တောင်ကိုရီးယားတွင် လေထု ညစ်ညမ်းမှုကြောင့် နှစ်စဉ် လူ ၁၄ဝဝဝ သေဆုံးနေ


တောင်ကိုရီးယား နိုင်ငံ၌ လေထုညစ်ညမ်း မှုကြောင့် နှစ်စဉ် လူ ၁၄ဝဝဝ ခန့်မှာ အရွယ် မတိုင်မီသေဆုံး နေကြောင်း အမေရိကန် အခြေစိုက် ကျန်းမာရေးနှင့်အကဲဖြတ်လေ့လာရေးအဖွဲ့ (IHME) ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဆေးဘက်ဆိုင်ရာ ပါမောက္ခ တစ်ဦးက ဇွန် ၁၂ ရက်တွင်ပြောသည်။

IHME ၏ထုတ်ပြန်ချက်အရ တောင်ကို ရီးယားတွင် လေထုညစ်ညမ်းမှုကြောင့် အရွယ် မတိုင်မီ သေဆုံးနေသူ အရေအတွက်မှာ ၂ဝ၁၃ ခုနှစ်တွင် ၁၃၇ဝ၃ ဦးရှိကြောင်း ဆိုးမြို့ ဆောင်ကျွမ်ကွမ်ဆေးတက္ကသိုလ်မှ ပါမောက္ခ ချောင်းဟဲကွမ်ကပြောသည်။

သေဆုံးမှုဖြစ်ပွားရသည့် အဓိကပြဿနာ မှာ PM2.5 ဟုခေါ်သော အန္တရာယ်များသည့် အမှုန်များကြောင့်ဖြစ်ပြီး ယင်းအမှုန်များမှ တစ်ဆင့် အဆုတ်ကင်ဆာဖြစ်ပွားမှုကြောင့် လူ ၄၂၇၄ ဦး၊ နှလုံးရောဂါကြောင့် လူ ၁၉ဝ၁ ဦးနှင့် ဦးနှောက်လေဖြတ်မှုကြောင့် လူ ၅၈၆၂ ဦး သေဆုံးကြောင်း သိရသည်။

နာတာရှည်အဆုတ်ပိတ်ဆို့သည့်ရောဂါ သို့မဟုတ် ပန်းနာရောဂါကြောင့် သေဆုံးသူ အရေအတွက်မှာ ၁၆၆၆ ဦးရှိမည်ဟု ခန့်မှန်း ထားကြောင်း သိရသည်။ တောင်ကိုရီးယား နိုင်ငံသည် လာမည့်နှစ် ၄ဝ အတွင်း လေထု ညစ်ညမ်း မှုကြောင့် အရွယ်မတိုင်မီ သေဆုံးမှု များနှင့်အတူ ဈေးကွက်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများလည်း ထိပ်ဆုံးရောက်ရှိနိုင်ကြောင်း စီးပွားရေးပူးပေါင်းမှုနှင့် ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ IHME ၏ ထောက်ပြ ပြောဆို မှုကို ကိုးကား၍ ချောင်းကပြောထားသည်။

တောင်ကိုရီးယား၌ ၂ဝ၆ဝ ပြည့်နှစ်တွင် လေထု ညစ်ညမ်းမှုကြောင့် လူတစ်သန်းလျှင် ၁၁ဝ၉ ဦးသေဆုံးမည်ဟု ခန့်မှန်းရပြီး ၂ဝ၁ဝ ပြည့်နှစ်တွင် ထုတ်ပြန်သော သေဆုံးသူဦးရေ ၃၅၉ ဦးထက် သုံးဆခန့်ပိုများမည်ဟု ဥနဃီ ကပြောထားသည်။

မြ၀တီ
https://www.facebook.com/mwdmedia/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ