Green Tea ကို နေ့စဉ်သောက်သုံးသင့်တဲ့ အကြောင်းအရင်းများ



 Green Tea ကရရှိတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများကြောင့် အခုအခါ ကမ္ဘာအနှံအပြားမှာ Green Tea ကို သောက်သုံးနေကြလျက်ရှိပါတယ်။ ဒီလို လူအများစု သောက်သုံးနေကြတဲ့ Green Tea မှာ ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်သလဲ ၊ ဘာရောဂါတွေ ကာကွယ်ပေးနိုင်တာလဲဆိုတာကို ဖော်ပြပေးသွားပါမယ်။

 Green Tea ကြောင့် အသက်အန္တရာယ်ကို အကြီးမားဆုံးဒုက္ခပေးနိုင်တဲ့ ကင်ဆာရောဂါရဲ့ဒဏ်မှ ကာကွယ်ပေးစေနိုင်ပါတယ်။ Green Tea မှာပါဝင်တဲ့ Antioxidants ဓါတ်တွေဟာ Vitamin C ထက် အဆပေါင်းတစ်ရာ ၊ Vitamin E ထက် အဆပေါင်း ၂၅ဆလောက်ကို အာနိသင်ရှိပါတယ်။ ဒီဓါတ်တွေကနေ ကင်ဆာရောဂါကို ခံနိုင်ရည်ရှိစေတဲ့ ဆဲလ်တွေကို ထုတ်ဝေပေးနိုင်ပါတယ်။ ဒီ Antioxidants ဓါတ်ကြောင့် အသက်အရွှယ်ကြီးရင့်လာမှုကို တားဆီးပေးနိုင်တဲ့အပြင် အရေပြားကင်ဆာရောဂါကိုလည်း တားဆီးပေးနိုင်ပါတယ်။

 Green Tea ဟာ အဆဲရောင် အဆစ်အမြစ်ကိုက်ခဲမှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဖူအိုရိုက်ဒ်ဓါတ် ပါဝင်မှုများပြားတာကြောင့် အရိုးတွေကိုလည်း သန်စွမ်းစေနိုင်ပါတယ်။ ဒါ့အပြင့် Green Tea မှာ ကိုလက်စရောအဆင့်ကို ထိန်းညှိပေးနိုင်တဲ့ အစွမ်းသတ္တိပါဝင်တာကြောင့် ကိုယ့်အတွင်းက မကောင်းတဲ့ကိုလက်စရောအဆင့်ကို လျော့ချပေးနိုင်ပြီး ကောင်းတဲ့ကိုလက်စရောကို ထိန်းထားပေးနိုင်ပါတယ်။

Green Tea ကို သောက်သုံးခြင်းဖြင့် မှတ်ညဏ်စွမ်းအားကို ကောင်းမွန်စော အယ်ဇိုင်းမားရောဂါကိုလည်း သက်သာစေနိုင်ပါတယ်။ အယ်ဇိုင်းမားရောဂါဖြစ်နေလို့ ကုသမှုမခံပဲ Green Tea ကိုသာ သောက်သုံးပေးသွားမယ်ဆိုရင်တောင် အယ်ဇိုင်းမားရောဂါကို အဓိက ဖြစ်ပွားစေတဲ့ ဦးနှောက်အတွင်းက အက်ဆီတိုင်ကလိုရင်းထုတ်လုပ်မှုကို လျော့ချပေးနိုင်ပါတယ်။ ဒါတွေမကပဲ Green Tea ဟာ နှလုံးရောဂါနဲ့ အသည်းရောဂါများကိုလည်း ကာကွယ်ပေးနိုင်တာကြောင့် နေ့စဉ်သောက်သုံးဖို့ လိုအပ်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

( VitamiN )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : ba-bamail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ