Genes မျိုးဗီဇလိုက်ခြင်း


မင်္ဂလာပါဆရာ အသက်က ၂၅ပါ။ ကိုယ်ဝန်က ၅ ပတ်ရှိနေပါပြီ။ အမျိုးသားက အသားညိုပါတယ်။ သမီးကတော့ အသားဖြူပါတယ်။ ကလေးလေးအသားဖြူအောင် ဘာတွေစားရမလဲ။ နွားနို့ သောက်ရင်ဖြူတယ် ကြားဖူးလို့ပါဆရာ။
ကလေးတွေကို နွားနို့သောက်စေချင်ရင် အသားဖြူမယ်ဆိုပြီးပြောကြတာက အဖြူရောင်မုသားမျိုးဖြစ်တယ်။
တလောကလည်း မေးတယ်။ ကိုယ်ဝန်ကရှိနေပြီ ယောက်ျားလေးလိုချင်လို့ ဘာတွေစားသောက်ရလဲတဲ့။ ကိုယ်ဝန်ဆိုတာ မ မျိုးဥနဲ့ ကျားသုက်ပိုးတွေ တွေ့ဆုံပေါင်းစပ်တဲ့အချိန်ကတည်းက ကျား-မ ပြဋ္ဌာန်းလိုက်ပြီးဖြစ်တယ်။
အလားတူပါပဲ မွေးလာမယ့်ကလေး အသားရောင်၊ အရပ်၊ ဉာဏ်ရည် စတာတွေကိုလည်း မျိုးဗီဇအရ ပါနေပြီးဖြစ်ပါတယ်။
မျိုးဗီဇတွေက မိဘနှစ်ပါးဆီကနေရတယ်။ မိဘအတူက နေမွေးပေမယ့် ကလေးတယောက်နဲ့တယောက် မတူနိုင်ပါ။
DNA ကိုမျိုးဗီဇလို့ ခေါ်တယ်။ အမျိုးအစားပေါင်း ၆ သောင်းကနေ တသိန်းအထိရှိတယ်။ လူတိုင်းမှာ ခရိုမိုဇုမ်း ၄၆ ခုစီ ရှိကြတယ်။ သန္ဓေသားဟာ အမေနဲ့ အဖေတို့ဆီက ၂၃ ခုစီရလာတယ်။ မျိုးဗီဇအတွအြမျိုးမျိုးရှိတယ်။
မျက်လုံးအရောင်၊ မျက်နှာသွင်ပြင်၊ ကိုယ်လုံးကိုယ်ပေါက်၊ အရပ်အမောင်း၊ ကိုယ်အလေးချိန်၊ ဆံပင်အရောင်၊ ပင်ကိုယ်အရည်အသွေး၊ စတာတွေကို မျိုးဗီဇကနေပြဋ္ဌာန်းပါတယ်။
မျိုးဗီဖမှာ Dominant ခေါ် လွှမ်းမိုးတာနဲ့ Recessive ခေါ် လက်အောက်ခံဖြစ်တာလို့ရှိသေးတယ်။ အမေဆီကလည်း လာနိုင်တယ်။ အဖေဆီကလည်း လာနိုင်တယ်။ တချို့နေရာတွေ အဖေနဲ့တူမယ်။ တချို့ အမေနဲ့တူမယ်။ အဲတော့ ကြိုတင်ခန့်မှန်းလို့ မရသလောက် ရှုပ်ထွေးတယ်။ ပြုပြင်ယူလို့လည်း မဖြစ်နိုင်သလောက် ခဲယဉ်းတယ်။
ယောက်ျားလေးတွေရော မိန်းကလေးတွေက နေ့တိုင်းလိုလိုမေးကြတယ်။ အသားဖြူချင်လို့၊ အရပ်ရှည်ချင်လို့ စသဖြင့်။ အဲလိုဖြစ်ချင်တာတွေအတွက် ကြော်ငြာဆေးတွေကလည်း ရောင်းကောင်းလှတယ်။ မရသလောက် ရှုတ်ထွေးတယ်။ မဖြစ်နိုင်သလောက် ခဲယဉ်းတယ်။ အမေ-အဖေကို ရွေးပြီးမှသာ အမျိုးတော်ပါလေ။ Smile!
ကံတရားလို့ပြောရင် ဘာသာရေးလမ်းညွှန်လို့ မထင်ပါနဲ့ ဇီဝဆေးပညာကလည်း အဲသည်အတိုင်းပဲ။ ကံကောင်းအောင် စက္ကန့်တိုင်းမှာ ကံသုံးပါးလုံး ကောင်းဖို့သာ ကြိုးစားနေရပါမယ်။ စာဖတ်သူတွေ ကံကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ