Pancreatic cancer သရက်ရွက်ကင်ဆာ


၁။ ဆရာရှင့် အဘွားအသက်က ၆၉နှစ်ပါ။ ပန်ခရိယ ကင်ဆာနောက်ဆုံးအဆင့်လို့ပြောပါတယ်။ အဲ့ဒီ့ကင်ဆာအကြောင်းလေး သိချင်လို့ပါဆရာ။

၂။ မင်္ဂလာပါဆရာ။ သရက်ရွက်ကင်ဆာကို အင်္ဂလိပ်လိုစာလုံးပေါင်းလေးသိပါရစေဆရာ။ Massage box ကမေးမိတဲ့အတွက် ခွင့်လွှတ်ပါနော် ဆရာ့ရဲ့စာဖတ်ပရိတ်သတ် တယောက်ပါ လေးစားလျက် ကင်ဆာနဲ့ ပတ်သတ်တဲ့ပို့စ်တွေကို အရင်ရှာပြီးမှ မေးတာပါဆရာ။ သရက်ရွက်ကင်ဆာပို့စ်ကို ရှာမတွေ့လို့ပါ။

၃။ ကျွန်မဦးလေးက အသက် ၄၅ နှစ်ပါ။ သရက်ရွက်ကင်ဆာလို့ ပြောပါတယ်ဆရာ။ ဖြစ်တာမကြာသေးပါဘူး။ ဟိုတလောကမှ ဗိုက်တွေအောင့်လာလို့ဆိုပြီး မန္တလေးကိုသွားပြလိုက်တော့မှ CT Scan ရိုက်လိုက်တော့မှ ကင်ဆာ ဖြစ်နေပြီတဲ့ဆရာ။ အဲ့ဒါကုလို့ရနိုင်အုံးမလားဆရာ။ ဘယ်လိုလုပ်ရမလည်းဆရာ။ လမ်းညွှန်ပေးပါဆရာ။ နိုင်ငံခြားမှာ ကုရင်ရော ပျောက်နိုင်လားဆရာ၊ ကူညီပေးပါ။

သရက်ရွက်ကင်ဆာထဲမှာ ၉၅% က Adenocarcinoma အမျိုးအစားဖြစ်တယ်။ ကျန်တာက Neuroendocrine tumors ဖြစ်တယ်။ ကင်ဆာကြောင့် သေဆုံးရသူများစာရင်းထဲမှာ အမေရိကားဆိုရင် နံပါတ် ၄ နေရာ၊ တကမ္ဘာလုံးဆိုရင် ၈ နေရာမှာ ရှိတယ်။

ဖြစ်ကာစ ဘာမှမခံစားရသေးဘူး။ ဒါကြောင့် နောက်ကျမှသာ ရောဂါရှိနေတာကို သိရတာများတယ်။ ဗိုက်အပေါ်ပိုင်း နာမယ်။ နာရင် နောက်ကျောအထိနာမယ်။ ရင်ခေါင်းပူမယ်။ လေအောင့်သလို နေမယ်။ အစာစားချင်စိတ်ပျက်မယ်။ ပျို့ချင်အန်ချင်မယ်။ ဝမ်းပျက်မယ်။ လူက ပိန်လာမယ်။ ဆီး (အသား) ဝါမယ်။ ၇၅% မှာဖြစ်တဲ့ သရက်ရွက်ရဲ့ ခေါင်းပိုင်းမှာဖြစ်ပြီး သည်းခြေလမ်းကိုပိတ်နေရင် ဝမ်းအရောင် ပျော့နေမယ်။ အသားဝါနဲ့အတူ ယားယံမယ်။ Trousseau syndrome ခေါ်တဲ့ သွေးခြေဥစမ်းသပ်နည်းဖြစ်မယ်။ အဆုပ်သွေးကြော ပိတ်နိုင်တယ်။ ဆီးချိုပါဖြစ်လာမယ်။ ကင်ဆာက တခြားနေရာပြန့်လာရင် အဲဒီအတွက်လဲ ခံစားလာရမှာတွေပါ တွဲရှိနေမယ်။

ယောက်ျားတွေက မိန်းမတွေထက် ၃ဝ% ပိုအဖြစ်များတယ်။ မိသားစုလိုက်တာ ၅-၁ဝ% ရှိတယ်။ အသက်ကြီးမှဖြစ်တယ်။ ၆ဝ ကျော်မှာများပြီး ၄ဝ အောက်နည်းတယ်။ ဆေးလိပ် သောက်သူတွေ၊ အစားအသောက်မှာ အသီးအရွက်နဲ့ နည်းသူတွေ၊ အသားစားများသူတွေ၊ အချိုစားများသူတွေ၊ ဝသူတွေ၊ Helicobacter pylori infection ပိုးဝင်ခံရသူတွေ၊ Gingivitis or periodontal disease သွားဖုံးရောဂါရှိသူတွေနဲ့ Partial gastrectomy အစာအိမ်ခွဲထားသူတွေမှာ အဖြစ်များတာ တွေ့ရတယ်။

Axial CT image (စီတီ စကင်) ကို ဆေးထိုးပြီးရိုက်ရင် သိမယ်။

• Exocrine pancreas cancer အမျိုးအစားကို ခွဲစိတ်ကုသပေးမယ်။ အဆင့်အပေါ်မှာမူတည်တယ်။ ခေါင်းပိုင်း ဆိုတမျိုး၊ အမြီးပိုင်းဆိုတမျိုးခွဲတယ်။ ခွဲပြီးရင် Chemotherapy ကင်ဆာဆေးပေးမယ်။ Gemcitabine ဆေးကို သုံးတာများတယ်။ တပါတ် ၁ ခါ သွေးကြောထဲထိုးတယ်။ Radiation ဓါတ်ကင်တာလဲလုပ်နိုင်တယ်။ Erlotinib (Tarceva) ဆေးနဲ့တွဲပေးတာလဲ လုပ်တယ်။
• Pancreatic neuroendocrine tumors အမျိုးအစားဆိုရင် ကင်ဆာဆဲလ်မဟုတ်လို့ စောင့်ကြည့်ရသေးတယ်။ လိုအပ်လာရင်ခွဲစိတ်မယ်။ တချို့ကို ဟော်မုန်းပေးကုသမယ်။ Octreotide ကိုသုံးတယ်။ ဓါတ်ကင်တာလဲ လုပ်နိုင်တယ်။ Chemotherapy ကင်ဆာဆေးပေးတာလဲလုပ်တယ်။

မေးတဲ့သူကို အားပေးရာမကျမှာတော့ စိုးရိမ်ပါတယ်။ Exocrine pancreatic cancer အမျိုးအစားက ဆိုးတယ်။ ၅ နှစ် နေနိုင်တဲ့ရာခိုင်နှုန်းက ၆% နဲ့ ၁ နှစ်နေနိုင်သူက ၂၅% အသီးသီးရှိတယ်။ ပျမ်းမျှ ၁၅% ရှိတယ်။ ၁၉၉ဝ တုံးက သရက်ရွက်ကင်ဆာနဲ့ ကွယ်လွန်သူ ၂ သိန်းရှိရာကနေ ၂ဝ၁ဝ ခုနှစ်မှာ ၃ သိန်း ၁ သောင်းအထိတိုးလာတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ