Forensic pathology မှုခင်းဆိုင်ရာရောဂါဗေဒ


ရုတ်တရက် ဒါမှမဟုတ် အကြောင်းရင်းမသိပဲ ဒါမှမဟုတ် သံသယရှိဖွယ် သေဆုံးမှုမှာ အလောင်းကိုခွဲစိတ်စစ်ဆေးတာကို Autopsy ခေါ်တယ်။ အဓိကအားဖြင့် ဥပဒေကြောင်းအရလိုအပ်ချက်တိုင်းမှာလုပ်ရတယ်။ Post-mortem လုပ်တယ်လို့လဲ ခေါ်တယ်။ Pathologist or coroner ဆရာဝန်တွေကနေလုပ်ရတယ်။

Cause and conditions of death သေဆုံးရတဲ့အကြောင်းရင်းနဲ့ အခြေအနေကိုသိဘို့ဖြစ်တယ်။ Proximate cause of death သေဆုံးမှုကိုဖြစ်စေတဲ့အကြောင်းရင်းနဲ့ Primary injury အဓိကသေဆုံးစေတဲ့ အကြောင်းရင်းကို ရှာရတယ်။
Immediate cause of death ဆိုတာ နောက်ဆုံးသေစေခဲ့တဲ့အကြောင်းအချက်ဖြစ်တယ်။ ဥပမာ သေနတ်ဒဏ်ရာက Proximate cause of death ဖြစ်ပြီး၊ သေနတ်ပစ်ခံရလို့ သွေးယိုတာက Immediate cause of death ဖြစ်တယ်။

အဆင့် (၃) ဆင့်ရှိတယ်။ အပြည့်အစုံဆိုရင် Body cavities ကိုယ်ခန္ဓာလှိုင်ခေါင်းအားလုံးကို ခွဲစိတ်လေ့လာရမယ်။ တချို့ အမှုအခင်းတွေမှာတော့ အဲလောက်မလိုပါ။ သေမှုသေခင်းသဘာဝအရ နေရာတခုမှာသာ ကန့်သတ် ခွဲရတာလဲရှိတယ်။

ဘာတွေကိုစစ်ဆေးရသလဲ -
1. Marks of Violence အကြမ်းအတမ်းလုပ်ခံထားရတဲ့ဒဏ်ရာဒဏ်ချက်တွေ ရှာရမယ်။
2. Asphyxiation အသက်ရှူ (လေ) မဝတဲ့လက္ခဏာ၊ Strangulation, smothering, and drowning ကြိုးဆွဲချတာ၊ လည်မြိုညှစ်တာ၊ ရေနစ်တာတွေမှာတွေ့မယ်။ အရေပြားမှာ ညိုမဲပြာနေတာတွေ့နိုင်တယ်။ သွေးခြည်ဥတွေ့မယ်။ သေဆုံးသူအန်ဖတ်ဆို့နေတာတွေ့နိုင်တယ်။ အသက်ရှူလမ်းမှာ တခုခုနဲ့ဆို့ခံထားရရင် အစအနတွေတွေ့မယ်။ ကြိုးဆွဲချသေရင် လည်ပင်းက ‘ဟိုင်းဝိုက်’ အရိုးကြိုးနေမယ်။
3. Blunt Force Trauma အရိုးကြိုးဒဏ်ရာဆိုတာ တုံးတဲ့လက်နက်ကြောင့်ဖြစ်တာများတယ်။ လက်နက် အကြီး၊ အသေးနဲ့ သုံးခဲ့တဲ့အင်အား တွက်ဆရမယ်။ ဘယ်လားရာကနေလုပ်သလဲ စစ်ရမယ်။

Gunshot Wounds သေနတ်ဒဏ်ရာများ
(၄) မျိုးရှိတယ်။
1. Contact ထိကပ် = ပြောင်းဝကို အရေပြားမှာထောက်ပစ်တာဖြစ်မယ်။
2. Close-Range အနီးကပ် = ပြောင်းဝက ၆-၈ လက္မအကွာလောက်ကပစ်တာဖြစ်မယ်။
3. Intermediate Range ကြားအကွာအဝေး = ပြောင်းဝက ၈ လက္မကနေ ၃့၅ ပေအတွင်းကနေပစ်မယ်။
4. Distant အဝေးပစ် = ပြောင်းဝက ၈ လက္မကနေ ၃့၅ ပေမကတဲ့နေရကပစ်ခြင်း။

သေနတ်ဒဏ်ရာတိုင်းမှာ အဝင်ပေါက်ထက် ကျည်ထွက်ပေါက်ပိုကြီးတယ်။ အသားကိုသာဖေါက်ထွက်ရင်တော့ မကွာလှဘူး။ သေနတ်ဒဏ်ရာကနေကျန်ရစ်တာတွေလဲစစ်ရမယ်။ အရေပြားကိုကပ်ပစ်ရင် ယမ်းမှုံ့တွေရှိနေမယ်။ မီးလောင်ထားတာတွေ့ရမယ်။ ခပ်လှမ်းလှမ်းကပစ်ရင်တော့ နောက်မှသာတွေ့မယ်။ အနီးကပ်ပစ်တာဆိုရင် ဝင်ပေါက်မှာ ကြယ်ပုံစံစုတ်ပြဲနေမယ်။ ဝေးလေလေးညီညာမှုရှိလေဖြစ်မယ်။

၁။ Stab Wounds ချွန်ထက်တဲ့လက်နက်နဲ့ထိုးခြင်း
ဓါး၊ လှံ၊ စူး၊ ဒိထက်တုံးတဲ့လက်နက်တွေကနေလုပ်မယ်။ ဒဏ်ရာကိုကြည့်ရင် လက်နက်ကိုမှန်းနိုင်တယ်။

၂။ Suicide ကိုယ့်ကိုယ်ကိုသတ်သေခြင်း
လက်ကောက်ဝတ်၊ လည်ပင်းသွေးလွှတ်ကြောကိုဖြတ်တာရှိနိုင်တယ်။ ဒဏ်ရာလားရာကိုကြည့်ရင် သူကိုယ်တိုင်လား၊ တခြားလူကလား မှန်းဆနိုင်တယ်။

၃။ Time since death ဘယ်တုံးကသေသလဲ
ကိုယ်အပူချိန်ကျလာနေမယ်။ လူကောင်းတယောက်မှာ 37⁰C or 98.6⁰F ရှိတယ်။ အခန်းတွင်းအပူချိန်မှာ အလောင်းဟာ ပဌမတစ်နာရီမှာ 1.5 and 1⁰C နှုန်းနဲ့ကျနေမယ်။

၎။ Decomposition ပုတ်ပွခြင်း
တစ်ရှူးတွေသေရာကနေ အထဲမှာနေတဲ့ပိုးတွေ ပျက်စီးရာကနေဖြစ်တယ်။ နေရာအပူချိန်အရလဲ ပုတ်ပွတာကွာခြားတယ်။ စိုထိုင်းတဲ့နေရာမှာ ပိုမြန်တယ်။ Adipocere ဆိုတာ Grave wax လူသေဖယောင်းကိုခေါ်တယ်။ အဆီ၊ ဟိုက်ဒရိုဂျင်နဲ့ ရေတွေ ပျက်စီးရာကနေ ဖြစ်လာတယ်။ ဖြစ်စဉ်မှာ ‘ဗက်တီးရီးယား အင်ဇိုင်းမ်’ တွေလဲပါတယ်။ အဆီစုဝေးရာ တင်ပါး၊ ပေါင်တွေမှာသိသာတယ်။ သူတို့က ပုပ်ပွတာကိုနှေးစေတယ်။

၅။ Rigor Mortis တောင့်တင်းခြင်း
သေပြီးနောက် ၁၂ နာရီဝန်းကျင်မှာ ကြွက်သားတွေတင်းတောင့်လာမယ်။ ATP နဲ့ ကြွက်သားဖိုက်ဘာတွေထဲက ဆားတွေကနေ ဖြစ်စေတယ်။ Calcium ions တွေစုဝေးလာမယ်။ အဲဒါတွေထွက်သွားရင် တောင့်တင်းတာရပ်မယ်။ တောင့်တင်းတာ ၁၂ နာရီခန့်ကြာမယ်။

၆။ Livor Mortis သွေးအပြာရောင်ပြောင်းလာခြင်း
သွေးလှည့်ပတ်မှုရပ်ပြီးနောက် အရောင်က နီ-ပြာရောင်ပြောင်းလာမယ်။ သေဆုံးပြီး တစ်နာရီခွဲကနေ နှစ်နာရီအတွင်း ဖြစ်မယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

သတင်းစာနှင့် ဂျာနယ်များ