Proton beam machine ပရိုတွန်ရောင်ခြည်စက်


ယူကေနိုင်ငံ နယူးပို့ဆေးရုံအတွက် ပဌမဆုံး ပရိုတွန်ရောင်ခြည်စက်ရောက်ရှိလာတဲ့သတင်း ကနေ့ထွက်ပါတယ်။ ကင်ဆာကုသပေးဖို့ဖြစ်ပါတယ်။ ပရိုတွန်ရောင်ခြည်ဟာ စွမ်းအာမြင့်အင်နာဂျီထုတ်ပေးတယ်။ သုံးနေဆဲ ဓါတ်ရောင်ခြည်ထက် သာတယ်။ ရူသာဖို့ဒ်ကင်ဆာဌာနကနေ တနှစ်မှာ လူနာ ၅ဝဝ ကို ကုသပေးနိုင်မယ်လို့ဆိုပါတယ်။

ပစ်မှတ်အတိကျဆီကို ရောင်ခြည်လွှတ်ပေးနိုင်တယ်။ ခါးရိုးဆစ်ကင်ဆာကို ကုသရင် ဘေးကအာရုံကြောတွေကို ထိခိုက်မှုနည်းစေမယ်။ အရင်ကဆိုရင် ယူကေကလူနာတွေ ယူအက်စ်နဲ့ ဆွစ်ဇာလန်သွားကုသရတယ်။ ပေါင် တသိန်းတသောင်းခွဲကုန်ကျစေတယ်။

ပရိုတွန်ရောင်ခြည်စက်သုံးရင် ဓါတ်ရောင်ခြည်နည်းနည်းသာလိုမယ်။ တိကျတယ်။ ဘေးကိုထိခိုက်တာနည်းစေမယ်။ ကင်ဆာအမျိုးမျိုးအတွက်သုံးနိုင်တယ်။ ဦးနှောက်၊ အစာမျိုပြွန်၊ မျက်စိ၊ အစာလမ်း၊ ရင်သား၊ သားဖွားလမ်း၊ နှလုံး၊ အသည်း၊ အဆုပ်၊ လင်ဖိုးမား၊ ဆီးကျိတ်၊ ခါးရိုးမကြီးနဲ့ ကလေးကင်ဆာတွေ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ