အဆီပြည့်ဒိန်ခဲစားသုံးခြင်းကြောင်း နှလုံးခုန်ရုတ်တရပ်နိုင်ခြေ မြင့်မားလာနိုင်ခြင်းမရှိဟုဆို


အဆီပြည့်ဒိန်ခဲစားလျင် နှလုံးခုန်တရုတ်တရက်ရပ်တန့် နိုင်ခြေကိုမြင့်မားစေသည့်အပြင် လေဖြတ်ဝေဒနာ ကိုလည်း ခံစားရနိုင်သည်ဟု မူလကယူဆထားခြင်းသည် မမှန်ကန်ကြောင်းနှင့် အဆီပြည့်ဒိန်ခဲ၊ နွားနို့ ၊ နို့ ချဉ် အစရှိသည်တို့ ကို မျှတစွာ စားသုံးနိုင်ကြောင်း အင်္ဂလန်ပြည်သူ့ ကျန်းမာရေးဌာနမှ ထုတ်ပြန် ကြေညာသည်။အဆီပြည့်ဒိန်ခဲသည်ကျန်းမာရေးအတွက်အကောင်းဆုံးအစားအစာမဟုတ်သော်လည်း မူလယူစခဲ့သည် ကဲ့သို့  ဆိုးရွားလွန်းလှသည်မဟုတ်ကြောင်း၊ နွားနို့ ကိုအခြေခံကာပြုလုပ်ထားသည့် အစားအစာများ စားသောက်ခြင်းနှင့် နှလုံးရောဂါ ဆက်နွယ်မှုကို ထဲထဲဝင်ဝင် လေ့လာဆန်းစစ်မှု ၂၉ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း၊ ဒိန်ခဲ၊နို့ ချဉ် အစရှိသည်တို့ ၏ နှလုံးအပေါ်အကျိုးသက်ရောက်မှုမှာ အကောင်းလည်း မဟုတ်၊ အဆိုးလည်းမဟုတ်သည့် ပုံမှန်အနေအထားသာဖြစ်သည်ကိုတွေ့ ရှိရကြောင်း သုတေသီတစ်ဦး ဖြစ်သူ Ian Givens က ပြောသည်။

 နို့ နဲ့ နို့ ထွက်ပစ္စည်းတွေကြောင့်နှလုံးသွေးကြောနှင့်ပတ်သက်သည့်ရောဂါအမျိုးမျိုးဖြစ်ပွားသေဆုံးမှုနှင့် ဆက်နွယ်မှုမရှိကြောင်း၊ လွန်ခဲ့သော ၁၀ နှစ်ခန့် မှစတင်ကာ နို့ နှင့်နို့ ထွက်ပစ္စည်းများသည် နှလုံးအတွက် မကောင်း ဟူသည့် လွဲမှားသော အယူအဆတစ်ခုမှာ ကျယ်ပြန့် စွာပျံ့ နှံ့ လျက်ရှိကြောင်း၊ နို့ နှင့် နို့ ထွက် ပစ္စည်းများတွင် ပြည့်ဝအဆီပါဝင်သောကြောင့် သွေးတွင်မပျော်ဝင်နိုင်ဘဲ နှလုံးသွေးကြောများကို ဒုက္ခ ပေးလာနိုင်သည်ဟူသည့် အယူအဆဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောပြသည်။

 နို့ ထွက်ပစ္စည်းတွေက ကျန်းမာပြီးမျှတတဲ့အစားအသောက်တွေထဲမှာ အရေးပါပါတယ်။ နို့ ထွက်ပစ္စည်း အများစု ပြည့်ဝအဆီနဲ့ အငန်ဓါတ် ပါဝင်တယ်ဆိုတာမှန်ပေမယ့် မျှတစွာစားသောက်နေသရွေ့ နှလုံးအပါ အ၀င် အခြားသောရောဂါများကို ဖြစ်ပွားစေနိုင်ခြင်းက ထူးပြီးမပိုပါဘူး။ အလွန်အကျွံမစားဘဲ ပုံမှန်စားတာ မျိုးကို ဘေးကင်းစွာပြုလုပ်နိုင်ပါတယ်ဟု ၄င်းက ဖြည့်စွက်ရှင်းပြသည်။ ထို့ ကြောင့် အဆီပြည့် ဒိန်ခဲကိုလည်း နှလုံးရောဂါရှိ၍ဖြစ်စေ၊ နှလုံးရောဂါဖြစ်ပွားမည်ကို ကြိုတင်ကာကွယ် ရန်ဖြစ်စေ လုံးဝရှောင်ကြဉ်ခြင်း ပြုလုပ်ရန်မလိုအပ်ဘဲ သင့်တင့်မျှတစွာ စားသောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ