နာတာရှည်ရောဂါတွေဖြစ်တဲ့ နှလုံးသွေးကြောကျဉ်းရောဂါ၊ ဆီးချိုရောဂါအမျိုးအစားနှစ်မျိုး ကနေဖြစ်ပေါ်တတ်တဲ့ အသားအရေဖူးရောင်တာ၊ နာကျင်တာ စတဲ့ရောဂါဝေဒနာတွေကို ပဲအမျိုးမျိုးစားသုံးပေးတာနဲ့ သက်သာလျော့ပါးအောင် ပြုလုပ်စေနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။
တစ်ပတ်ကို ပဲနဲ့အစေ့အမျိုးအစား အနည်းငယ်စားသုံးပေးတာ ဒါမှမဟုတ် အသားအစား ပဲကို ထမင်းနပ်တွေမှာ ထည့်သွင်းစားသုံးပေးတာဟာ အခုလိုအကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်တာကနေ လျော့ပါးစေတာဖြစ်တယ်လို့ ဘော်စတွန်မှာရှိတဲ့ ဘာမင်ဂမ်အမျိုးသမီးဆေးရုံက သုတေသီတွေက ဆိုခဲ့ပါတယ်။
ပဲတွေမှာ မက်ဂနီဆီယမ်၊ အမျှင်ဓာတ်၊ L-arginine, အန်တီအောက်ဆီးဒန့်နဲ့ အကျိုးပြုစေတဲ့ ဖက်တီးအက်ဆစ်တွေပါဝင်တာကြောင့် ပရိုတိန်းတွေကိုထောက်ပံ့ပေးပြီး ရောင်ယမ်းနာကျင်မှုတွေကနေ လျော့ပါးစေနိုင်တာပါ။
သုတေသီတွေဟာ တစ်ပတ်ကို ငါးရက်တိုင်ပဲအမျိုးမျိုးစားသုံးသူတွေအနေနဲ့ နီရဲတဲ့အသား၊ သာမန်အသား၊ ဥအမျိုးမျိုးနဲ့ ဂျုံတွေကို စားသုံးသူတွေထက်စာရင် ဒီလိုနာကျင်ရောင်ရမ်းခြင်းတွေကို ပိုမိုသက်သာစေတာကို တွေ့ခဲ့ရတာပါ။
( Beauty Syh )
#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)
Ref: UPI