ပန်းနာရင်ကျပ်ခြင်းကို ဗီဇကုထုံးအသစ်ဖြင့် တားဆီးနိုင်ရန် ကြိုးပမ်း


သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ ရှိ University of Queensland မှ သိပ္ပံပညာရှင်များသည် လူ့ ခန္ဓာကိုယ် အတွင်း ဓါတ်မတည့်သည်တို့ ကိုဖြစ်စေသည့် ဗီဇဓါတုပစ္စည်းကို ရှာဖွေတွေ့ ရှိထားပြီး ၄င်းဗီဇဓါတု ပစ္စည်းကို အလုပ်မလုပ်နိုင်အောင်ပိတ်ဆို့ လိုက်ခြင်းဖြင့် ပန်းနာရင်ကျပ်ရောဂါကိုလည်း တားဆီးနိုင်မည့် ဖြစ်နိုင်ခြေကိုတွေ့ ရှိထားကြောင်း သိရသည်။ ဓါတ်မတည့်တဲ့ဝေဒနာကိုခံစားရတဲ့အခါ ပန်းနာ ရင်ကျပ်ခြင်းက တားမနိုင်ဆီးမရ တက်လာလေ့ရှိပါ တယ်။ ဒါပေမယ့် အဲဒီတုန့် ပြန်မှုကိုဖြစ်စေတဲ့ ဗီဇဓါတုပစ္စည်းကို ပိတ်ထားလိုက်မယ်ဆိုရင်တော့ ဓါတ် မတည့်လို့  ရင်ကျပ်တာ၊ ပန်းနာတာမျိုးလည်း မဖြစ်တော့ပါဘူး ဟု သုတေသီတစ်ဥိးဖြစ်သူ Ray Steptoeကပြောပြသည်။

ကိုယ်တွင်းရောဂါတိုက်ဖျက်ရေးဆဲလ်များဖြစ်သည့် T-cell များသည် ၄င်းခုခံတိုက်ခိုက်ခဲ့သည့် ရောဂါ ဖြစ်စဉ်များကို ကောင်းစွာမှတ်သားထားလေ့ရှိကြောင်း၊ ထို့ နောက် ကုထုံးများကို အနည်းငယ်မျှ အလွဲ အချော်မခံသည့်အနေအထားသို့ ရောက်ရှိလာကြောင်း၊ ထို့ ကြောင့် ဓါတ်မတည့်ခြင်း အနည်းငယ်ဖြစ် လျင်ပင် ပန်းနာရင်ကျပ်သမားများမှာ သေလုမျောပါးခံစားရလေ့ရှိကြောင်း၊ ထို့ ကြောင့် ၄င်း T-cell များ အတွင်းရှိ မှတ်ဥာဏ်များကို ပိတ်ဆို့ ထားနိုင်လျင်၊ သို့ မဟုတ် ဖျောက်ဖျက်ပစ်နိုင်လျင် အဆိုပါ ဓါတ် မတည့်သည့်တုန့် ပြန်မှုလည်း ဖြစ်ပွားတော့မည်မဟုတ်ကြောင်း Steptoe က ပြောပြသည်။

စမ်းသပ်မှုတွေအောင်မြင်သွားရင် ဗီဇဓါတုပစ္စည်းကိုဆေးထိုးပြီး ခေတ္တပိတ်ထားပေးတဲ့စနစ်ကို အသုံးပြု နိုင်ပါမယ်။ ဓါတ်မတည့်လို့  ပန်းနာရင်ကျပ်ဖြစ်နေသူကို ဒီဆေးထိုးပေးလိုက်တာနဲ့  ချက်ခြင်းနီးပါး သက်သာသွားမယ့်သဘော ဖြစ်ပါတယ် ဟု ၄င်းက ဆက်လက်ရှင်းပြသည်။ အဆိုပါဗီဇဓါတုပစ္စည်းကို ပိတ်ဆို့ လိုက်ခြင်းဖြင့် ပန်းနာရင်ကျပ်ခြင်းကိုသာမက အခြားအခြားသော ပဲနှင့်ဓါတ်မတည့်ခြင်း၊ ငါးနှင့်ဓါတ်မတည့်ခြင်း၊ အချို့ သောအသားများနှင့် ဓါတ်မတည့်ခြင်း အစရှိသည့် ဓါတ်မတည့် မှုပေါင်းများစွာကိုလည်း တားဆီးကာကွယ်သွားနိုင်မည်ဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် ကလေးသူငယ် နှင့်အမျိုးသမီးများ၊ ထိုမှတစ်ဆင့် အမျိုးသားများ သန်းပေါင်းများစွာသည် ဓါတ်မတည့် သည့်ရောဂါရှိကြပြီး အသက်အန္တရာယ်ရှိနိုင်သည့် ပန်းနာရင်ကျပ်ခြင်းကို မကြာခဏ ခံစားကြရလေ့ ရှိကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ