ALS ကုသဆေးဝါး ဒုတိယအမျိုးအစားကို FDA ခွင့်ပြု


အမေရိကန်ပြည်ထောင်စု၊ အစားအစာနှင့်ဆေးဝါးကြီးကြပ်ရေးအဖွဲ့  FDA က ၂၂ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် နဗ်ကြောများယိုယွင်းပျက်စီးစေသည့် ALS ရောဂါကုသဆေး ဒုတိယအမျိုးအစားကို ထုတ် လုပ်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါဆေးဝါးအမည်မှာ Radicava ဖြစ်ပြီး Edaravone ဟုလည်း ခေါ်ဆိုသွားမည်ဖြစ်ကြောင်း၊ လွန်ခဲ့ သည့် ၂၂ နှစ်အတွင်း ALS ရောဂါအတွက် အမေရိကန်ပြည်ထောင်စုတွင် Riluole ဆေး တစ်မျိုးတည်း ကိုသာ အသုံးပြုခဲ့ခြင်းဖြစ်ပြီး Riluole ကို ၁၉၉၅ ခုနှစ်ကတည်းက ထုတ်လုပ်ခွင့်ပြုခဲ့ခြင်းဖြစ်ရာ ယခု ၂၂ နှစ် ကြာမှသာ ဒုတိယဆေးဝါးကို ထုတ်လုပ်ခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။

 ဂျပန်နိုင်ငံမှာ ALS ကိုကုသဖို့  Edaravone ကို အသုံးပြုတာ အောင်မြင်တယ်ဆိုတာ သိရှိရတဲ့နောက် အဲဒီ ဆေးဝါးထုတ်လုပ်တဲ့ကုမ္ပဏီနဲ့ ချိတ်ဆက်ပြီးတော့ အမေရိကန်ပြည်ထောင်စုထဲကို တင်သွင်းနိုင်ဖို့  လိုအပ် တဲ့ စိစစ်မှုတွေကို အထပ်ထပ်ပြုလုပ်ပြီး အခုလို ခွင့်ပြုလိုက်တာဖြစ်ပါတယ်ဟု FDA မှ တာဝန်ရှိသူ Eric Bastings က ပြောပြသည်။ Edaravone သည် အကြောဆေးဖြစ်ကြောင်း၊ ၂ပတ်ဆက်တိုင် နေ့ စဉ်ထိုးရမည်ဖြစ်ပြီး နှစ်ပတ် နားရ မည် ဖြစ်ကြောင်း၊ နှစ်ပတ်နားပြီးနောက် ပြန်လည်စမ်းသပ်မှုရ ALS ကြောင့် နဗ်ကြောများ ပျက်စီးသည့်နှုန်း နှေး ကွေးသွားသည်ကို တွေ့ ရကြောင်း၊ ALS သည် နဗ်ကြောများကို ယိုယွင်းပျက်စီးစေပြီး ထိုမှတစ်ဆင့် ကြွက် သားများကို ချိနဲ့ စေကာ လူနာကို ကိုယ်တစ်ပိုင်းသေစေပြီး အဆုံးတွင် သေဆုံးစေနိုင်သည့် ရောဂါ ဖြစ်ကြောင်း သိ၇သည်။

အမေရိကန်ပြည်ထောင်စုတွင် ALS ရောဂါ ခံစားနေရသူဦးရေ ၁၂၀၀၀ မှ ၁၅၀၀၀ ဦး အထိ ရှိကြောင်း၊ အများစုသည် ကြွက်သားချိနဲ့ လာပြီးနောက် အသက်ကိုပုံမှန်မရှူနိုင်တော့ဘဲ သေဆုံးကြခြင်းဖြစ်ကြောင်း၊ ယခု ဆေးဝါးအသစ်ကို ကြိုဆိုကြသော်လည်း ကုန်ကျစရိတ်မှာမူ လူနာတစ်ဦးအတွက် တစ်နှစ်လျင် အမေ ရိကန်ဒေါ်လာ ၁၄၅၅၂၄ ထက်မနည်း ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ