Thyroid Function Tests လည်ပင်းကြီးဟော်မုန်း စစ်ဆေးခြင်း


၁။ ကျွန်တော့ အစ်မပါ။ အသက်က ၃၇ နှစ်ပါ။ ဖြစ်တာ (၅)နှစ် လောက်ကြာပါပြီ။ စဖြစ်ခါက ပခုက္ကူဆေးခန်းမှာ ပြပါတယ်။ တနှစ်ခွဲ ဆေးစား ဆေးသောက်ရပါတယ်။ တစ်နှစ် ခွဲကြာတော့ သက်သာတယ်ဆိုပြီး ဆေးသောက် ရပ်လိုက်ပါတယ်။ ပြန်ဖြစ်ပါတယ်။ အခု ရန်ကုန်မှာ ဆေးစစ်ပါတယ်။ ရောဂါပြန်ဖြစ်တယ်ပြောပါတယ်ဆရာ။ ဘာရောဂါဖြစ်မှန်း ကျွန်တော် မသိဘူးဆရာ။ ဆေးစစ် ချက်တွေကို ပို့ပေးလိုက်ပါတယ်ဆရာ။ ကုသနည်းမှ ဘာလိုအပ်ချက် ရှိနေပါလဲဆရာ။ သက်သာ ပျောက်ကင်းပြီးမှ ဘာကြောင့် ဖြစ်ပါသလဲဆရာ။ အိမ်ထောင် မရှိပါဘူးဆရာ။

ဆေးစစ်ချက်ထဲမှာ TSH = 0.27 – 4.2 ရှိရမှာ 0.009 သာရှိတယ်။ သိုင်းရွိုက်နှိုးဆွဟော်မုန်း နည်းနေတယ်။ ဆိုလိုတာက လည်ပင်းကြီးဟော်မုန်း များနေမယ်။ အရင်ကမေးသူတွေက တမျိုးအဖြေထွက်ကြတယ်။

၂။ ဆရာရှင့် TSH level ကျသွားအောင် ဘယ်လိုနေထိုင်စားသောက်ရပါမလဲရှင့်။

အရင်တခါ ပြန်မေးတာကို မဖြေပါ။ ဖြစ်တဲ့သူ အသက် မသိပါ။ ကျန်တာတွေ မသိပါ။ မေးနည်းစည်းကမ်းအရ မမေးလိုသူတွေက ဘလော့မှာဖတ်နိုင်ကြပါတယ်။

၃။ ဆရာရှင့် သမီးနာမည်နဲ့အသက်က စာရွက်ထဲမှာပါလို့ မပြောဖြစ်တာပါရှင့်။့ Hospital မှာ ဆေးစစ်တာ ၄ ရက်နေ့ကပါ။ စာရွက်မှာ TSH level မြင့်တာတွေ့လို့ ဘာများလိုအပ်နေလဲသိချင်လို့ပါရှင့်။ အသက်က ၄၀ ပါ။ အမှားရှိလျှင် ခွင့်လွှတ်ပါရှင်။ လူကြီးတွေဆေးလာကုရင်းကိုယ်တိုင် Medical Check-up လုပ်ဖြစ်ပါတယ်ရှင့်။

လည်ပင်းကြီးဟော်မုန်း စစ်ဆေးခြင်း
(၁) T3 / Serum triiodothyronine ပုံမှန် = 80 to 220
- 80 ထက်နည်းနေရင် hypothyroidism လည်ပင်းကြီး ဟော်မုန်းနည်းရောဂါဖြစ်နိုင်တယ်။

(၂) Total T4 / Serum thyroxine ပုံမှန် = 4.5 to 12.5
- 4.5 ထက်နည်းပြီး TSH ပါများနေရင် လည်ပင်းကြီး အလုပ်နည်းနေနိုင်တယ်။
- 12.5 ထက်များနေရင် hyperthyroidism လည်ပင်းကြီး ဟော်မုန်းများရောဂါဖြစ်မယ်။
- T4 လဲ နည်းနေမယ်၊ TSH လဲနည်းနေမယ်ဆိုရင် (ပစ်ကျူထရီ) ဆိုတဲ့ ဦးနှောက်ထဲက ဟော်မုန်းတွေထုတ်တာနဲ့ ဆိုင်တဲ့နေရာမှာ ရောဂါ ရှိ-မရှိစစ်ရမယ်။

(၃) Free T4 / Free Thyroxine - FT4 ပုံမှန် = 0.7 to 2.0
- 0.7 ထက်နည်းနေမယ်ဆိုရင် hypothyroidism လည်ပင်းကြီး ဟော်မုန်းနည်းရောဂါဖြစ်နိုင်တယ်။

(၄) TSH - Thyroid Stimulating Hormone / Serum thyrotropin
- American Association of Clinical Endocrinologists ကနေ 0.3 to 3.0 ဟာ ပုံမှန်လို့ သတ်မှတ်ထားရာကနေ ၂ဝဝ၃ မှာ 0.4 to 6.0 လို့ ပြင်ထားလိုက်တယ်။
- 0.4 ထက်နည်းနေရင် hyperthyroidism လည်ပင်းကြီး ဟော်မုန်းများရောဂါ ဖြစ်မယ်။
- 6.0 ထက် များနေရင် hypothyroidism လည်ပင်းကြီး ဟော်မုန်းနည်းရောဂါ ဖြစ်နိုင်တယ်။

မှတ်ချက်။ ယေဘုယျကိန်းဂဏန်းတွေဖြစ်တယ်။ ဓါတ်ခွဲခန်း တခုနဲ့တခု မတူပါ။ ကိုယ်စစ်တဲ့ဓါတ်ခွဲခန်းက ပုံမှန်သတ်မှတ်ချက်ဆိုတာနဲ့ နှိုင်းယှဉ်ရမယ်။


Dr. တင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ