Sex education in schools လိင်ပညာ ကျောင်းတွေမှာ ဘယ်လိုပေးမလဲ


အိန္ဒိယကျန်းမာရေးဝန်ကြီးကနေ စာသင်ကျောင်းတွေမှာ လိင်ပညာရေးသင်တာဆန့်ကျင်တယ်လို့ သူပြောခဲ့တာကို ပြန်ရှင်းတဲ့သတင်း ၂၇-၆-၂ဝ၁၄ နေ့ထွက်လာပါတယ်။ ကျန်းမာရေးဝန်ကြီးသစ် (ဒေါက်တာ ဟာရက်ရှ် ဗာဒန်) က ရှင်းတာကတော့ (ဆိုး-ကော်လ်) လိင်ပညာပေးဆိုတာကိုသာ မလိုလားတာဖြစ်တယ်။ လိင်ပညာပေးစစ်မှန်တာကို မဆိုလိုပါ။ လိင်ပညာကို ပုံတွေနဲ့ မဖွယ်မရာထည့်သင်ကြားတာက မသင့်လျှော်ပါလို့ဆိုတာဖြစ်ပါတယ်တဲ့။

တခြားတိုင်းပြည်တွေမှာ လိင်ပညာပေးဘယ်လိုရှိသလဲသတင်းမျိုးတွေကို ရွေးထုတ်ပြီးရေးတာတွေရှိပါတယ်။ ဗြိတိန်မှာ ဆယ်ကျော်သက် ၃ ပုံ ၂ ပုံက လိင်ကျန်းမာရေး ပညာပေးတာကို ဆရာတွေကနေ ပေးထာထက် သူတို့ထက် နဲနဲကြီးတဲ့ လူငယ်-လူရွယ်ချင်းကနေ ပေးတာကို ပိုသဘောကျတယ်လို့ သုတေသနတခုက ၁၆-၁၁-၂ဝ၁၁ နေ့က ဆိုလိုက်ပါတယ်။ သူတို့ဆီမှာ Sex and relationship education (SRE) လိင်ကျန်းမာရေး နဲ့ အတူတွဲဆက်ဆံရေး ပညာပေးတာလို့ သုံးနှုန်းပါတယ်။

တရုပ်တက္ကသိုလ်တွေမှာ လိင်အကြောင်းနဲ့ အချစ်အကြောင်းတွေ မဖြစ်မနေသင်ပေးဘို့ ၁၅-၉-၂ဝ၁၁ နေ့မှာ ကျန်းမာရေးဝန်ကြီးဌာနကနေ ဆုံးဖြတ်လိုက်ပါတယ်။ ဒီစိတ်ပညာကို အရင်ကစိတ်ဝင်စားသူတွေသာ သင်ယူချင် သင်ယူနိုင်တဲ့ ဘာသာရပ်ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေနဲ့ စိတ်ပျက် လက်ပျက် ဖြစ်တာတွေကို လျော့နည်းစေဘို့ပါဘဲ။ ဒီသင်ရိုးတွေကို ပြီးခဲ့တဲ့ ဇွန်လကတည်းက ပြုစုခိုင်းထားခဲ့တာပါ။ ဘာလို့ အဲလိုဖြစ်လာသလဲဆိုတော့ တက္ကသိုလ်ကျောင်းသူကျောင်းသား အတော်များများဟာ ဖိအားတွေများတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ကုသမှုခံယူကြဘို့ လမ်းညွှန်ခံနေခဲ့ကြရလို့ ဖြစ်ပါတယ်။

အသက် (၁၈) နှစ်အရွယ် ဆေးကျောင်းသားသစ်ကတော့ ဒီဘာသာရပ်ကို ကျောင်းသားအများကြားမှာ သိပ်စိတ်ဝင်စားနေကြတယ်လို့ ပြောပါတယ်။ ဒီအထဲမှာ လိင်အကြောင်းနဲ့ မျိုးပွါးကျန်းမာရေးတွေ ပါဝင်တယ်။ တချို့ ကျောင်းသားတွေက ဒီဘာသာရပ်တွေကို မသင်မနေရလုပ်ဘို့တော့ မကောင်းဘူလို့လဲ ပြောနေတာရှိပါတယ်။ နောက်တယောက်တော့ ဒါကပျင်းစရာကောင်းပါတယ်ဗျာတဲ့။ ကျောင်းသားတိုင်းအတွက် မလိုလောက်ပါဘူးရှင်။ ကျမတို့ တက္ကသိုလ်ရောက်လာပြီဆိုကတည်းက ချစ်တာကြိုက်တာတို့ လိင်အကြောင်းတို့ သိနေကြပြီးသားပါလို့ ဘေဂျင်း တက္ကသိုလ်၊ စီးပွါးရေးစီမံခန့်ခွဲမှုမေဂျာ ကျောင်းသူကနေ မှတ်ချက် ပြုလိုက်တာပါ။

ယူကေနိုင်ငံက ComRes ကနေ လေ့လာမှုတခု ပြုခဲ့တယ်။ အသက် ၁၃ နှစ်ကနေ ၁၇ နှစ်ကြား လူငယ်လေးတွေရဲ့ ထက်ဝက်က သူတို့ဆရာတွေကို ဒီလိုမေးခွန်းမျိုးမေးရတာ ကသိကအောင့်နိုင်တယ်လို့ ပြောကြတယ်။ သူတို့ရတဲ့ အသိပညာမစုံလှဘူး ထင်တယ်လို့ဆိုသူ အရေအတွက်ကလည်း တဝက်ရှိတာတွေ့ရတယ်။ သုံးပုံတပုံကတော့ သူတို့ထက် နည်းနည်းကြီးတဲ့ လူငယ်လူရွယ်ချင်းကနေပေးတာကို ပိုပြီးသဘောကျကြတယ်။ အစိုးရအနေနဲ့ လူမှုရေးနဲ့ လိင်ပညာရေး အပါအဝင် ကျန်းမာရေး ပညာရေးလုပ်ပေးရာမှာ လူပုဂ္ဂိုလ်တွေရဲ့ ကဏ္ဍကို လေ့လာနေပါတယ်။ လက်ရှိအခြေအနေမှာ ဆရာ-ဆရာမတွေအနေနဲ့ အထူးကျွမ်းကျင်မှု သင်တန်းမျိုး မလိုကြပါ။ ကျောင်းသားတွေအဖို့လဲ သူတို့ မိဘတွေကနေ တောင်းဆိုမှုရှိမှသာ သင်ယူချင် သင်ယူလို့ ဖြစ်ပါတယ်။

ဥပဒေအရ ကျောင်းသားတိုင်းဟာ မျိုးပွါးစနစ်ရဲ့ ဇီဝဗေဒကိုတော့ သင်ယူကြရတယ်။ Sexuality လိင်မှုအရေး၊ Sexual relationships လိင်ဆက်ဆံရေး၊ Family planning မိသားစုစီမံကိန်း ပညာပေးတာတွေကတော့ မသင်မနေရထဲမှာ မပါပါ။ ဒါကို ပြင်တော့မယ်လို့ ဆိုတာကိုလဲ မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။

Family Planning Association (FPA) မိသားစုစီမံကိန်း အဖွဲ့အစည်းကတော့ ဒီလိုဟာတွေပါ ဥပဒေထဲထည့်ဘို့ (ကင့်ပိန်း) လုပ်နေတယ်။ အစောပိုင်းမှာ သင်ကြားမှုညံ့တာဟာ နောက်ပိုင်းမယ် ဆိုးဝါးတဲ့နောက်ဆက်တွဲတွေ ရစေနိုင်တယ်လို့ သူတို့ကထောက်ပြကြတယ်။ Rebecca Findlay ကနေပြောတာက ဆိုပါစို့ ပထဝီသင်နေတဲ့ ဆရာ-ဆရာမတယောက်၊ အသက် ၂၆ နှစ်၊ သူ့ကို ချက်ချင်းဘဲ လိင်ကျန်းမာရေးပါ သင်ပေးပါဆိုမယ်။ ဒီပညာဟာ (စပါယ်ရှယ်) ဘာသာရပ်ပါ။ ဒီအချက်ကို သိဘို့လိုပါတယ်။ ရွယ်တူသူငယ်ချင်းချင်း သင်ပေးတာမျိုးက အစိတ်အပိုင်းတခုသာ ဖြစ်သင့်တယ်။ အရည်အချင်းပြည့်ဝတဲ့ ဆရာဆရာမတွေလဲ လိုပါတယ်တဲ့။

သတ္တဗေဒသင်ရသလို မဟုတ်ဘူး။ ကျမတို့ဟာ လူငယ်လေးတွေကို ကျွမ်းကျင်မှုရော၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရော၊ ကိုယ့်တန်ဘိုးကိုရော သိအောင် သင်ပေးရမယ်။ ဒါမှ သူတို့ဟာ လိင်အရေးနဲ့ ပတ်သက်လာရင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ကြလိမ့်မယ်တဲ့။ ပြည့်စုံမှန်ကန်တဲ့ သတင်းအချက်အလက်တွေ၊ လမ်းညွှန်တွေ မပြည့်စုံရင် တနေ့မှာ လိင်ပိုင်းဆိုင်ရာစော်ကားမှုတို့ လှည့်စားခံရတာတို့ ဖြစ်လာစေနိုင်တယ်တဲ့။

ဗြိတိန်နိုင်ငံနဲ့ မြန်မာနိုင်ငံ မတူပါ။ တရုပ်နိုင်ငံနဲ့လည်းမတူပါ။ သူတို့ဆီမှာ သာတာတွေရှိသလို၊ ချာတာလို့ ကျွန်တော်တို့က မြင်တာတွေရှိတယ်။ ကိုယ့်နိုင်ငံက ကိုယ့်လူမျိုးတွေကို အကောင်းဆုံးပညာတွေပေးဘို့တော့ လိုအပ်နေတယ်။ သုတေသန ကောင်းကောင်းတွေ ရှိရမယ်။ ဆန်းစစ်မှုတွေ၊ အယူအဆတင်ပြခွင့်တွေ ကျယ်ကျယ်ပြန့်ပြန့်နဲ့ သိက္ခာရှိရှိ ငြင်းခုန်မှုတွေကနေ ကောင်းတာတွေကိုထုတ်ပြီး ဥပဒေလုပ်သင့်တယ်။ အချိန်ယူသင့်ပါတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ