Paracetamol (ပါရာစီတမော) ဆေး


၁။ ဆရာရှင့် ကျွန်မကလေး အသက်က ၂ နှစ် ၃ လ မိန်းကလေးပါ။ ကလေးက ဖျားတာ ၃ရက်ရှိပါပြီ။ အဖျားကတက်ရင် ၁၀၃ ထိရှိပါတယ်၊ ကလေးက ဆေးတအားကြောက်ပြီး တိုက်သမျှ ထွေးထုတ်ပါတယ်။ ဆရာဝန်က အဖျားတအားကြီးရင် ထည့်ဖို့ဆိုပြီး suppo 250mg ပေးလိုက်ပါတယ်။ ကလေးက သောက်ဆေး လုံးဝမဝင်တော့ suppo ကိုပဲ ၆ နာရီခြားတခါ ထည့်နေလို့ ရပါသလား။ အကယ်၍ စအိုထဲထည့်တာ ခဏခဏမထည့်သင့်ဘူးဆိုလျှင်လည်း ဆေးကြောက်တဲ့ ကလေးအတွက် နည်းလမ်းကောင်းလေးရှိရင် ပြောပြပေးစေချင်ပါတယ်၊ နို့ဗူးဖျော်တိုက်တဲ့အထဲ ဆေးပါရောထည့် ဖျော်ရင်ရော ဆေးအာနိသင် ရနိုင်ပါသလား။

၂။ ဆရာမင်္ဂလာပါရှင့် ဒီနေ့သမီးလေး ကိုယ်နွေးနေလို့ ဆေးရုံသွားပြပါတယ်ရှင့်။ စမ်းသပ်တဲ့ဆရာဝန်က ဘေဘီဂျက်စစ်ကို 2.5ml တိုက်လို့ရတယ်ပြောပါတယ်။ ဆေးပေးတဲ့နေရာရောက်တော့ သူနာပြုက 1.5ml တိုက်ဖို့ ပြောပါတယ်။ သမီးလေးက အသက် ၉ လပါ။ ကိုယ်အလေးချိန် 9k ရှိပါတယ်။ အဖျားက ၁၀၀ ဒီဂရီ ဖာရင်ဟိုက်ပါဆရာ။ ဆေးကို ဘယ်လောက်ပမာဏကအဆင်ပြေပါသလဲဆရာ။

၃။ ဆရာ ကျွန်မသမီးလေးက အသက် ၁၀ လပါ။ ပေါင်ချိန် ၂၀ ပေါင်ရှိပါတယ်။ ဖျားလို့ ဆေးခန်းပြတော့ ကလေးဆရာဝန်က ဒုံးကျည် Para denk 125 suppos ကို ၄ နာရီခြား သို့မဟုတ် ၅ နာရီခြား ထည့်ပေးလို့ ပြောလိုက်ပါတယ်။ ရပါသလား။ ဆေးရောင်းဆိုင်တွေက အသက် ၂ နှစ်ကျော် မှ suppos ကို သုံးတာ ကောင်းတယ်ပြောလို့  ဒွိဟဖြစ်နေပါတယ်။ ကျေးဇူးပြု၍ ဖြေကြားပေးပါရှင့်

ပါရာစီတမောဟာ အများကြီးသုံးပြီး နာတာနဲ့ ဖျားတာအတွက် ထိရောက်တဲ့ဆေးလဲဖြစ်တယ်။ ကာကွယ်ဆေးထိုးလို့ ကိုယ်ပူတာအတွက်ပါပေးနိုင်တယ်။ တချို့ကို ဆေးကောင်တာမှာ အလွယ်ဝယ်နိုင်သလို တချို့ကြ ဆရာဝန်လက်မှတ် လိုပါတယ်။ ဗြိတိန်မှာ ၆ လသား ကလေးတွေထဲက ၈% ဟာ ဒီဆေးသောက်ဘူးကြတယ်။ ကလေးတွေအတွက် ရည်ရွယ်ပြီး ဆေးရည်အနေနဲ့ ရောင်းပါတယ်။ အစဉ်အလာအရ ဆေးကို ကိုယ်အလေးချိန်နဲ့ ဘယ်လောက်ပေးမလဲ ဆုံးဖြတ်ပါတယ်။ တခါတလေမှာ လက်တွေ့မကျတာရှိတယ်။

ဆေးတွေမှာ တခါသောက်ဘယ်လောက်နဲ့ Course ဘယ်နှစ်ရက်တိုက်ရမယ်ဆိုတာရှိတယ်။ ပါရာစီတမောလ်မှာ Course မရှိပါ။ လိုအပ်ချိန်မှာတိုက်ရတဲ့ ဆေးဖြစ်တယ်။ မလိုတာနဲ့ ရပ်လိုက်လို့ရတယ်။ ဆေးတိုက်များတာရှိတယ်။ အသည်းကို ထိခိုက်တယ်။

ပါရာစီတမောအရည် ၂ဝ၁၁ နိုဝင်္ဘာ လမ်းညွှန်ချက်အသစ်
(က) Infant paracetamol suspension (120 mg/5 mL) (ပါရာစီတမော) ကလေးဆေးရည်
၂-၃ လအရွယ်၊ လစေ့မွေးထားတဲ့ကလေး၊ ၄ ကေဂျီကျော်ကလေး၊ ကာကွယ်ဆေးထိုးလိ့ ကိုယ်ပူတာ နဲ့ ကိုယ်ပူတာ၊ နာတာတွေအတွက် 2⋅5 mL တကြိမ်၊ ဒါမှမဟုတ် ၄-၆ နာရီခြားပြီး နောက်တကြိမ်။
• ၂ လအောက်ကလေး မပေးရ၊ ကိုယ်ပူရင် ရေအေးဝတ်သာတိုက်ပါ။
• တနေ့မှာ ၂ ခါထက်ပိုမပေးရ၊
• တခါနဲ့တခါ ၄ နာရီထက် မနီးရ၊
• ၃-၆ လအရွယ်၊ ကိုယ်ပူတာ၊ နာတာတွေအတွက် 2⋅5 mL တနေ့ ၄ ကြိမ်၊
• ၆-၂၄ လ အရွယ်၊ 5 mL တနေ့ ၄ ကြိမ်၊
• ၂-၄ နှစ် အရွယ်၊ 7⋅5 mL တနေ့ ၄ ကြိမ်၊
• ၄-၆ နှစ်အရွယ်၊ 10 mL တနေ့ ၄ ကြိမ်၊
• တနေ့ ၄ ကြိမ်ထက် မပိုစေရ၊
• တကြိမ်နဲ့ တကြိမ် ၄ နာရီထက် မနီးစေရ၊
• ဆရာဝန်ကမညွှန်ဘဲ ၃ ရက်ထက်ပိုမပေးရ၊

(ခ) Paracetamol six plus suspension (250 mg/5 mL) အသက် ၆ နှစ်အထက်ကလေးတွေအတွက် (ပါရာစီတမော) ဆေးရည်
• ၆-၈ နှစ်ကလေး၊ 5 mL တနေ့ ၄ ကြိမ်၊
• ၈-၁ဝ-နှစ်ကလေး၊ 7⋅5 mL တနေ့ ၄ ကြိမ်၊
• ၁ဝ-၁၂ နှစ်ကလေး၊ 10 mL တနေ့ ၄ ကြိမ်၊
• ၁၂-၁၆ နှစ်ကလေး၊ 10–15 mL တနေ့ ၄ ကြိမ်၊
• တနေ့ ၄ ကြိမ်ထက် မပိုစေရ၊
• တကြိမ်နဲ့ တကြိမ် ၄ နာရီထက် မနီးစေရ၊
• ဆရာဝန်ကမညွှန်ဘဲ ၃ ရက်ထက်ပိုမပေးရ၊
• ၆ နှစ်အောက်ကလေး မပေးရ၊

ဘေးထွက်သက်ရောက်မှုတွေ
• ဆေးများများပေးရင် (တနေ့မှာ 2,000 mg ထက်ပိုရင်) အစာလမ်းကြောင်းအထက်ပိုင်း (အစာအိမ်) ကနေ သွေးယိုလာနိုင်တယ်။
• ဆေးကို သိပ်ကြာကြာသုံးရင် (တနှစ်မှာ 300 gm ဒါမှမဟုတ် တနေ့မှာ 1 gm) ပေးရင် Small Indented and Calcified Kidneys ဆိုတာ ဖြစ်စေနိုင်တယ်။ ကျောက်ကပ်မကောင်းရင်လဲ မပေးသင့်ဘူး။
• Hepatotoxicity အသည်းကို ထိခိုက်စေတယ်။
• ဆေးကို ခဏခဏသုံးတာ များလာရင် ဆေးအဆတိုးမှ သက်သာစေတယ်။
• အရက်သောက်တာ၊ အစာမစားဘဲနေတာ၊ အစာစားချင်စိတ် မရှိသူတွေမှာ ဆေးရဲ့ ဘေးထွက်-ဆိုးကျိုး ပိုရစေနိုင်တယ်။
• တီဘီ ဆေးတွေထဲက Isoniazid (INH) နဲ့ တွဲမပေးသင့်ဘူး။
• ကိုယ်ဝန်ဆောင်နဲ့ ကလေးနို့တိုက်နေသူတွေ ဆရာဝန်နဲ့ တိုင်ပင်သောက်ရမယ်။
• Paracetamol နဲ့အတူ တခြား အနာ-အကိုက်သက်သာဆေး (Aspirin, Ibuprofen, Mefenamic acid. Diclofenic) နဲ့ ရောထားတာသုံးရင်လဲ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ရမယ်။
• ၁၂-၁၁-၂ဝ၁၁ နေ့က (ပါရာစီတမော) ဆေးနဲ့ တခြားဆေးတမျိုးမျိုးကို တွဲရောင်းတာမှန်သမျှ တပြား-တတောင့်မှာ Paracetamol 325 mg ထက် ပိုပြီး မပါစေဘို့ ထုတ်ပြန်လိုက်ပါတယ်။
• သွေးကျဲဆေး၊ ကိုယ်ဝန်တားဆေးတွေနဲ့ အတူသောက်ရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ပါရာစီတမောလ်ဆေးပြားကနေ ကိုယ်ပူ၊ အနာ၊ အရော်တွေကို သက်သာစေမယ်။ မဖျားလည်းတိုက်စရာလိုတာတွေ ရှိတယ်။ တချို့မှာ မနာပေမယ့် ရောင်နေရင်တိုက်ရတယ်။ ဥပမာ ကလေးနားထဲရေဝင်တာ။

လူကြီး (၁၂ နှစ်အထက်) အနာ + အဖျားအတွက် = 325 မှ 650 mg မှ 1000 mg ကို ၄-၆ နာရီခြား။
ကလေး ၁-၂ လအောက် = 10 to 15 mg/kg/dose ကို ၄-၆ နာရီခြား။
တလမှ ၁၂ နှစ်အထိ = 10 to 15 mg/kg/dose ကို ၄-၆ နာရီခြား၊ ၂၄ နာရီအတွင်း ၅ ကြိမ်ထက်မများရ။

Paracetamol 125mg per suppository ပါရာစီတမော ဒုံးကျည်ခေါ်ကလေးစအိုထဲထည့်ဆေးတောင့်
၆ လမှ ၃ နှစ် = ၈ - ၁၄ ကေဂျီ = တခါတည့် ၁ တောင့်၊ တနေ့ ၄ ကြိမ်ထက် မပိုရ။
၎ နှစ်မှ ၅ နှစ် = ၁၆ - ၁၈ ကေဂျီ = တခါတည့် ၂ တောင့်၊ တနေ့ ၄ ကြိမ်ထက် မပိုရ။ (၁ ကေဂျီ = ၂့၂ ပေါင်)

Dr. တင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ