ကာလ၀မ်းရောဂါဖြစ်ပွားမှုကြောင့် ယီမင်တွင် အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာ


ယီမင်နိုင်ငံတွင် လွန်ခဲ့သောရက်သတ္တပတ်ခန့် မှစတင်ကာ ကာလ၀မ်းရောဂါ ကူးစက်ပျံ့ နှံ့ လျက်
ရှိရာ တစ်ပတ်အတွင်း လူ ၈၅၀၀ ဦးထက်မနည်းကိုကူးစက်ခဲ့ပြီး လူသေဆုံးမှုမှာလည်း ရာနှင့်ချီလာပြီ ဖြစ်ကြောင်း ကမ္ဘာ့ကြက်ခြေနီအဖွဲ့ က ထုတ်ပြန်ကြေညာလိုက်ပြီး ယီမင်အစိုးရကလည်း မြို့ တော်
Sanna ၌ အရေး ပေါ်အခြေအနေ ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ကြောင်း သိရသည်

။မြို့ ပေါ်ကဆေးရုံတွေမှာ ကာလ၀မ်းရောဂါလူနာတွေနဲ့  ပြည့်နှက်နေပါတယ်။ ဧပြီလ ၂၇ ရက်ကနေ စတင်ခဲ့တဲ့ဒီကာလ၀မ်းရောဂါဟာ အခုရက်ပိုင်းအတွင်းမှာ ကူးစက်မှုနှုန်း သုံးဆခန့် ပိုလာခဲ့ပါတယ်။ ပိုးကူးစက်ခံရသူဦးရေ ၈၅၀၀ ဦးထက်မနည်းရှိနိုင်ပြီး ဧပြီ ၂၇ မှ မေ ၁၃ အတွင်း လူပေါင်း ၁၁၅ ဦး သေဆုံးခဲ့ပြီး ဖြစ်ပါတယ် ဟု အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၏ ညွှန်ကြားရေးမှူး Dominik Stillhart က ပြောပြသည်။ ယီမင်နိုင်ငံသည် ကာလ၀မ်းရောဂါပြဿနာကို တစ်နှစ်အတွင်း ၂ ကြိမ် ကြုံတွေ့ နေရခြင်းဖြစ်ပြီးနိုင်ငံအတွင်းကျန်းမာရေးဝန်ဆောင်မှုပေးနိုင်သည့်အဆောက်အဦများသည်လည်း စစ်အတွင်း ပျက်စီးမှုများ ကြောင့် ရာနှုန်းပြည့်လုပ်ငန်းလည် ပတ် ဆောင်ရွက်နိုင်ခြင်းမရှိဘဲ အမှန် တစ်ကယ်ပေးနိုင်ရမည့် ကျန်းမာရေးစောင့်ရှောက်မှု၏ ၄၅ ရာခိုင်နှုန်း ကိုသာ ပေးနိုင်ကြောင်း သိရသည်။

ပြည်တွင်းစစ်ကြောင့် ပျက်စီးခဲ့ရသောဆေးရုံဆေးခန်းပေါင်း ၃၀၀ ထက်မနည်းရှိကြောင်း၊ ၂၀၁၅ မတ်လမှ ပြန်လည်အရှိန်မြင့်တက်လာသည့်တိုက်ပွဲများကြောင့် လူပေါင်း ၈၀၁၀ ထက်မနည်းသေဆုံးခဲ့ပြီး ၄၄၅၀၀ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်တွင်းစစ်ကြောင့် လူသားအချင်းချင်းစာနာထောက်ထားမှုအကူ အညီ လိုအပ်နေသူဦးရေ ၁၈.၈ သန်း ရှိကြောင်း သိရသည်။ လက်ရှိတွင်လည်း ပြည်တွင်းစစ်ကြောင့် အစာရေစာရှားပါးလျက်ရှိပြီး သောက်သုံးရေလုံလောက်စွာမရရှိ ခြင်းကြောင့် သန့် ရှင်းမှုစံချိန်စံညွှန်းများ ကျဆင်းလာပြီး ရောဂါပိုးကူးစက်မှုလည်း အလွန်မြန်ဆန်နေခြင်း ဖြစ်ကြောင်း သိရသည်။ နိုင်ငံ၏ လူ သုံးပုံနှစ်ပုံခန့် မှာ ကျန်းမာရေးနှင့်ညီညွှတ်သော၊ သန့် ရှင်းသည့် သောက်ရေသုံးကို မရရှိကြောင်း ကမ္ဘာ့ကုလသမဂ္ဂ က ထုတ်ပြန်ထားသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ