အဆုတ်ကျန်းမာ လေ့ကျင့်ပါ


သင်ရှူရှိက်မိသော လေထုအတွင်းတွင် မသန့့် ရှင်းသောလေများဖြစ်ဖြစ် ကောင်းမွန်သော လေထုဖြစ်ဖြစ် လေရှူရှိက်လုပ်ဆောင်ပေးသော အဆုတ်တွက် ကောင်းမွန်ကျန်းမာရန် တစ်နေ့ တာအတွက် ပုံမှန် လုပ်ဆောင်ပေးသင့်ခြင်းကို သိသင့်ပါသည်။

ဦးစွာ သင်သည် နံနက်နိုးထလာသည့်နှင့် ချက်ခြင်း အိပ်ယာမှထခြင်း မပြု့ သေးဘဲ ပက်လက်အိပ်နေသည့် အနေအထားဖြင့် ၅ မိနစ်ခန့် သတိထားပြီး အသက်မှန်မှန်ရှူရှိုက်ပေးပါ ။ အဲလို ရှူရှိုက်ခြင်းသည် အောက်စီဂျင်များပိုမိုသဖြင့် ဦးနှောက်ကြည်လင်လန်းဆန်းခြင်း အဖြစ်ကို ပါ ရရှိစေပါသည် ။ ပုံမှန်ရှူရှိုက်နေခြင်းကနေပြီး တဖြေးဖြေးနဲ့  ခပ်ပြင်းပြင်း လေဝင်လေထွက်ကို ရှူရှိုက်ပေးပါ ။

ထပ်မံ ပိုမိုကောင်းမွန်စေဖို့ တွက် ကိုယ်လက်သန့် စင်ပြီးနောက် ကိုယ်လက်လှုပ်ရှားခြင်းနဲ့ ပါ လေဝင်လေထွက် လေ့ကျင့်ခန်းကိုပါ ထပ်မံလုပ်ဆောင်စေချင်ပါသည် ။ မိမိခန္ဓာကိုယ်ကို ခြေထောက်အနည်းငယ်ကာထားပြီး မတ်တက်ရပ်အနေအထားဖြင့် ရပ်ပေးပါ ။ ခြေဖနောင့် အနည်းငယ်ကြွထားပြီး လက်နှစ်ဖက်ကို အပေါ်သို့ လွဲမြှောက်လိုက်သည်နှင့် အသက်ကို ခပ်ပြင်းပြင်း လေကို ဝဝလင်လင် ရှူသွင်းလိုက်ပါ ( လက်မြှောက်သည့် အချိန်တွင် လေကိုရှူသွင်းပါ ) ။ လေဝင်မှု့ ကိုပြန်ထုတ်ချိန်တွင် ကြွထားသော ဖနောင့်နဲ့  မြှောက်ထားသောလက်ကို အောက်သို့ ပြန်ချချိန်တွင် ခပ်ပြင်းပြင်းလေကို ပြန်လည်ထုတ်လိုက်ပါ ။ မိမိအဆင်ပြေနိုင်မည့် မိနစ်အနည်းငယ်ကြာချိန်ထိ ကိုယ်လက်လှုပ်ရှားခြင်းနှင့်အတူ လေရှူသွင်းထုတ် အလေ့အကျင့်ကိုနေ့ စဉ် လုပ်ဆောင်သင့်ပါသည် ။ လေဝင်လေထွက် ခပ်ပြင်းပြင်းရှူရှိက် အသက်ရှူခြင်းသည် အဆုတ်တွက် ကောင်းမွန်သော လေ့ကျင့်ခန်း တစ်ခုပင်နေလို့ ပါ ။
လမ်းခပ်မြန်မြန် လျှောက်ပေးခြင်းကြောင့် ချွေးများ ထွက်လာခြင်းသည် မိမိခန္ဓာကိုယ်တွင်း အဆိပ်တောက်များ လျော့ချနိုင် အကျိုးကို ရရှိစေပါသည် ။

အသက်ရှူလမ်းကြောင်းစနစ် ပိုမိုတိုးတက်ကောင်းမွန်စေရန်အတွက် နာနတ်သီး နာနတ် ဖျော်ရည် ၊ ဂရိတ်ဖရုသီး ဖျော်ရည်များကို သောက်ပေးနိုင်ပါသည် ။
နေ့ ခင်း ထမင်းစားသောက်ပြီးသည့်နှင့် ပိုတက်စီယမ်ဓာတ်ကြွယ်ဝသော ဌက်ပျော်သီးကို စားသုံးခြင်းသည်လည်း အစာချေဖျတ်မှု့ ကောင်းစေသည့်အပြင် အသက်ရှူလမ်းကြောင်းဆိုင်ရာအတွက်ပါ သန့် စင် အားကောင်းစေပါသည် ။

မနက်နိုးထချိန်ကစပြီး လန်းဆန်းခြင်း တွက် အထောက်အကူပြု့ ရုံသာမက အသက်ရှူခြင်း စနစ်အတွက်ပါ များစွာ အကျိုးများသော အလေ့အကျင့်တစ်ခုပင် ဆိုချင်ပါသည် ။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ