ပိတ်ရက်များတွင် ပိုအိပ်လျင် နှလုံးရောဂါဖြစ်နိုင်ခြေ မြင့်မား


ရုံးဖွင့်ရက်များတွင်ပင်ပန်းခဲ့သည်များကိုအတိုးချပြီး ရုံးပိတ်ရက်များဖြစ်သည့် စနေနှင့်တနင်္ဂနွေနေ့ များ တွင် ပို၍အိပ်သူများသည် Social Jet Lag ဟု ခေါ်သည့် လူ့ ဘောင်လူ့ အသိုင်းအ၀ိုင်းနှင့် ထိတွေ့ နိုင် သည့် အချိန်ခြင်း ကွာဟသွားလေ့ရှိပြီး နှလုံးရောဂါရရှိနိုင်ခြေလည်း ပိုမိုမြင့်မားသွားလေ့ရှိကြောင်း အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားတက္ကသိုလ်မှ သုတေသီ Sierra B. Forbush က ပြောသည်။

ရုံးပိတ်ရက်ဆိုပြီး လူတွေက ပိုအိပ်ကြပါတယ်။ အချို့ က မနက်ကို ထနေကျအချိန်အတိုင်းမထဘဲ ပိုအိပ်ကြသလို အချို့ ကလည်း နေ့ လည်နေ့ ခင်းကို အားပါးတရအိပ်စက်ကြပါတယ်။ အဲဒီလို အိပ်ချိန် မဟုတ်ဘဲ တစ်နာရီပိုအိပ်တိုင်း နှလုံးရောဂါရနိုင်ခြေ ၁၁ ရာခိုင်နှုန်း ပိုသွားလေ့ရှိပါတယ်ဟု Forbush က ရှင်းပြသည်။ိပ်စက်ချိန်က အလွန်မှန်ဖို့ လိုပါတယ်။ စားချိန်သောက်ချိန်ကိုအမျိုးမျိုးထားရင် ခန္ဓာကိုယ်ကို ဆိုးရွား စွာ ထိခိုက်စေနိုင်သလိုပဲ အိပ်စက်ချိန်ကို အမျိုးမျိုးထားရင်လည်း နှလုံးရောဂါဖြစ်ပွားသည်အထိ ကျန်း မာရေးကို ထိခိုက်စေနိုင်ပါတယ်။ ညစဉ်အိပ်ယာဝင်ချိန်၊ မနက်ထချိန် တူနေရပါမယ်။

ဒီနေ့ ကတော့ အားလို့ ဆိုပြီး ပိုအိပ်သူများမှာ ကောင်းကျိုးထက်ဆိုးကျိုး ပိုများပါလိမ့်မယ်။ နေ့ တိုင်းအိပ်ရေးမ၀သူ တွေကတော့ အခြေအနေပိုဆိုးလာနိုင်ပါတယ်ဟု ၄င်းက ရှင်းပြသည်။ နောင်ကိုဖြစ်လာနိုင်ပြီး ငွေကြေးအကုန်အကျများစွာနဲ့ ကုသရမယ့်အပြင် မူလအတိုင်းလည်း အကောင်း ပကတိ ပြန်ဖြစ်လာနိုင်တော့မှာမဟုတ်တဲ့ နှလုံးရောဂါ မဖြစ်ပွားအောင် အိပ်ချိန်၊ထချိန် မှန်အောင် နေတာနဲ့ ကို အများကြီးအထောက်အကူပြုနိုင်ပါတယ်ဟု ၄င်းက ဆက်လက်ပြောပြသည်။ အများသူငှာ သွားလာလှုပ်ရှားချိန်တွင် အိပ်နေသည့်အတွက် စားချိန်၊သောက်ချိန်၊သွားချိန်၊လာချိန် အစရှိသည်တို့  ကွာဟသွားလေ့ရှိကြောင်း၊ ယင်းကွာဟမှုကြောင့် စိတ်ခံစားမှုကို နောက်ကျိရှုပ်ထွေး စေကြောင်း၊ ထိုမှတစ်ဆင့် ကျန်းမာရေးညံ့ဖျင်းလာလေ့ရှိကြောင်း၊ ထိုမှတစ်ဆင့် အိပ်ရေးမကြည်လင် တော့ဘဲ အမြဲအိပ်ချင်နေသည်ကဲ့သို့  ဖြစ်လာကြောင်း၊ ထို့ နောက် အားအင်ပြည့်ဖြိုးခြင်းကို မခံစားရ တော့ဘဲ ပင်ပန်းနွမ်းနယ်နေလေ့ရှိကြောင်း၊ ပေါင်းစပ်ဆိုးကျိုးများကြောင့် နှလုံးရောဂါဖြစ်ပွားနိုင်ခြေ မြင့်မားလာရခြင်းဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ