Cellulite Injection ဆဲလူးလိုက်ထိုးဆေး


ဆရာရှင့် လတ်တလော Aesthetic Clinics တွေမှာ ခေတ်စားနေတဲ့ Cellulite Injection ခေါ် အဆီကျထိုးဆေး အကြောင်း သိချင်လို့ပါ။ Google မှာ ရှာကြည့်တော့လဲ information တွေ ပြန့်ကျဲပြီး တိတိကျကျ နားမလည်လို့ ဆရာ့ကိုပဲ အားကိုးပြီး မေးလိုက်ရပါတယ်ဆရာ။ Ingredients တွေ Short term Long Term Effectsတွေ စသဖြင့် သိမှတ်သင့်သမျှလေးတွေ ဖြေကြားပေးပါဦးရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။

မေးတဲ့သူ အသက် မသိ။ အချက်အလက်တွေ မသိပါ။ ဆဲလူးလိုက်ထိုးဆေးကိုမေးတယ်။ အသံထွက်ကို ဆလိမ်နဲ့ ရေးရမှာမှန်သမျှ စလုံးသံထွက်ရေးနေကြတယ်။ စူပါမင်း မှားတယ်။ စူပါမားက် မှားတယ်။ စူနာမီ မှားတယ်။ အာထွာစောင်း မှားတယ်။ စူရှီး မှားတယ်။ စဲလူးလိုက် မှားတယ်။

Cellulite (ဆယ်လူလိုက်) ဆိုတာ အဆီပိုဖြစ်တာကို Cottage cheese လို့တင်စားခေါ်တာကို မိန်းကလေးတွေက မရှိစေချင်ကြဘူး။ ဆိုးတာက Cellulite ဆိုတဲ့ အဆီတွေ ရောင်နေတာဆိုရင် တင်ပါး၊ ပေါင်တွေမှာ Dimpled skin ချိုင့်ခွက်ငယ်လေးတွေ ဖြစ်နေမယ်။ လေ့ကျင့်ခန်းလုပ်တာ သက်သာနိုင်တယ်။ Cellulite creams လိမ်းဆေးတွေက အသုံးကျလား ပြောမရဘူး။ Caffeine ပါတာဆိုရင် ရေတိုသက်သာစေနိုင်တယ်။

နည်းတွေအများကြီးရှိတယ်။
Liposuction
Subcision
Injectables
Mesotherapy
Endermologie
Massage
Thermotherapy
Topical Ointments
Herbals
Lasers
Shock Wave Therapy

ထိရောက်မှု သုတေသနတွေကလည်းအမျိုးမျိုးရှိတယ်။ ၁၆ နှစ်သမီးရဲ့ အရွယ်၏ကောင်းခြင်းကို ၃ဝ ကျော်၊ ၄ဝ ကျော်တွေ မရနိုင်တော့ပါ။ လှတာထက် ကြည့်ကောင်းပြီး ကျန်းမာဘို့ကို ပိုတန်ဖိုးထားပါ။ အသားဖြူဆေး၊ အရပ်ရှည်ဆေး၊ ပိန်ဆေး၊ ဝဆေး၊ ကျဉ်းဆေးတွေ။ အမာရွတ်ပျောက်ဆေးလို ကြော်ငြာဆေးတွေအားလုံး သတိကြီးကြီးထားသင့်ကြပါတယ်။

ကြော်ငြာထဲက မော်ဒယ်လှလှလေးတွေက အဲဒီဆေးမျိုးမပေါ်ခင်ကတည်းက လှနေကြတာ။ ဘီဖိုး-အာဖတာပုံတိုင်းလည်း မယုံပါနဲ့ ဓါတ်ပုံကို လိုသလိုပြင်နည်း လူကြီးမင်းက ပိုတောင်တတ်တယ်မဟုတ်လား။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ