Thyroiditis လည်ပင်းအကျိတ်ရောင်ခြင်း


သမီးလည်ပင်းနာနေလို့ အကျိတ်လိုအရာလေးတွေ့နေတာတော့ ကြာပါပြီ။ လည်ပင်းနာတာကတော့ ၁ဝ ရက်လောက် ရှိပြီမို့လို့ ဆေးခန်းပြရာမှာ ရိုက်ခဲ့ရတဲ့ result ပါရှင့်။ လည်ပင်းနဲ့ပတ်သက်တဲ့ သွေးလဲစစ်ခဲ့ရပါတယ်။ အဖြေကတော့ မနက်ဖြန်ညနေမှသိရမှာမို့လို့ သမီးအခုကတည်းက သိချင်နေပါတယ်ရှင့်။ အသက်က ၃၂ နှစ်ပါရှင့်။

အသက်ကိုနောက်ဆုံးမှရေးတာမှန်သမျှ နှစ်ခါထပ်ဖတ်ရလို့ အချိန် နှစ်ဆကုန်တယ်။

ဆေးစာမှာ Thyroiditis လို့ရေးထားတယ်။ မေးတဲ့သူက ကလေမွေးတဲ့အကြောင်းကို အရင်ကလည်းမေးဘူးတယ်။
လည်ပင်းအကျိတ်ရောင်တာအမျိုးမျိုးရှိတယ်။ Hashimoto's ဟာရှီမိုတိုရောဂါ၊ postpartum ကလေးဖွါးပြီးဖြစ်တာ၊ silent or painless မနာတာနဲ့ subacute ရက်မတိုမရှည်။

အိပ်ယာထဲမှာနားနေတာနဲ့ ရောင်တာကျအောင် aspirin စတဲ့အနာအရောင်သက်သာဆေးပေးတယ်။ steroids လည်း ပေးတာရှိတယ်။ အများအားဖြင့် ပြန်ကောင်းလာကြတယ်။ တချို့မှာ Hypothyroidism ဟော်မုန်းနည်းတာရော Hyperthyroidism များတာပါဆက်ဖြစ်နိုင်တယ်။

Hashimoto's thyroiditis ဟာရှီမိုတိုရောဂါက အများဆုံးဖြစ်တယ်။ (အော်တို-အင်မြူး) ရောဂါတမျိုးဖြစ်တယ်။ ရောဂါပြီးစနစ် ကမောက်မဖြစ်တာပါ။ မိသားစုထဲမှာ တယောက်မကဖြစ်နိုင်တယ်။ တဖက်မှာဖြစ်တယ်။ စမ်းလို့ရတယ်။ အားယုတ်မယ်။ စိတ်ဓါတ်ကျမယ်။ အေးတာမခံနိုင်ဘူး။ လူက ဝလာမယ်။ အာရုံစိုက်ရခက်မယ်။ ဝမ်းချုပ်မယ်။ အရေပြားခြောက်မယ်။ ကြွက်တက်မယ်။ အိပ်မရဖြစ်မယ်။ ခြေထောက်ရောင်မယ်။ မျက်ခွဲဖေါင်းမယ်။ နှလုံးခုန်နှေးမယ်။ ဆိုးလွန်းချိန်မှာ နှလုံးအလုပ်မလုပ်နိုင်ဖြစ်မယ်။ TSH များလာမယ်။ T4 နည်းလာမယ်။ thyroid hormone အစားထိုးပေးရမယ်။

Postpartum thyroiditis ကလေးဖွါးပြီးဖြစ်တာဆိုရင် ပထမ ၁-၄ လအတွင်းမှာနဲ့ ၄-၈ လမှာဖြစ်တာလို့ခွဲထားတယ်။ သူတို့က ၁၂-၁၈ လဆိုပြန်ကောင်းကြတယ်။

Subacute thyroiditis ရက်မတိုမရှည်အမျိုးဖြစ်တာ ကလေးမွေးတာနဲ့လည်းဆိုင်ာတယ်။ လည်ပင်း၊ မေးရိုးနဲ့နားတွေ နာနေမယ်။ ပိုးဝင်လို့လည်းဖြစ်နိုင်တယ်။

Silent or painless thyroiditis မနာတာ (သို) ငြိမ်နေတဲ့အမျိုးအစားဆိုတာ မနာပါ။ အဖြစ်အနည်းဆုံး။ ဆေးမကုပဲ ၃ လဆိုရင် ကောင်းတာများတယ်။ Graves' disease နဲ့ဆင်တယ်။ အဲလောက်မဆိုးဘူး။ တချို့မျက်လုံးပြူးနေတတ်တယ်။ အိပ်ယာထဲ နားနေရမယ်။ beta blockers ဆေးပေးတယ်။ hypothyroid ဖြစ်လာရင်တော့ thyroid hormone ပေးနေရတော့မယ်။

ဒေါက်တာတင်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ