Gingivitis သွားဖုံးရောင်ခြင်း
အသက် ၂၂၊ ယောက်ကျား၊ လက်ဝဲဘက် သွားဖုံးနာ (အမဲသား အရွတ်ကို ဝါးစားထား၊ ရာသီဥတုအရမ်းပူ အပြင်ထွက်ထား)၊ နှစ်ရက်ကြာပါပြီ ဆရာ၊ ထမင်းမစားနိုင်ပါ။ ဆန်ပြုတ်သောက်နေရပါသည်။ သောက်ဆေးအညွှန်း ရေးပေးစေလိုပါသည်။
• သွားဖုံးရောင်ရင် ရောင်မယ်၊ နီမယ်၊ နာမယ်၊ သွေးထွက်မယ်၊ ခံတွင်းအနံ့မကောင်းဖြစ်မယ်။
• အပေါ်ကဖုံးနေတာကို Plaque ပလိပ်လို့ ခေါ်တယ်။ ပလိပ်ပြားဖြစ်တာနဲ့ မဖြစ်တာဆိုပြီး အတန်းအစားတွေ ခွဲထားတယ်။ ပလိပ်ပြားရှိတာက အဖြစ်များတယ်။ ဗက်တီးရီးယားကနေ ဖြစ်စေတယ်။
• ခံတွင်းသန့်ရှင်းလုပ်ပြီး ကာကွယ်နိုင်ပါတယ်။ နေ့တိုင်းသွားတိုက်တာနဲ့ Flossing သွားကြားတွေထဲ ကြိုးစနဲ့ သန့်ရှင်းတာ လုပ်ရမယ်။ ဗက်တီးရီးယားရန်ကနေ ကာကွယ်ရမယ်။
• Saline ဆားရည်နဲ့ပါးစပ်ဆေးတာ အကောင်းဆုံးနဲ့ အလွယ်ဆုံးဖြစ်တယ်။
• Hydrogen peroxide, Chlorhexidine mouth washes ပါးစပ်ဆေးရည် အမျိုးမျိုးကိုလဲ သုံးနိုင်တယ်။
• NSAID အနာသက်သာဆေးရည်စိမ်ပေးတာလဲ လုပ်တယ်။
• NSAID စားဆေး Ibuprofen ဒါမှမဟုတ် Diclofenac စားဆေးတွေသောက်ရတယ်။ ဆေးတွေရဲ့ဘေးထွက်-ဆိုးကျိုးတွေကိုတော့ သတိထားရမယ်။ ဆေးတမျိုးကို တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ် အစာနဲ့သောက်ပါ။ လေနာဆေးတမျိုးမျိုးနဲ့တွဲပေးလေ့ရှိတယ်။
• ဗီတာမင် (စီ) ကိုလည်းတွဲပေးတတ်တယ်။ တိုက်ရိုက်ကောင်းစတာတေံမဟုတ်ပါ။
• သွားအထူးကုဆရာဝန်တွေကလဲ ကုသနည်းတွေလုပ်ပေးမယ်။
• ဆေးမကုဘဲနေရင် Periodontitis ရောဂါဆက်ဖြစ်နိုင်တယ်။
Bleeding gums သွားဖုံးသွေးယိုခြင်း http://dts-medicaleducation.blogspot.in/2011/11/bleeding-gums-2.html
ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin