သင့်စွမ်းအား တိုးစေဖို့ ဒါတွေ စားပါ


အခု ဖော်ပြထားတဲ့ အစားအစာတွေက သင့်ရဲ့ ခန္ဓာကိုယ်စွမ်းအား တိုးမြင့်စေဖို့ ကူညီနိုင်ပါတယ်။

နေ့စဉ် လူနေမှုဘဝမှာ စိတ်ဖိစီးမှုနဲ့ ဖိအားအမျိုးမျိုးကြောင့် ပင်ပန်းနွမ်းနယ်ပြီး ခန္ဓာကိုယ်စွမ်းအားကို လျော့နည်းစေပါတယ်။ ဒီ အစားအစာတွေက သင့်ရဲ့ ခန္ဓာကိုယ်စွမ်းအား တိုးမြင့်စေဖို့ ကူညီနိုင်ပါတယ်။
ဟင်းနုနွယ်
ခန္ဓာကိုယ်စွမ်းအားနည်းပြီး ပင်ပန်းနွမ်းနယ်ခြင်းရဲ့ အဓိက အကြောင်းရင်းက ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ အောက်စီဂျင် ပြတ်လပ်မှုကြောင့် ဖြစ်ပါတယ်။ ဟင်းနုနွယ်ရွက်မှာ သံဓာတ်ပြည့်ဝစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်း အောက်စီဂျင်ပျံ့နှံ့ရောက်ရှိမှုကို ကူညီပေးပြီး စွမ်းအားမြင့်စေနိုင်ပါတယ်။
ဥအမျိုးမျိုး
ကြက်ဥ၊ ဘဲဥ အပါအဝင် ဥအမျိုးမျိုးမှာ ပရိုတိန်းနဲ့ ဗီတာမင် B ပါဝင်ပြီး ခန္ဓာကိုယ်တွင်း စွမ်းအင်တိုးမြင့်စေပြီး ကြွက်သားတွေ သန်စွမ်းကျန်းမာစေပါတယ်။ ဥအမျိုးမျိုးမှာ ပါဝင်တဲ့ ပရိုတိန်းက သွေးအတွင်း သကြားဓာတ်ပမာဏကို ထိန်းညှိပေးပါတယ်။
ချောကလက်
ချောကလက်စားခြင်းက ခန္ဓာကိုယ်စွမ်းအားကို ကောင်းမွန်စေပါတယ်။ အထူးသဖြင့် အမည်းရောင်ရှိတဲ့ ချောကလက်က စွမ်းအားတိုးစေပါတယ်။
ဒိန်ချဉ်
ဒိန်ချဉ်က အစာခြေစနစ်ကို အထောက်အကူပြုတဲ့အပြင် စွမ်းအားတိုးစေတဲ့ အစားအစာဖြစ်ကြောင်း သုတေသနရလဒ်တွေက ဖော်ပြထားပါတယ်။
အခွံမာသီးနဲ့ အစေ့အဆန်များ
အခွံမာသီးနဲ့ အစေ့အဆန်များ စားခြင်းက ခန္ဓာကိုယ်စွမ်းအားကို တိုးမြင့်စေပါတယ်။ အခွံမာသီးနဲ့ အစေ့အဆန်တွေမှာ ပရိုတိန်းဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေက ကျန်းမာရေးအတွက် ကောင်းမွန်စေသလို စွမ်းအားတိုးစေပါတယ်။
ငှက်ပျောသီး
ငှက်ပျောသီးက အစာခြေစနစ် ကောင်းမွန်စေပြီး ခန္ဓာကိုယ်စွမ်းအားကို ပြည့်ဝစေပါတယ်။

Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ