Dysmenorrhea ရာသီလာရင်နာ


၁။ ကျွန်မ အသက် ၃၀ ပါဆရာ။ မကွေးတိုင်းထဲက စေတုတ္တရာမှာနေပါတယ်ရှင့်။ အိမ်ထောင်သက် တစ်နှစ်ခွဲ။ ကလေး မရသေးတာပါဆရာ။ ရာသီက ပုံမှန်ရပ်ထက် ဆယ်ရက်နောက်ကျမှ ဖြစ်ပေါ်လာနေတယ်ဆရာ။ ဆေးစစ်ဖို့ ဘာမှမသိလို့ ညွှန်ကြားပြောပြပေးပါဆရာ။

http://doctortintswe.blogspot.com/2017/03/to-get-pregnant.html

သားအိမ်ဆေးစစ်တဲ့အခါ ဘယ်ချိန်တွေ သွားစစ်ရမလဲ ညွှန်ကြားပေးပါရှင့်။

အချိန်ရွေးရန် မလို။

ပြည်တွင်းမှာ ဆရာရှိတဲ့နေရာမှပြရရင် ကောင်းမှာပါဆရာ။ ကျွန်မ ဘယ်သူနဲ့ကုသရရင် အဆင်ပြေမလဲ လမ်းညွှန်ပေးနိုင်မလားရှင့်။ ကျွန်မ တောထဲကနေ လာရမှာကြောင့်ပါဆရာ။ မိန်းကလေးသဘာဝဖြစ်ရင် မူးမေ့လောက်အောင် နာကျင်ကိုက်ခဲနေပါတယ်ဆရာ။ ကျွန်မ သားအိမ်က မကောင်းတာလားဆရာ။

၂။ ကျွန်မအသက် ၂၀ ဝန်းကျင်ပါ။ အိမ်ထောင်မရှိပါဘူး။ နားနဲ့မနာဖဝါးနဲ့နာ ရာသီလာရင်တော့ ပုံမှန်ရက်ထက် ဆယ်ရက်နီးပါးလောက်နောက်ကျပြီးလာတတ်ပါတယ်။ ကျွန်မရာသီလာတဲ့အချိန်ဆို ခါးကတော်တော်နာပါတယ်။ လမ်းလျောက်ဖို့တောင်နိုင်နိုင်ပါဆရာ။ အဲ့တာ panadol နှစ်လုံးလောက်သောက်ရင် နည်းနည်းသက်သာပါတယ်။ အသိတွေကပြောကြတယ် နောင်တချိန်အိမ်ထောင်ကျလို့ရှိရင် ကိုယ်ဝန်မဆောင်နိုင်တာတို့ဖြစ်တတ်တယ်တဲ့ဆရာ။ အဲ့တာဟုတ်လားဆရာ။ အဲ့လိုမေးရတာ ရှက်ပေမဲ့ အမှန်သိချင်လို့ပါ။

၃။ အသက် (၂၇)၊ အိမ်ထောင်မရှိ။ ဆရာရှင့် ရာသီလာစဉ် အခဲများ ပုံမှန်ဆင်းနေလို့ပါရှင့်။ အခဲမဆင်းမချင်း နာကျင်ကိုကိခဲနေလို့ပါရှင့်။ ရာသီလာမဲ့ရက်နီးလာရင် ကြောကိမိလောက်အောင်ကို ဝေဒနာပြင်းထန်းလှပါတယ်ရှင့်။ dofenal ကိုလည်း လက်ကိုင်အိတ်ထဲမှာ အဆောင်တခုလို ထည့်ဆောင်ထားရပါတယ်။ အခဲမဆင်းအောင် ဘာဆေး သောက်ရပါမလဲ။ dofenal အမြဲသောက်ခြင်းက အန္တရာယ်ဖြစ်စေနိုင်ပါသလားရှင့်။

၎။ ဆရာရှင့် ကျွန်မအသက် ၂၂ နှစ်အပျိုပါ။ ရာသီလာရင် ပိုက်အရမ်းအောင့်ပါတယ်။ သွေးခဲတွေလည်းဆင်းပါတယ်။ OG ပြပြီးပါပြီ။ မသက်သာပါဘူး။

၅။ ဆရာရှင့် သမီးရာသီမလာခင်တစ်ရက်အလိုနဲ့ လာနေစဉ်အတွင်း မခံနိုင်လောက်အောင် ခါးကိုက်ပါတယ်ရှင့်။ မြန်မာပြည်မှာ နေတုန်းကဘာမှမဖြစ်ပါဘူး။့ ရောက်လာမှ စဖြစ်တာပါ။ အခုဆို ၂ နှစ်ကျော်သွားပါပြီ။ အကိုက်ခဲ ပျောက်ဆေးပဲသောက်လိုက်တယ်။ သောက်တုန်းခဏသက်သာပြီးပြန်နာတာပါပဲ။ အလုပ်ပင်ပန်းလို့လား။ ဘာကြောင့်လဲဆိုတာ သိချင်ပါတယ်ဆရာ။ ဘာဆေးများသောက်သင့်ပါလဲ။ အသက်က ၂၃ နှစ်ပါ။ အိမ်ထောင်ရှိပေမယ့် အတူမနေဖြစ်တာများပါတယ်။ အလုပ်မတူလို့ပါ။ ရာသီတော့ မှန်ပါတယ်ဆရာ။ ပြီးခဲ့တဲ့လက ရာသီသွေးကမဲပုတ်နေ (ကန်တော့ဆရာ) ပါတယ်။

ရာသီလာရင်နာတာကို Menstrual Cramps လို့လည်းခေါ်တယ်။ နာပေမယ့် နောက်ဆက်တွဲပြဿနာ မရှိပါ။ NSAIDs ခေါ်တဲ့ Aspirin, Tylenol (Acetaminophen/Paracetamol), Motrin (ibuprofen), Aleve (Naproxen), Meferannic acid စတဲ့ အနာ-အကိုက်-အဖျား သက်သာဆေး တခုခုသောက်ပါ။ နေရာတကာ ဝယ်လို့ရပါတယ်။ နာတတ်တဲ့သူတွေ သွေးဆင်းစကတည်းက သောက်သင့်တယ်။ ၂-၃ ရက် ထက်မလိုပါ။ တနေ့ ၃ ကြိမ်ဆိုရတယ်။ ဆေးကို အစာနဲ့နီးပါစေ။ တကယ်လေနာရှိရင် သတိထားသောက်ပါ။

မေးခွန်းထဲပါ Dofenal ဆေးဟာ Mefenamic Acid ဆေးဖြစ်တယ်။ ဘေးထွက်ဆိုးကျိုးတွေကတော့ ဝမ်းချုပ်၊ ဝမ်းပျက်၊ ခေါင်းမူး၊ လေထ၊ ခေါင်းကိုက်၊ ရင်ပူ၊ ပျို့၊ ဗိုက်အနေရခက်။ အကိုက်အခဲပျောက်ဆေးတွေကနေ အစာလမ်းလေနာ ဖြစ်စေနိုင်တယ်။ အစာအိမ်နာဖြစ်တာကို ပျောက်စေဘို့၊ ကာကွယ်ဘို့နဲ့ ပြန်မပေါ်အောင် Proton-pump inhibitors ဆေးအမျိုးအစား ဥပမာ Prevacid (lansoprazole) နဲ့တွဲသောက်သင့်တယ်။ Cimetidine (Tagamet, Parenteral) 300 mg ထိုးဆေး၊ စားဆေး၊ တနေ့ ၂ ကြိမ်၊ 400 mg စားဆေး အိပ်ယာဝင်။ Ranitidine 150 mg စားဆေး အိပ်ယာဝင်။ Omeprazole 40 mg တနေ့ ၁ ကြိမ် အစာမစားမီ၊ ၄-၈ ပါတ်။ Pantoprazole 40 mg တနေ့ ၁ ကြိမ် ၄-၈ ပါတ်။

Panadol က ပါရာစီတမောဖြစ်တယ်။ ဘေးထွက်ဆိုးကျိုးရှားပါးပါတယ်။ အရေပြားအနီကွက်ပေါ်တာနဲ့ ရောင်တာရော ဖြစ်ရင် ဆေးနဲ့မတည့်တာဖြစ်မယ်။ သွေးဖိအားကျနိုင်တယ်။ ဆေးအဆများရင် အသည်းနဲ့ ကျောက်ကပ်ကိုထိခိုက်မယ်။ အများကြီးသောက်တာ မသင့်ပါ။

နာတဲ့နေရာကို ရေနွေးအိတ်ကပ်နိုင်တယ်။ လေ့ကျင်ခန်းလုပ်သင့်တယ်။ ရေနွေးနဲ့ ရေချိုးသင့်တယ်။ နားနားနေနေ နေသင့်တယ်။ (ကေဖင်း) နဲ့ ဆားလျှော့စားပါ။ အရက်၊ ဆေးလိပ်လျှော့သောက်ပါ။ ဗိုက်နဲ့ခေါး နှိပ်နယ်ပါ။ ဒီနည်းတွေနဲ့မှ မရသူတွေကို ဟော်မုန်း ၂ မျိုးတွဲပါ ကိုယ်ဝန်တားဆေးပေးရတယ်။ သိပ်ဆိုးသူတွေက Menstrual Suppression ရာသီကို ၃ လမှတခါလာအောင် နှိမ်ထားလို့လည်းရတယ်။

သူများတွေထက်ထူးပြီးနာသူတွေဟာ သားအိမ်နေရာ အာလ်ထွာဆောင်းရိုက်သင့်တယ်။
(၁) Endometriosis ခေါ်တဲ့ သားအိမ်ရောဂါမရှိ-မရှိစစ်ဆေးသင့်တယ်။
(၂) Pelvic inflammatory disease ခေါ်တဲ့ တင်ပါးဆုံတွင်းအင်္ဂါတွေရောင်သလား စစ်ဆေးသင့်တယ်။
(၃) Stenosis of cervix ရှားရှားပါးပါး သားအိမ်လည်ပင်းနေရာကျဉ်းနေသလား စစ်ဆေးသင့်တယ်။
(၄) Fibroids သားအိမ်အကျိတ်လည်းစစ်သင့်တယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

သတင်းစာနှင့် ဂျာနယ်များ