အသုံးပြုပြီးသား လက်ဖက်ခြောက်အိတ်များ၏ အသုံးဝင်ပုံများ


လက်ဖက်မှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကောင်းကျိုးတွေအများကြီးရနိုင်တာကို အများသိကြပြီး ဖြစ်ပေမဲ့ လက်ဖက်ခြောက်အိတ်တွေက နောက်ထပ် ဘယ်လို အသုံးဝင်မှုမျိုးတွေပေးသလဲဆိုတာကို သိတဲ့သူနည်းပါတယ်။သုံးပြီးသား လက်ဖက်ခြောက်အိတ်တွေက ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့-
သွားဖုံးနာတာကို သက်သာစေပါတယ်။ လက်ဖက်မှာ ပါဝင်တဲ့ သဘာဝဆိုးဆေးက ရောင်ရမ်းတာနဲ့ သွေးယိုတာကို သက်သာစေပါတယ်။
နေလောင်တာအတွက် အသုံးပြုနိုင်ပါတယ်။ အေးမြတဲ့ လက်ဖက်ခြောက်အိတ်နဲ့ နေလောင်တဲ့ နေရာကို ကပ်ပေးခြင်းက နာကျင်မှုကို လျော့နည်းစေပါတယ်။
ပင်ပန်းနွမ်းနယ်နေတဲ့ မျက်လုံးတွေကို အားပြန်ဖြည့်ပေးနိုင်ပါတယ်။ မျက်အိတ်တွေ ယောင်နေတာကို အေးနေတဲ့ လက်ဖက်ခြောက်အိတ်ကို ကပ်ပေးလိုက်ရင် လျော့သွားနိုင်စေပါတယ်။
အပူလောင်တဲ့နေရာကို အေးပြီး စိုစွတ်နေတဲ့ လက်ဖက်ခြောက်အိတ်ကို ဖိပြီး ကပ်ပေးသင့်ပါတယ်။
အဖုအပိန့်တွေ ထနေတဲ့နေရာကို လက်ဖက်ခြောက်အိတ်ကပ်ပေးတဲ့အခါ လက်ဖက်ခြောက်အိတ်ထဲမှာ ပါတဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေက အဖုအပိန့်တွေကို ပိန်သွားစေနိုင်ပါတယ်။ ဒါပေမဲ့ လတ်ဆတ်တဲ့ လက်ဖက်ခြောက်အိတ်တွေကို ၁၅ မိနစ်တစ်ခါ လဲပေးဖို့ လိုအပ်ပါတယ်။
သင့်ရဲ့ရှုးဖိနပ်က အနံ့တွေ ထွက်နေပြီဆိုရင် လက်ဖက်ခြောက်အိတ်ကို ခဏတာ ထည့်ထားပေးခြင်းက အနံ့အသက်တွေကို ပျောက်ကင်းစေနိုင်ပါတယ်။
သင့်ခြံထဲမှာ လက်ဖက်ခြောက်အိတ်အချို့ကို မြှုပ်ထားပေးခြင်းက မြေကြီးရဲ့ pH ပမာဏကို နိမ့်ကျစေဖို့ ကူညီပေးပါတယ်။မြေကြီးထဲမှာ pH ပမာဏ နိမ့်ကျခြင်းက မှိုပေါက်ပွားမှုကို တားဆီးပေးပြီး ကျန်းမာသန်စွမ်းတဲ့ အပင်တွေကို ရရှိစေနိုင်ပါတယ်။
ညစ်ပေနေတဲ့ မှန်တွေကိုလည်း လက်ဖက်ခြောက်အိတ် အသုံးပြုပြီး သန့်ရှင်းပေးပါက ပြောင်လက်သွားစေပါတယ်။
လက်ဖက်ခြောက်အိတ်တွေက ကြက်သွန်နီ ၊ြ ကက်သွန်ဖြူ ဒါမှမဟုတ် တခြား အနံ့ရှိတဲ့ အစားအသောက်တွေကိုကိုင်တွယ်ပြီးလို့ နံနေတဲ့ လက်တွေကိုလည်း အနံ့အသက်တွေ ပျောက်ကင်းစေနိုင်ပါတယ်။

Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ