အရေပြားကင်ဆာရောဂါသည်တွေဟာ သာမန်လူတွေထက် မှဲ့အရေအတွက် ပိုနည်းနေ


မှဲ့အများအပြားရှိသူတွေက အရေပြားကင်ဆာရောဂါ ဖြစ်နိုင်ချေပိုများတယ်လို့ ထင်ရပေမယ်လည်းသုတေသနတစ်ခုကတော့ အရေပြားကင်ဆာရောဂါရှင်အများစုဟာ မှဲ့အနည်းငယ်သာ ပါတယ်လို့ထုတ်ဖော်တင်ပြခဲ့ပါတယ်။

သုတေသနပညာရှင်တွေက မှဲ့အလုံးနှစ်ဆယ်နဲ့ ၂၀ထက်မနည်းပါတဲ့ melanomaရောဂါရှင်တွေကို သုတေသနလုပ်ရာမှာတွေ့ခဲ့တာဖြစ်ပြီး ပုံမှန်မဟုတ်တဲ့ မှဲ့တွေပါတဲ့သူတွေက melanomaရောဂါ ရနိင်ချေများတယ်လို့ ဆိုပါတယ်။

မှဲ့ အလုံး၅၀နဲ့ ၅၀ထက်ပိုတဲ့သူတွေကတော့ရောဂါဖြစ်နိုင်ချေနည်းတယ်လို့ သုတေသီက ထပ်မံရှင်းလင်းခဲ့ပါတယ်။

အဆိုပါ သုတေသနလုပ်ငန်းတွေအတွက် ၂၀၀၆ကနေ၂၀၀၉ခုနှစ်အထိ Academicဆေးခန်းနှစ်ခုနဲ့  Vetaran Affairs Medical Centre မှာလူနာ ၅၅၆ယောက်ကို သုံးလအတွင်း စစ်တမ်းကောက်ယူခဲ့ပါတယ်။

JAMA Dermatologyကထုတ်ဝေခဲ့တဲ့ စာစောင်မှာတော့ “ကျွန်တော်တို့ရဲ့ သုတေသနက လူထုကျန်းမာရေးတွေ့ရှိချက်တွေ အများကြီး ထွက်ပေါ်ခဲ့ပါတယ်။အဲဒီထဲမှာမှ မှဲ့အများကြီးပါတဲ့သူထက် မှဲ့အနည်းသာ ပါတဲ့သူက ပိုပြီးရောဂါဖြစ်နှုန်းပိုများပါတယ်”လို့ သုတေသီတွေက ရေးသားခဲ့ပါတယ်။

(Beauty Syh)

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : UPI

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ