Boils မွေးကျွတ်နာ


မင်္ဂလာပါဆရာ ကျမအသက် ၃၂ နှစ်ပါ။ အိမ်ထောင်မရှိပါဘူးဆရာ။ ကျမအနာခဏခဏပေါက်ပါတယ်။ စဖြစ်ဖြစ်ချင်းမှာ အနည်းငယ်ယားပါတယ်။ အပ်ထိပ်ပေါက်လောက်ရှိတဲ့အနာသေးသေးလေးစဖြစ်တာကနေ ပတ်ပတ်လည် တလက်မခန့် အသားတွေမာပြီး ရောင်နေပါတယ်။ အဲ့လိုရောင်လာရင် ထိမရနိုင်လောက်အောင် အရမ်းနာကျင်ကိုက်ခဲပါတယ်။ တပတ်လောက်ကြာရင် အနာထိပ်သေးသေးကနေ ပြည်အနည်းငယ် ထွက်သွားပါတယ်။ အဲ့လိုနဲ့ တလုံးပြီးတလုံး ဆက်တိုက်ဖြစ်တာ ၁ဝ လုံးကျော်မကတော့ပါဘူးဆရာ။ ၂ဝ၁၅ နှစ်ကုန်ခါနီးက စဖြစ်တာ ခဏပျောက်လိုက် ပြန်ပေါက်လိုက်နဲ့ အခုလဲပြန်ဖြစ်နေပါတယ်။ အနာစိမ်းလိုလဲမဟုတ်ပါဆရာ။ သူငယ်ချင်းတွေကတော့ မွေးကျွတ်နာလို့ေ ပြာကြပါတယ်။ ထိုင်တဲ့နေရာဝန်းကျင်တွေမှာပဲဖြစ်လို့ အရမ်းဒုက္ခ ရောက်ပါတယ်။ ဘာကြောင့်ဖြစ်တယ်၊ ဘာဆေးသောက်ရမယ်။ အနာ နာမည် ဘယ်လိုခေါ်လဲ ဆိုတာသိချင်ပါတယ်ဆရာ.။ ဖြေကြားပေးပါရန် ရိုသေလေးစားစွာဖြင့် မေးမြန်းပါတယ်ဆရာ။

မွေးကျွတ်နာကို အနာစိမ်းလို့လဲခေါ်တယ် အင်္ဂလိပ်လို Boil ခေါ်ပြီး ဆေးစာလို Folliculitis ခေါ်တယ်။ အရေပြားထဲက Follicle မွေးညင်းပေါက်တွေကို ပိုးဝင်လို့ ခေါ်တာပါ။ ဒါကိုဖြစ်စေတဲ့ ပိုးအမျိုးအစားဟာ ဗက်တီးရီးယား Staphylococcus Aureus ဖြစ်တယ်။ အဲလိုအနာလေးတွေ စုဝေးပြီးပေါင်းစပ်တဲ့အနာ ဖြစ်လာရင် Carbuncle အနာပဆုပ် (အနာ့ပဆုပ်) ခေါ်တယ်။

သိပ်နာတယ်။ ရောင်နေမယ်။ ရဲနေမယ်။ ပူနေမယ်။ ပြည်ဖြစ်လာတယ်။ အရွယ်အစာ သေးသေးလေးကနေ ဆီးဖြူသီး လောက်အထိ ရှိနိုင်တယ်။ ဘေးက အရေပြားလည်း နီပြီး ရောင်နေမယ်။ အနာရဲ့အလယ်ထိပ်မှာ ဖြူဝါဝါ အရောင်လေး မြင်ရတာ ပြည်တည်နေလို့။ ဒါဆို ပြည်ကို ခွဲထုတ်ပေတော့။ တချို့ ဖျားမယ်။ ဆိုင်တဲ့နေရာတွေမှာ Lymph nodes တက်စေ့တွေ ရောင်မယ်။ မပျောက်နိုင်ရင် နာတာရှည်အနာ ဖြစ်လာမယ်။

ဆီးချို၊ အဝလွန်တာ၊ အစာအာဟာရ နည်းတာတွေနဲ့ ဆက်စပ်နေတတ်တယ်။ အနာပဆုပ်ပေါက်ရင် ဆီးချို ရှိ-မရှိ စစ်ပါလေ။ တချို့ပြင်းတဲ့ဆေး ပေးနေတုံးလည်း ဖြစ်တတ်သေးတယ်။ အနာပေါ်မှာ ဆားရည်ပူပူ၊ ဆားမီးပူတိုက်တာ တင်ပေးရင် ခံရတာသက်သာပြီး ပြည်မြန်မြန်မှည့်တယ်။ နောက်ဆုံး ပြည်ကို ခွဲထုတ်ရမယ်။

Antibiotic ပဋိဇီဝဆေး ပေးရမယ်။ ဒီပိုးကို နိုင်တဲ့ဆေး ရွေးတတ်ရမယ်။ ဗက်တီးရီးယားတွေကိုနိုင်တာ ပနယ်စလင်တွေ။ ဒါပေမဲ့ မွေးကျွတ်နာ ဖြစ်စေတဲ့ အကောင်အတွက် Antistaphylococcal Penicillins ဆိုပြီး သပ်သပ် ရှိတယ်။ Cloxacillin, Dicloxacillin, Oxacillin နဲ့ Nafcillin တို့ ဖြစ်တယ်။

1. Cloxacillin စားဆေး
• အရေပြားအနာများ = 500 mg ၆ နာရီတခါ ၇ ရက်ထိုးပါ။ 4 g/day ထက်မပိုစေရ။

2. Dicloxacillin စားဆေး
• အရေပြားအနာများ = 500 mg ၆ နာရီတခါ ၇ ရက်ထိုးပါ။

3. Oxacillin Injection ထိုးဆေး
• အသင့်အတင့်ဆိုးတဲ့ ဗက်တီးရီးယားဝင်ခြင်း = 250-500 mg I.V. ၄-၆ နာရီတခါထိုးပါ။
• ဆိုးဝါးတဲ့ ဗက်တီးရီးယားဝင်ခြင်း = 1 gram I.V. ၄-၆ နာရီတခါထိုးပါ။

4. Nafcillin ထိုးဆေး
• အရေပြားအနာများ = 1 to 2 g IV ၄-၆ နာရီတခါ၊ ၇ ရက်ထိုးပါ။

ပြည်တည်နာကို ပိုးသေဆေး ၂ မျိုးတွဲပေးတာများတယ်။
(၁) Cloxacillin တနှစ်အထက် ၁၈ နှစ်အထိ = Cloxacillin 50 to 100 mg/kg/day ကို ၄ ကြိမ်ခွဲတိုက်ပါ။
(၂) Ampicillin ၇ ရက်သားအထိ Ampicillin 50 mg/kg IM or IV ၁၂ နာရီတခါထိုးပါ။
၈-၂၈ ရက်သားအထိ = Ampicillin 50 mg/kg IM or IV ၆-၈ နာရီတခါထိုးပါ။
တလအထက် (သာမန်) = ထိုးဆေး Ampicillin 25 to 37.5 mg/kg IM or IV ၆-၈ နာရီတခါထိုးပါ။
စားဆေး Ampicillin 12.5 to 25 mg/kg ၆ နာရီတခါသောက်ပါ။ အများဆုံး Ampicillin 4 g/day ထက်မပိုစေရ။
တလအထက် (ဆိုးဝါး) = ထိုးဆေး Ampicillin 50 to 100 mg/kg IM or IV ၆ နာရီတခါထိုးပါ။ အများဆုံး Ampicillin 12 g/day ထက်မပိုစေရ။
၂ဝ ကေဂျီထက်နည်းတဲ့ကလေး စားဆေး = 50-100 mg/kg/day ကို တနေ့ ၄ ကြိမ်ခွဲပေး။

Abscess ခူနာ ခေါ်သော ပြည်တည်နာ http://dts-medicaleducation.blogspot.com/…/04/blog-post.html

Dr. တင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

သတင်းစာနှင့် ဂျာနယ်များ