ဦးနှောက် ကောင်းစေဖို့ ဆောင်ရန် ရှောင်ရန် နည်းလမ်းလေးများ


ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်ရေး အရေးကြီးသကဲ့သို့ ဦးနှောက်ကျန်းမာရေးနှင့် စွမ်းဆောင်ရည် အားကောင်းရေးမှာ လည်း အရေးကြီးသည်။ လူတစ်ကိုယ်လုံး နိစ္စဓူဝ ကောင်းစွာပြုမူ လှုပ်ရှားတွေးခေါ်နိုင်ရန် ဦးနှောက်က စက်ရုပ်သဖွယ် အလုပ်လုပ်ပေးနေရသည်။
အိပ်ပျော်နေစဉ်မှာပင် အိပ်မက်မက်ခြင်းဖြင့် ဦးနှောက်က အလုပ်ရှုပ်နေရဆဲဖြစ်၏။

ဦးနှောက်အားပြည့်စေရန်အတွက် လုံလောက်သော သဘာဝဂလူးကို့နှင့် အောက်ဆီဂျင်တို့ မရှိမဖြစ် လိုအပ်သည်။ သို့မှသာ အာရုံစူးစိုက်မှု၊ အတွေး အခေါ်စွမ်းရည်နှင့် မှတ်ဥာဏ်တို့ကို အထောက်အကူဖြစ်စေမည်။ ဘယ်ဘက်အခြမ်း ဦးနှောက်သန်သူ၏ လက္ခဏာများမှာ- သိပ္ပံပညာရပ် စိတ်ဝင်စားသူ၊ သင်္ချာအတွက်အချက် ဝါသနာပါသူ၊ ခင်မင်ရင်းနှီးလွယ်သူ၊ တိကျပြတ်သားသူ၊ ဖြောင့်မတ်သူ၊ အသေးစိတ်တွက်ချက်သူ၊ ဗျူဟာဆန်ဆန်တွေးတတ်သူ၊ လက်တွေ့ကျမှုကို သဘောကျသူ၊ ဘာသာစကားနှင့် ဝေါဟာရများ လေ့လာရန် လွယ်ကူသူ၊ အီကွေး ရှင်းများ တွက်ချက် ဝါသနာပါသူ၊ ကိန်းဂဏန်းများဖြင့် ဆော့ ကစားနေတတ်သူ၊ အမိန့်နာခံတတ်သူ၊ သဘာဝအတိုင်း ပုံသေနည်းစနစ် မှန်ကန်အောင် လုပ်တတ် သူ၊ မိမိကိုယ်ကို မည်သူမည်ဝါ သေချာသိသူတို့ဖြစ်သည်။

ညာဘက်အခြမ်း ဦးနှောက်သန်သူ၏ လက္ခဏာများမှာ-အတွေးအမြင်သစ်များ စဉ်းစားလုပ်တတ်သူ၊ လွတ်လပ်မှုကို သဘောကျသူ၊ သံယောဇဉ်ကြီးသူ၊ အကြောင်းရင်းကို ဖော်ထုတ်ပြောဆိုတတ်သူ၊ စွန့်စားလိုစိတ်ရှိသူ၊ ရယ်မောလှောင် ပြောင်တတ်သူ၊ အနုပညာဆန်ဆန် ခံစားတတ်သူ၊ သီချင်းများခရေဇီဖြစ်သူ၊ ဗလာမျက်နှာပြင်ကို ဆေးရောင်ခြယ် ပေးတတ်သူ၊ စိတ်ကူးယဉ်လွန်းသူ၊ ပန်းချီဆရာ၊ ကဗျာဆရာ၊ တွေးခေါ်ပညာရှင်များနှင့် မိမိကိုယ်ကို ကျေနပ်နေတတ်သူ တို့ဖြစ်သည်။

မြ၀တီ
https://www.facebook.com/mwdmedia/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ