အိန္ဒိယနိုင်ငံနှင့် နုနယ်သောဦးနှောက်ပြုန်းတီးမှု။


ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာ တက္ကသိုလ်အများဆုံးရှိလဲ။ ကမ္ဘာ့အကြီးဆုံးတက္ကသိုလ်ကော ဘယ်နိုင်ငံမှာရှိလဲ။ ကမ္ဘာ့ကုလသမဂ္ဂရဲ့ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရမယ့် Universal Primary Education ရည်မှန်းချက်ကို စောစောစီးစီးပြည့်မှီခဲ့တဲ့နိုင်ငံက ဘယ်နိုင်ငံလည်း။ မေးခွန်းသုံးခုလုံးအတွက် အဖြေက တစ်ခုထဲ ဖြစ်ပါတယ်။ အဲဒီနိုင်ငံက အိန္ဒိယနိုင်ငံပါ။

၁၉၃၁ တုန်းက မဟတ္တမဂန္ဓီ က အိန္ဒိယမှာ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ဖို့ ဆိုတာ နှစ် ၁၀၀ အတွင်းမှာတော့ ဖြစ်နိုင်ပါလိမ့်မယ်လို့  သရော်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒါ အဆိုးမြင်လွန်းရာ ရောက်ခဲ့ပါတယ်။ ၁၉၈၀ ကတည်းက အိန္ဒိယနိုင်ငံမှာ ကျောင်းနေခွင့်မရတဲ့ကလေးနဲ့ ဆယ်ကျော်သက်အရွယ်ဦးရေက ၁၀ ဦးမှာ ၁ ဦးနှုန်း အထိ ကျဆင်းခဲ့ပါတယ်။ အဲဒါဟာ ကျောင်းနေအရွယ်ကလေးငယ် သန်းပေါင်း ၂၆၀ ရှိတဲ့ အိန္ဒိယလိုနိုင်ငံတစ်နိုင်ငံ အတွက်တော့ နောက်ကျပေမယ့် အချိန်မနှောင်းခဲ့တဲ့ အောင်မြင်မှုတစ်ရပ်ပါပဲ။

ဒါပေမယ့် အိန္ဒိယရဲ့ ပညာရေးစနစ်ဟာ ဒီကလေးတွေရဲ့ ရှေ့ မှာ ကျရှုံးခဲ့ပါတယ်။ အသက် ၉-နှစ်အရွယ် ကျောင်းသားငယ် ထက်ဝက်လောက်က ၈+၉ ဆိုတဲ့ဂဏန်းလောက်ကိုတောင် မှန်အောင်မပေါင်းနိုင်ကြပါဘူး။ ၁၀ နှစ်အရွယ်ကျောင်းသားလေးတွေကလည်း ၇-နှစ်အရွယ်ကျောင်းသားအတွက်ရေးထားတဲ့စာပိုဒ်ကို မှန်အောင် မဖတ်နိုင်ကြပါဘူး။ အိန္ဒိယက တမီးလ်နဒူး နဲ့  ဟီမာချာလ်ပရာဒေ့ရှ် က ကျောင်းသားတွေဟာ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့ ကကျောင်းသားတွေထက် ပညာတတ်မြောက်မှု ၅ နှစ်လောက် နောက်ကျနေပါတယ်။ အိန္ဒိယက ၁၅ နှစ်အရွယ်ကျောင်းသားတေါဟာ အမေရိကန်စာသင်ခန်းတစ်ခုမှာ နောက်ဆုံးကရေတွက်ရင် ဒုတိယနေရာလောက်မှာ ရှိနေပါလိမ့်မယ်။ အိန္ဒိယမှာ သက်ကြီးဦးရေနည်းပါးပြီး ကလေးမွေးဖွားမှုဦးရေကလည်း နည်းတဲ့အတွက် ဆယ်ကျော်သက်အရွယ်လူငယ်အရေအတွက် ဖောင်းပွနေပါတယ်။ အိန္ဒိယမှာ လူငယ်အရေ အတွက် ၁၃ ရာခိုင်နှုန်းရှိပါတယ်။ နှိုင်းယှဉ်ပြရမယ်ဆိုရင် တရုတ်မှာ ၈ ရာခိုင်နှုန်းနဲ့  ဥရောပမှာ ၇ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဒါပေမယ့် အိန္ဒိယကျောင်းပညာရေး ညံ့ဖျင်းနေမယ်ဆိုရင် အဲဒီ ၁၃ ရာခိုင်နှုန်းသော ဆယ်ကျော်သက် တွေရဲ့  ဦးနှောက်ကိုဖြုန်းတီးပစ်ရာရောက်နေမှာပါ။

အိန္ဒိယရဲ့ ပညာရေးစနစ်က ဘက်မမျှပါဘူး။ ကိုလိုနီခေတ်တုန်းက ဗြိတိသျှက အစိုးရ၀န်ထမ်းတွေကိုလေ့ကျင့် ပေးဖို့  တက္ကသိုလ်တွေ ဖော်ဆောင်ခဲ့ပေမယ့် ကျောင်းတွေကို လျစ်လျူရှုခဲ့ပါတယ်။ နောက်ပိုင်း လွတ်လပ်ရေးရ သွားတော့လည်း အိန္ဒိယခေါင်းဆောင်တွေက တက္ကသိုလ်ပညာရေးမှာ ငွေတွေပုံအောသုံးခဲ့ပေမယ့် အခြေခံပညာ ကျောင်းတွေကိုတော့ လျစ်လျူရှုခဲ့ပါတယ်။ အဲဒီအချိန်မှာ အာရှကျားတွေဖြစ်တဲ့ တောင်ကိုရီးယား၊ ထိုင်ဝမ် တို့ က အခြေခံပညာကျောင်းတွေကို အာရုံစိုက်ခဲ့ပါတယ်။ အခုနောက်ပိုင်းမှာကျမှ အိန္ဒိယက နောက်ကျကျန်ခဲ့ သူတွေကို ကူညီဖို့  ပိုပြီးလုပ်ဆောင်လာခဲ့ပါတယ်။ ၂၀၁၁-၁၅ အတွင်း အခြေခံပညာရေးအသုံးစရိတ် ၈၀ ရာခိုင် နှုန်းအထိ တိုးမြှင့်ခဲ့ပါတယ်။ စာတတ်မြောက်မှုနှုန်းကလည်း ၁၉၉၁ မှာ ၅၂ ရာခိုင်နှုန်းကနေ ၂၀၁၁ မှာ ၇၄ ရာခိုင် နှုန်းအထိ တိုးလာခဲ့ပါတယ်။ အိန္ဒိယရဲ့ အအောင်မြင်ဆုံးစီမံကိန်းကတော့ ကျောင်းတွေမှာ နေ့ လည်စာအခမဲ့ ကျွေးခြင်းဖြစ်ပါတယ်။ သန်းပေါင်းများစွာသော အလွန်ဆင်းရဲတဲ့မိသားစုတွေဟာ အဲဒီလိုနေ့ လည်စာအခမဲ့မှ မကျွေးရင် ကျောင်းကိုတက်နိုင်ကြမှာ မဟုတ်ပါဘူး။

သို့ သော် ကျောင်းတွေရဲ့ အရည်အသွေးကတော့ အပုပ်ချပြောစရာ ဖြစ်နေမြဲ ဖြစ်နေခဲ့ပါတယ်။ ဆရာအတော် များများက အလုပ်အတွက်အရည်အချင်းမပြည့်မီပါဘူး။ ၂၀၁၁ ကတည်းက အစိုးရက ဆရာတွေကို စာလုပ်ချင်၊ ဖတ်ချင်လာအောင် အရည်အချင်းစစ်စာမေးပွဲတွေ ထည့်သွင်းခဲ့ပါတယ်။ နှစ်စဉ်နှစ်တိုင်း အလုပ်လျှောက်လာသူ ဆရာ၊ဆရာတွေထဲက ၉၉ ရာခိုင်နှုန်းက စာမေးပွဲကျခဲ့ပါတယ်။ သင်ရိုးတွေကလည်း ရည်မှန်းချက်လွန်ကဲနေပါ တယ်။ တစ်နှစ်တစ်တန်းမှန်မှန်အောင်ရမယ့်စနစ်ဖြစ်တဲ့အတွက် ဆရာ၊ဆရာမတွေကလည်း ကလေးတွေ စာကို နည်းလည်အောင်သင်ဖို့  သိပ်မကြိုးစားပါဘူး။ ဒါပေမယ့် ဆရာတွေရဲ့ လစာကိုတော့ တိုးပေးတာ ၂ကြိမ် ရှိနေ ပါပြီ။ ဒီတော့ စာမေးပွဲမအောင်လည်း အလုပ်ရဖို့ အရေး ဆရာဖြစ်ချင်သူတွေက လာဘ်ပေးကြတော့တာပါပဲ။ အလုပ်ရပြန်တော့လည်း အလုပ်ကိုမလေးစားကြပါဘူး။ အိန္ဒိယမှာ ကျောင်းဆရာ၊ဆရာမ လေးပုံတစ်ပုံ နေ့ စဉ် ကျောင်းပျက်ကြပါတယ်။

အစိုးရစနစ်ကိုလည်းစိတ်ဆိုး၊ သားသမီးတွေကိုလည်း အင်္ဂလိပ်စာတတ်စေချင်တဲ့မိဘတွေက ကုန်ကျမှုနည်းတဲ့ ပုဂလိကကျောင်းတွေဘက် လှည့်လာကြပါတယ်။ အိန္ဒိယမှာ ပုဂလိကကျောင်းအများစုက ဘာသာစကားနှစ်မျိုး သင်ပါတယ်။ ၅ နှစ်အတွင်း ပုဂလိကကျောင်းတက်တဲ့ကျောင်းသားဦးရေ ၁၇ သန်းထက်မနည်း ရှိလာပါတယ်။ အစိုးရကျောင်းတွေကိုတော့ ၁၃ သန်းလောက်ပဲ အပ်နှံခဲ့ကြပါတယ်။ ဥတ္တရပရာဒေ့ရှ်လိုပြည်နယ်မှာ ကျောင်းလုံး ကျွတ် ပုဂလိကကျောင်းဘက်ကို ပြောင်းကုန်ကြလို့  အစိုးရကျောင်းတွေမှာ လူတောင်မရှိတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒီတော့ အစိုးရကလည်း အစိုးရကျောင်းတွေမှာပိုနေတဲ့ဆရာ၊ဆရာမတွေ ပုဂလိကကျောင်းတွေကို ပြောင်းကြဖို့  တိုက်တွန်းတဲ့အချိန်မှာတော့ လစာကောင်းကောင်းရပြီး အနေချောင်တဲ့ထိုင်ခုံကိုမက်မောနေကြပြီဖြစ်တဲ့ ဆရာ၊ ဆရာမတွေက ဒေါသတကြီးဆန္ဒပြခဲ့ကြလို့  အစိုးရကပြန်ပြီး အလျှော့ပေးခဲ့ရပါတယ်။

အိန္ဒိယဟာ ပြုပြင်မှုကြီး ၃ ရပ်ကို လုပ်ရပါလိမ့်မယ်။ ပထမတစ်ခုကတော့ ကျောင်းသားတွေရဲ့ ဥာဏ်ရည်နဲ့  ကိုက်ညီအောင် သင်ရိုးညွှန်းတမ်းတွေကို ပြင်ဆင်ရေးဆွဲဖို့ ပါ။ ဒုတိယတစ်ခုကတော့ ပညာရေးစနစ်ကြီးတစ်ခု လုံးကို အဆင့်အတန်းမခွဲခြားဘဲ အရည်အချင်းအပေါ်အခြေခံတဲ့စနစ်ဖြစ်အောင် ပြောင်းလဲဖို့ နဲ့  တတိယတစ်ခု ကတော့ ပုဂ္ဂလိကကျောင်းတွေရဲ့ အရည်အသွေးကိုလည်း မြှင့်တင်ပေးဖို့  ဖြစ်ပါကြောင်း လေ့လာရေးသား တင်ပြလိုက်ရပါတယ်။

Lashio News Diary
https://www.facebook.com/LNDLashio/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ