Duodenitis အစာအိမ်အထွက် အူသိမ်ရောင်ခြင်း


Duodenitis ကို Xanax ပေးတာ ဘာလို့လဲဆရာ။ အရင်က အိပ်ဆေးလို့ပဲ ထင်ခဲ့တာပါ။ ဝယ်ရလည်း ခက်ပါတယ်။

ကွန်မင့်ကမေးတယ်။ အသက် မသိပါ။ ယောက်ျား-မိန်းမလည်း မသိပါ။ ဘာတွေခံစားနေရလည်း မသိပါ။ မေးနည်းစည်းကမ်းတော့ ပို့ထားပါတယ်။

အစာအိမ်အထွက် အူသိမ်ရောင်ရောဂါဟာ
• Helicobacter pylori infection ဟယ်လီကိုဘက်တာပိုး၊
• Coeliac disease ရောဂါ၊
• Bacterial infection ဗက်တီးရီးယားပိုး၊
• Viral infection ဗိုင်းရပ်စ်ပိုး၊
• NSAIDs အကိုက်အခဲပျောက်ဆေးများ
• Crohn's disease ခရုန်းရောဂါ၊
• Duodenal lymphocytosis ရောဂါနဲ့
• Idiopathic ဘာလို့ဖြစ်မှန်းမသိတာတွေကနေ ဖြစ်စေနိုင်တယ်။

အစာအိမ်အထွက် အူသိမ်ရောင်တာဖြစ်ရင် ဗိုက်အောင့်မယ်။ အန်မယ်။ ပျို့မယ်။ Endoscopy ကိရိယာထည့်စစ်ဆေးပြီး အသားစဖြတ်ယူစစ်ဆေးရင် ရောဂါကိုသေချာသိမယ်။ Omeprazole နဲ့ Esmoprazole ဆေးတခုခုပေးရင် ၆ ပတ်နဲ့ ပျောက်သွားတာများတယ်။ Helicobacter pylori ပိုးကို ပိုးသေဆေးပေးကုသရမယ်။ ဆေးလိပ်ဖြတ်ရမယ်။ အနာအကိုက်သက်သာဆေးတွေရှောင်ရမယ်။ စိတ်ဖိအားနဲ့ ဆက်စပ်မှုရှိနိုင်တယ်။ Stress-induced gastritis လို့ ခေါ်တယ်။ စိတ်သက်သာရာရစေဆဲ့ဆေးပါပေးရမယ်။

Xanax ဟာ Alprazolam ဆေးဖြစ်တယ်။ စိုးရိမ်စိတ်ကဲသူတွေကိုပေးတယ်။ အခုရောဂါမေးသူမှာ အဲတာပါ ရှိနေလို့လား စဉ်းစားရတယ်။ ဒီဆေးကနေ အစာအိမ်ရောင်တာဖြစ်စေသလား သုတေသနလုပ်တာ မခိုင်မာပါ။


ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ