Vaccinating against cervical cancer သားအိမ်ဝကင်ဆာကာကွယ်ဆေး


ကမ္ဘာမှာ နှစ်စဉ် အမျိုးသမီးပေါင်း ၅ သိန်းလောက်မှာ သားအိမ်ဝကင်ဆာဖြစ်ကြရပြီး သူတို့ထဲက တဝက်လောက် သေဆုံး နေရတယ်။ သားအိမ်ဝကင်ဆာကာကွယ်ဆေးပေါ်လာတော့ အလွန်စိတ်အားတက်ကြွကြရတယ်။ ဒီကာကွယ်ဆေးကနေ သားအိမ်ဝကင်ဆာအများစုကို ကာကွယ်ပေးနိုင်တယ်။ ဒါပေမယ့် မျက်လှည့်ပြသလိုအစွမ်းမျိုးရှိတာတော့ မဟုတ်ပါ။ ဖြစ်နှုန်းနည်းလာစေတာမှန်ပေမယ့် ပပျောက်အောင်မလုပ်နိုင်သေးပါ။

၂ဝဝ၆ မှာ Merck ကနေထုတ်တဲ့ Gardasil ကာကွယ်ဆေးကိုခွင့်ပြုလိုက်ပါတယ်။ မကြာခင်မှာ အမေရိကမှာ ၉ နှစ်ကနေ ၂၆ နှစ်အမျိုးသမီးတိုင်းထိုးဘို့လုပ်လိုက်ပါတယ်။ ၂ဝဝ၆ အကုန်မှာ နိုင်ငံပေါင်း ၄၉ နိုင်ငံမှာ ထိုးပေးလာပါတယ်။ Quadrivalent vaccine ခေါ်တယ်။ ပိုး (၄) မျိုးကနေကာကွယ်မယ်။ သးအိမ်ဝကင်ဆာတွေထဲမှာ ၇ဝ% ကိုဖြစ်စေနိုင်တဲ့ ပိုး (၁၆) နဲ့ (၁၈) ကနေ ၁ဝဝ% ကာကွယ်မယ်။ ဒါ့ပြင် လိင်လမ်းရေယုံကိုဖြစ်စေတဲ့ (၆) နဲ့ (၁၁) ကိုလည်းကာကွယ်မယ်။
၂ဝဝ၆ မတ်လမှာ GlaxoSmithKline Biologicals ကထုတ်တဲ့ Cervarix ကာကွယ်ဆေးပေါ်လာတယ် (၁၆) နဲ့ (၁၈) ကို ကာကွယ်မယ်။

၁၂-၅-၂ဝ၁၅ နေ့ကထွက်တဲ့သတင်းအရ မိန်ကလေးတွေကိုကာကွယ်ဆေးထိုးထားလို့ ယောက်ျားတွေမှာပါ သွယ်ဝှိုက်ပြီး အကျိုးရစေတယ်။ ၂ဝ၁၄ ဒီဇင်္ဘာသတင်းအရ ဒီကာကွယ်ဆေးကနေ သားအိမ်ဝကင်ဆာဖြစ်မှာကို ၈ဝ% မကကို ကာကွယ်နိုင်တယ်လို့ သိရတယ်။ ယောက်ျားလေးတွေကိုလည်း ထိုးနိုင်တယ်။

အမေရိကမှာ ၇၉ သန်းမှာ HPV ကူးစက်ခံနေရတယ်။ နှစ်စဉ် ၁၂ဝဝဝဝ ကိုဖြစ်စေပြီး ၄ဝဝဝ ကိုသေစေတယ်။ pap tests စမ်းသပ်မှုလုပ်ပေးလို့ နှစ်ပေါင်း ၄ဝ အတွင်း ဖြစ်နှုန်း သိသိသာသာကျဆင်းလာတယ်။ pap test စမ်းသပ်တာကို ဘယ်အရွယ်တွေမှာလုပ်မလည်း။ ၂၁ ကနေ ၂၉ နှစ် = ၃ နှစ်တခါ။ ၃ဝ ကနေ ၆၅ = ၅ နှစ်တခါ။ ၆၅ အထက် အလားအလာမရှိသူ မလိုပါ။

ဆေးအသစ် 9-valent human papillomavirus vaccine ကနေ ပိုး (၉) မျိုးကူးစက်မှာကိုကာကွယ်မယ်။ သားအိမ်ဝကင်ဆာ၊ စအိုကင်ဆာနဲ့ ယောက်ျားလိင်တံကင်ဆာတွေကိုကာကွယ်မယ်။ ၃ ပုံ ၃၂ ပုံဖြစ်စေတဲ့ ၁၆ နဲ့ ၁၈ ကိုတော့ ဆေးတွေအားလုံးက ကာကွယ်မယ်။ (၉) မျိုးကာကွယ်ဆေးကနေ သားအိမ်ဝကင်ဆာ ၁၅% ဖြစ်စေနိုင်တဲ့ နောက်ထပ် (၅) မျိုးကိုပါ ကာကွယ်မယ်။

WHO ကနေ လေ့လာမှုတွေလုပ်တယ်။ မြောက်အမေရိကာ၊ တောင်အမေရိက၊ ဥရောပနဲ့ တချို့အာရှဒေသတွေမှာပြီးပြီ။ အာဖရိကကျန်သေးတယ်။ Merck ကနေထုတ်တဲ့ကာကွယ်ဆေးက တခါထိုး ဒေါ်လာ ၉ဝ လောက်ရှိတယ်။ (၃) ခါ ထိုးရမှာဖြစ်တယ်။ ဈေးနှုန်းချိုနိုင်ဘို့အတွက် WHO, GAVI Alliance နဲ့ Bill & Melinda Gates Foundation တို့ တွဲလုပ်နေတယ်။

ဘယ်သူတွေကို ကာကွယ်ဆေးထိုးပေးသင့်လည်းဆိုတဲ့အဖြေက မတိကျလှသေးပါ။ ချမ်းသာတဲ့နိုင်ငံတွေမှာ အဲဒီအဆုံးအဖြတ်ချရတာ မခက်ပေမယ့် ဆင်းရဲသေးတဲ့တိုင်းပြည်တွေမှာ ခက်ပါတယ်။ ငွေကြေးသာမက စာရင်းဇယား၊ ကိန်းဂဏန်းနဲ့ သုတေသနတွေလည်း ချို့တဲ့နေလို့ဖြစ်တယ်။

သားအိမ်ဝလို့ ကျွန်တော်ကရေးတာကို အများစုက သားအိမ်ခေါင်းလို့ရေးကြပါတယ်။ တမြန်နေ့ကတင်လိုက်တဲ့ သားအိမ်ဝကျဉ်းခြင်းကို သားအိမ်ခေါင်းကျဉ်းတယ်လို့ဘာသာပြန်ရင် နားလည်ကြမယ်မထင်ပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ