ကမ္ဘာတစ်ဝှမ်းမှာ အားလပ်ရက်တွေက လူတွေရဲ့ အလေးချိန်တွေကို ပိုတိုးလာစေ


လေ့လာချက်တွေအရ  အမျိုးသားရော အမျိုးသမီးတွေမှာပါ အားလပ်ရက်အတွင်း ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ စားသောက်မှုပုံစံတွေ မရှိကြပါဘူး။

အမေရိကန်လူမျိုးတွေကတော့ အားလပ်ရက်ဖြစ်တဲ့  နိုဝင်ဘာကနေ ဇန်န၀ါရီလအတွင်းမှာဆိုရင် ကျန်းမားရေးအတွက် ကောင်းပါတယ်ဆိုတဲ့ အစားအစာတွေကို မစားသုံးကြတာတွေ့ရပါတယ်။

အမေရိကန်အပါအ၀င် ဂျာမနီ နဲ့ ဂျပန်နိုင်ငံက အသက် ၄၂ နှစ်အရွယ် လူပေါင်း ၃၀၀၀ နီးပါးကို လေ့လာကြည့်တဲ့အခါ အမေရိကန်လူမျိုးတွေရဲ့ ၂၄ ရာခိုင်နှုန်းက အ၀လွန်နေကြပြီး ဂျာမန်လူမျိုးတွေမှာ ၁၉ ရာခိုင်နှုန်းနဲ့ ဂျပန်လူမျိုးမှာ ၁၁ ရာခိုင်နှုန်း အသီးသီး ရှိကြပါတယ်။

နိုင်ငံသုံးနိုင်ငံစလုံးမှာ ခရစ်စမတ် အတိုင်ခင်နဲ့ ပြီးသွားတဲ့ ဆယ်ရက်တွေမှာ အလေးချိန်တွေ အများဆုံး ပိုတိုးလာကြတာပါ။ အမေရိကန်မှာ ပျန်းမျှလူဦးရေရဲ့ ၀.၄  ရာခိုင်နှုန်း ၊ ဂျာမနီမှာ ၀.၆ ရာခိုင်နှုန်းနဲ့ ဂျပန်မှာ ၀.၅ ရာခိုင်နှုန်းတို့ဟာ ပွဲတော်ချိန်အတွင်းမှာ သူတို့ရဲ့ အလေးချိန်တွေ တိုးလာခဲ့တာပါ။

တစ်ချို့က အားလပ်ရက်တ၀က်မှာ တိုးလားတဲ့ အလေးချိန်တွေက အားလပ်ရက်ကုန်သွားရင် လျော့သွားကြပေမယ့် တစ်ချို့ကတော့ အားလပ်ရက်တွေ ကုန်သွားတာတောင် ပြန်မကျတော့ပါဘူး။

ရိုးရာ နဲ့ မိသားစု ပေါင်းစည်းတဲ့ အာလပ်ရက်တွေက တစ်ခုခုကို မလုပ်ဘူးလို့ ပြောဖို့ ခက်ခဲပါတယ်။ ဒါကြောင့် အားလပ်ရက်တွေမှာ တက်လာတဲ့ ၀ိတ်တွေကြောင့် လူတွေက အားကစားလုပ်ဖို့ အာရုံရတတ်ကြပြီး နှစ်သစ်ကူးပွဲ အပြီးမှာဆိုရင် ကျန်းမာရေး သင်တန်းတွေက ခေတ်စားလာပါတယ်။

အားလပ်ရက်တွေမှာ ၀ိတ်တွေ ပိုတိုးမလာဖို့ဆိုရင် ပုံမှန်စားနေကြအတိုင်း တတ်နိုင်သလောက်စားဖို့ ၊ ကယ်လိုရီပါဝင်မှုကို ထိန်းချုပ်ဖို့ နဲ့ အလွန်အကျွံ့ စားသောက်မိတာတွေကို ရှောင်ဖို့လိုပါတယ်။ အစားအစာမှာတင်မကပဲ အချိုရည်တွေမှာလည်း ကယ်လိုရီပါဝင်တာကို သတိပြုမိဖို့လည်း လိုပါတယ်။ ရေများများ သောက်ပေးသင့်ပြီး ကော့တေးဆိုရင်လည်း နှစ်ခွက်လောက်သာ သောက်သင့်ပါတယ်။

အားလပ်ရက်ပွဲတော်တွေမှာ မိသားစုနဲ့အတူ ကျန်းမာတဲ့ စားသောက်မှုပုံစံရဖို့ အစီအစဉ် လုပ်ထားသင့်ပြီး ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်နိုင်ဖို့ နည်းလမ်းတွေ ဖန်တီးထားသင့်ပါတယ်။

အားလပ်ရက်ဆိုတာက ကုန်ဆုံးသွားမှာ ဖြစ်ပေမယ့် ပိုလာတဲ့ အလေးချိန်တွေကတော့ သင့်ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့်ပါ။

( Michelle )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : UPI


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ