ဇီကာဗိုင်းရပ်စ်နှင့်ပတ်သက်သည့် အရေးပေါ်အခြေအနေကြေညာထားမှုကို ဘရာဇီးတွင်ရုပ်သိမ်း


ဘရာဇီးအစိုးရသည် ဇီကာဗိုင်းရပ်စ်နှင့်ပတ်သက်၍ အရေးပေါ် အခြေအနေ ကြေညာထားမှုများကို ရုပ်သိမ်းလိုက်ကြောင်း အယ်လ်ဂျာ ဇီးယားသတင်းဌာနကဖော်ပြသည်။
ဘရာဇီးအစိုးရသည် ၂ဝ၁၅ ခုနှစ်အတွင်း၌ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ပြန့်နှံ့ခဲ့သော ဇီကာဗိုင်းရပ်စ်အန္တရာယ်ကြောင့် အရေးပေါ် အခြေအနေ ကြေညာခဲ့ခြင်းဖြစ်သည်။

 ခြင်မှတစ်ဆင့် ကူးစက်သည့် ရောဂါပိုးဖြစ်သော ဇီကာဗိုင်းရပ်စ်သည် ဘရာဇီးနိုင်ငံအပါအဝင် တောင် အမေရိကနိုင်ငံများနှင့် လက်တင်အမေရိကနိုင်ငံများတွင် ပြန့်ပွားမှုများ ဖြစ်ပွားခဲ့သည်။ ဇီကာဗိုင်းရပ်စ်ကူးစက်ခံရသည့် မိခင်ဖြစ်သူမှ မွေးဖွား သောရင်သွေးများသည် ဦးခေါင်းခွံသေးငယ်ခြင်း၊ ဦးနှောက်အရွယ် အစား သေးငယ်ခြင်းများ ဖြစ်ပေါ်ကြောင်း တွေ့ရှိခဲ့သည်။

ဇီကာဗိုင်းရပ်စ်သည် လိင်ဆက်ဆံမှုမှတစ်ဆင့်လည်း ကူးစက်နိုင်သောကြောင့် တောင်အမေရိ ကနိုင်ငံများ၊ လက်တင်အမေရိကနိုင်ငံများနှင့် မြောက်အမေရိကနိုင်ငံများ တွင် အမျိုးသမီးများကို ကိုယ်ဝန်ဆောင်ခြင်းမပြုလုပ်ရန် သတိပေးမှုများ ပြုလုပ်ခဲ့သည်။ ဇီကာဗိုင်းရပ်စ်နှင့်ဆိုင်သည့် အရေးပေါ်အခြေအနေ ကြေညာထားခဲ့သည့်ကာလမှာ ဘရာဇီးနိုင်ငံတွင် ၁၈ လ ကြာမြင့်ခဲ့ သည်။

The Union Daily
https://www.facebook.com/pg/uniondaily.net

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ