ရေကစားပြီးကုန်းပေါ်ရောက်လည်း ရေနှစ်ဝေဒနာကြောင့် အသက်ဆုံးရှုံးနိုင်သေး။


ရေကစားပြီးလျင်သော်လည်းကောင်း၊ ရေကစားစဉ် ရေမွန်းခဲ့ခြင်းကြောင့်သော်လည်းကောင်း၊ ရေနှစ်ပြီး နောက်တွင်လည်းကောင်း၊ ကုန်းပေါ်သို့ ရောက်ရှိပြီးလျင်လည်း ရေနှစ်ဝေဒနာ (dry drowning) ကြောင့် အသက်ဆုံးရှုံးနိုင်သေးကြောင်း အမေရိကန်ပြည်ထောင်စု၊ ရောဂါထိန်းချုပ်ရေးနှင့်တားဆီးကာ ကွယ်ရေးဌာန CDC က သတိပေးချက်ထုတ်ပြန်ထားသည်။

ကလေးတွေ၊လူတွေက ရေထဲရှိနေမှ ရေနှစ်နိုင်တာမဟုတ်ပါဘူး။ ကုန်းပေါ်ကိုရောက်လာတဲ့အချိန်မှာ လည်း dry drowning ဒါမှမဟုတ် secondary drowning ဆိုတာ ခံစားရပြီး အသက်သေဆုံးနိုင်ပါ သေးတယ်။ ရေကစားနေစဉ်မှာ ဒါမှမဟုတ် ရေနှစ်ခဲ့စဉ်မှာ အဆုပ်ထဲကို ရေတွေဝင်ခဲ့မယ်၊ အဲဒီလို ရေ၀င်တဲ့ဖြစ်စဉ်ကြောင့် ခန္ဓာကိုယ်အပေါ်ဆိုးကျိုးသက်ရောက်မှုက ချက်ခြင်းပေါ်လွင်ထင်ရှားခြင်းမရှိဘဲ ရှိနေမယ်ဆိုရင် ကုန်းပေါ်ရောက်ပြီးကာမှ အဆုပ်ရေမွန်းပြီး အသက်သေဆုံးနိုင်ပါသေးတယ်ဟု သုတေသီ ဒေါက်တာ Mathieu De Schutter က ပြောပြသည်။

သာဓကအားဖြင့် တက္ကဆပ်ပြည်နယ်မှ အသက် ၄ နှစ်အရွယ် ကလေးငယ်သည် ပင်လယ်ကမ်းခြေရှိ ရေတိမ်ပိုင်း၌ ရေကစားနေစဉ် လှိုင်းတက်သည်နှင့်ကြုံကာ ရေမွန်းသွားခဲ့ကြောင်း၊မိဘများက ချက်ခြင်း ပြန်ထူပေးနိုင်ခဲ့ပြီး ကလေးသည်လည်း ပုံမှန်ဆက်လက်ဆော့ကစားနေခဲ့ကြောင်း၊ သို့ သော် နာရီ ကြာလာသည်နှင့်အမျှ ကလေးမှာ အသက်ရှူရပို၍ခက်ခဲလာပြီး ချောင်းဆိုးခြင်း၊ အရေပြားအရောင် ပြာနှမ်းလာခြင်း တို့ ဖြစ်လာသည့်အတွက် ဆေးရုံသို့ ပို့ ခဲ့သော်လည်း ရေမွန်းပြီး ၆ ရက်အကြာတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ အပြင် ရေမွန်းသွားသည့်အတွက် အသံကြိုးမျှင်များ ဖွာထွက်သွားခြင်း၊ ကပ်သွားခြင်း အစရှိသည် တို့  ဖြစ်နိုင်ကြောင်း၊ အသက်မသေဆုံးသော်လည်း ဆိုးရွားသည့်ဝေဒနာကိုခံစားရစေနိုင်ကြောင်းနှင့် ရေမွန်းသည့်အတိုင်း အသံမထွက်နိုင်ခြင်း၊ စကားမပြောနိုင်ခြင်း၊ အသက်ရှူရခက်ခြင်း အစရှိသည့် ဝေဒနာများကို ခံစားရနိုင်မည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောပြသည်။

အမေရိကန်ပြည်ထောင်စုတွင် နှစ်စဉ်ရေနှစ်သေဆုံးသူ ၃၈၀၀ ဦးထက်မနည်း ရှိရာဝယ် dry drowning ကြောင့်သေဆုံးသူမှာ ၂ ရာခိုင်နှုန်းထက်မနည်းရှိကြောင်း၊ အချို့  dry drowning ဖြစ်စဉ်တွင် ရေမွန်းပြီး ၆ ရက်ကြာမှ သေဆုံးသူများလည်း ရှိကြောင်း၊မျက်စိရှေ့ တွင်ပင် ကလေးငယ်မှာ ဝေဒနာကို မချိမဆန့် ခံစားရပြီး လူကြီးမိဘများမှာ ခြေမကိုင်မိလက်မကိုင်မိဖြစ်ကာ ကြောင်ငေးနေချိန် ကြာလွန် လာသည်နှင့်အမျှ ကုန်းပေါ်တွင်ရေမွန်းသေဆုံးနိုင်ခြေ မြင့်မားသည်ပင်ဖြစ်ကြောင်း၊ လူငယ်၊လူလတ် ဖြစ်လျင်လည်း ၄င်းဝေဒနာခံစားရချိန်တွင် တိတိကျကျရှင်းပြနိုင်ရန် ဖြစ်နိုင်မည်မဟုတ်ကြောင်း၊ ထို့ ကြောင့် ရေနှစ်သေဆုံးမှုဟူသည် ရေထဲတွင်သာဖြစ်နိုင်သည်မဟုတ်ဘဲ ကုန်းပေါ်တွင်လည်း ဖြစ်နိုင် သည့်အတွက် အထူးဂရုပြုရန်လိုအပ်ကြောင်း နားလည်တတ်ကျွမ်းသူများက သတိပေးထားသည်။

Lashio News Diary
https://www.facebook.com/LNDLashio/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ