ခွေးများနှင့်အတူနေသည့်ကလေးများ ခုခံအားစနစ်ပိုကောင်း


အင်္ဂလန်နိုင်ငံတွင် ပြုလုပ်ခဲ့သော လေ့လာမှုတစ်ရပ်အရ ခွေးများနှင့်အတူနေ သည့်ကလေးများသည် ခန္ဓာကိုယ်ခုခံအား စနစ် ပိုမိုကောင်းမွန်သည်ဟု တွေ့ရှိခဲ့ ကြောင်း အင်ဒီပန်းဒန့်သတင်းစာက ဖော်ပြသည်။
ခွေးများနှင့်အတူနေချိန် များပြားသော ကလေးငယ်များသည် ဓာတ်မတည့်သည့် ရောဂါနှင့် ပန်းနာရင်ကြပ်ရောဂါများကို ခုခံကာကွယ်နိုင်သည့် ခုခံအားစနစ်ပိုမို ကောင်းမွန်ကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အမေရိကန်နိုင်ငံတွင် ပြုလုပ်ခဲ့ သော လေ့လာမှုတစ်ရပ်အရလည်း ခွေး များနှင့်အတူနေသော ကလေးငယ်များ သည် ဘက်တီးရီးယားများကြောင့် ဖြစ်ပွား သည့်ရောဂါများကို ခုခံကာကွယ်နိုင်စွမ်း ပိုမိုမြင့်မားကြောင်း အတည်ပြုနိုင်ခဲ့သည်။ ကိုယ်ခံအားစနစ်ကို ပိုမိုကောင်းမွန်အောင် အထောက်အကူပေးနိုင်သည့်အခြေအနေ မှာ ခွေးအမျိုးအစားအလိုက် ကွာခြားဖွယ် ရှိကြောင်း ယူဆထားသည်။

The Union Daily
https://www.facebook.com/pg/uniondaily.net

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ