်ရပ် အမြန်ဆုံးထွက်ပေါ်လာစေရန် သုတေသီများက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ