အမျိုးသမီးများတွင် အကိုက်အခဲပျောက်ဆေး ရေရှည်သုံးစွဲမှုနှင့် အကြားအာရုံချို့ ယွင်းမှုနှင့်ဆက်နွယ်နေ


အကြောင်း အမျိုးမျိုးကြောင့် အကိုက်အခဲ ပျောက်ဆေးများကို ရေရှည် သောက်သုံးသော အမျိုးသမီးများတွင် အကြားအာရုံ ချို့ ယွင်းနိုင်သည်ကို လေ့လာတွေ့ ရှိရကြောင်းနှင့် အထူးသဖြင့် အက်စီတမိုင်နိုဖင်၊ အိုဗျူပရိုဖင် အစရှိသည့် အကိုက်အခဲ ပျောက်ဆေးများကို ၆-နှစ်ထက် မနည်း ရေရှည်သောက်သုံး လာသော အမျိုးသမီး များ တွင် အကြား အာရုံချို့ ယွင်းနိုင်ခြေ မြင့်မားသည် ကိုတွေ့ ရှိရကြောင်း အမေရိကန် သုတေသီ များက ပြောသည် ။

 အကိုက်အခဲပျောက်ဆေးတွေဟာ ကျန်းမာရေးရှုပ်ထွေးမှုတွေကို ဖြစ်စေနိုင်ပါတယ်။ Painkiller တို့ ၊ Analgesic တို့  လိုဆေးတွေကို နည်းနည်းလေးသောက်တယ်ဆိုရင်တောင် အနည်းအကျဉ်း ရှုပ်ထွေးမှုကိုတော့ ဖြစ်စေနိုင်ပါတယ် ။ အမျိုးသမီးတွေရဲ့  ခန္ဓာကိုယ်ဖွဲ့ စည်းပုံနဲ့  ဇီဝကမ္မဖြစ်စဉ်တို့ ဟာ အစကတည်းက ရှုပ်ထွေးပါတယ် ။ အဲဒီရှုပ်ထွေးမှု ကို အကိုက်အခဲပျောက်ဆေးတွေမှာ ပါဝင်တဲ့ ဓါတုပစ္စည်းတွေက ပိုရှုပ်ထွေးစေပြီး ထူးထူးဆန်းဆန်း အကြားအာရုံကို သွားထိခိုက်တာတွေ့ ရပါတယ် ဟု ဟားဗတ်ဆေးတက္ကသိုလ်မှ သုတေသီတစ်ဦးက ပြောပြသည် ။

 အမေရိကန်ပြည်ထောင်စုတွင် အက်စပရင် ကဲ့သို့  analgesic များ၊ NSAID ကဲ့သို့  အကိုက် အခဲပျောက်ဆေးများကို လွန်ခဲံသည့် နှစ် ၂၀ ခန့် မှစတင်ကာ လူအများသုံးစွဲမှု များလာခဲ့ခြင်းဖြစ်ကြောင်း ၊ ၂၀၁၀ တွင် အက်စပရင်ကို ပုံမှန် သောက်သုံးသူဦးရေ ၄၃ သန်းထက်မနည်းရှိပြီး အမေရိကန်လူဦးရေ၏ ၁၉ ရာခိုင်နှုန်းနှင့် ညီမျှကြောင်း ၊ NSAID သုံးစွဲသူဦးရေမှာလည်း ၂၉ သန်းထက်မနည်းရှိပြီး အမေရိကန် လူဦးရေ၏ ၁၂.၁ ရာခိုင်နှုန်းနှင့်ညီမျှကြောင်း သိရ သည်။

၎င်းတို့ အနက် အမျိုးသမီးများကို စူးစမ်းလေ့လာကြည့်ရာဝယ် အမျိုးသမီးသုံးပုံနှစ်ပုံထက်မနည်းမှာ အသက် ၆၀ အရွယ်တွင် အကြားအာရုံတဖြည်းဖြည်းချို့ ယွင်းလာခဲ့သည်ကို တွေ့ ရှိရခြင်းဖြစ်ကြောင်း ၊ အမျိုးသားများတွင်လည်း အကိုက်အခဲပျောက်ဆေးသုံးစွဲမှု နှင့် အကြားအာရုံချို့ ယွင်းမှု ဆက်နွယ်နေသည် ကို တွေ့ ရှိခဲ့ပြီးဖြစ်ကြောင်း ၊ အမျိုးသမီးတို့ ၏ကိစ္စကိုမူ ယခု ပထမဆုံးအကြိမ် သတိထားမိပြီး စူးစမ်းလေ့လာခဲ့ခြင်းဖြစ်ကြောင်း သိရသည် ။ အကိုက်အခဲပျောက်ဆေးတွေကြောင့် အမျိုးသားတွေမှာ အကြားအာရုံချို့ ယွင်းတာထက်ပိုတဲ့ ဘေးထွက်ဆိုးကျိုး တွေ ဖြစ်ပွားပါတယ် ။ အခု အမျိုးသမီးတွေမှာပါ ဒီလိုဆိုးကျိုးမျိုးတွေကို တွေ့ လာရပါပြီ ။ အကိုက်အခဲပျောက်ဆေး တွေကို မလိုအပ်ဘဲ မသောက်ဖို့  သတိထားရပါမယ် ဟု သုတေသီတစ်ဦးက ပြောပြသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ