တရုတ်နိုင်ငံ၌ လေထုညစ်ညမ်းမှုပိုဆိုးလာသည်မှာ ဖုန်နည်းသောကြောင့်ဟုဆို


လေနှင့်အတူပါလာသည့်ဖုန်မှုန့်များသည်သဘောဝပတ်ဝန်းကျင်ကိုညစ်ညမ်းစေသည့်ပြဿနာဟု သာမန်အားဖြင့်ယူဆကြသော်လည်း တရုတ်နိုင်ငံတွင်မူ လေထုညစ်ညမ်းမှုပိုဆိုးလာသည်မှာ ဖုန်မရှိ သောကြောင့်ဖြစ်သည်ဟု ၄င်းကိစ္စကိုစူးစမ်းလေ့လာနေသည့် အမေရိကန်၊ ၀ါရှင်တန်အခြေစိုက်Pacific Northwest National Laboratory (PNNL) မှ သုတေသီ Yang Yang က ပြောသည်။

 ဖုန်မှုန့် နည်းလျင် မြေမျက်နှာပြင်ပေါ်သို့  နေရောင်မှဓါတ်ရောက်ခြည်ဖြာသင့်မှု ပိုလာပြီး လေတိုက်နှုန်း ကို လျှော့ချပေးကြောင်း၊ လေတိုက်နှုန်းလျော့သွားသောအခါ လေထုကို ညစ်ညမ်းစေသည့် အမှုန်များကို သယ်ဆောင်မသွားနိုင်တော့ကြောင်း၊ ထိုအခါ ၄င်းအမှုန်များသည် တစ်နေရာတည်းတွင် လုံးကာ တည် ရှိနေပြီး လေထုညစ်ညမ်းမှု ဖြစ်ပေါ်လာကြောင်း၊ ဖုန်မရှိသောနေရာများတွင် လေထုညစ်ညမ်းမှု ၁၃ ရာခိုင်နှုန်း ပိုလာခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံတွင် စက်ရုံအလုပ်ရုံများနှင့် ကျောက်မီးသွေးလောင် စာသုံး လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေး စက်ရုံများမှ ထွက်လာသည့် အမှုန်များကြောင့်လေထု ညစ်ညမ်းမှုဆိုးရွားစွာဖြစ်ပွားနေခြင်းဖြစ်ပြီး ဆိုးကျိုး ကို လူသန်းပေါင်းရာနှင့်ချီ ခံစားနေရခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံတွင် လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် သေဆုံးသူ ၁.၆ သန်းထက်မနည်းရှိရာ ၄င်း အရေအတွက်သည် စုစုပေါင်းသေဆုံးမှု၏ ၁၇ ရာခိုင်နှုန်းနှင့် ညီမျှနေကြောင်း သိရသည်။

ဂိုဘီသဲကန္တာရကို လွန်ခဲ့သည့်နှစ်ပေါင်း ၁၅၀ ခန့် က စတင်မှတ်တမ်းတင်ခဲ့သည့် လေတိုက်သည့်ပုံစံနှင့် ဖုန်ပါသည့်ပုံစံကို စူးစမ်းလေ့လာခဲ့ရာ ဖုန်မှုန့် များသည် နေရောင်ခြည်ဒဏ်ကို ကမ္ဘာမြေမျက်နှာပြင်က တိုက်ရိုက်မခံရအောင် ကာကွယ်ပေးကြောင်း၊ ဖုန် မရှိလျင် နေ၏အပူဒဏ်ကို ကမ္ဘာမြေက ပို၍ခံရကြောင်း၊ ကုန်းနှင့်ရေ အပူချိန်ခြင်းကွာခြားနေမှသာ လေ တိုက်မည်ဖြစ်ကြောင်း၊ ဖုန်မရှိလျင် မြေပြင် အပူချိန် ပိုလာမည်ဖြစ်ပြီး ရေပြင်အပူချိန်နှင့်သိပ်မကွာတော့သည့်အတွက်လေတိုက်နှုန်းကျဆင်းသွားကြောင်း၊ ထိုအခါ လေထုညစ်ညမ်းစေသည့်အမှုန်များကို သယ် ဆောင်မသွားနိုင်တော့ ဘဲလေထုညစ်ညမ်းမှု ပိုတိုး၍ဖြစ်လာခြင်းဖြစ်ကြောင်း သိရသည်။

 လေတိုက်နှုန်းကျဆင်းသွားခြင်းနဲ့  လေထုညစ်ညမ်းမှုကို တိုက်ရိုက်ဆက်နွယ်နေပါတယ်။ ဖုန်ရယ်၊ လူလုပ် အမှုံတွေရယ်နဲ့  လေတိုက်နှုန်းကို ဟန်ချက်ညီမျှအောင် ပြန်လုပ်ဖို့ လိုပါမယ်။ လူတွေက ဖုန်ကင်းစင်တဲ့ နေရာတွေကို သဘောကျကြပါတယ်။ ဒါပေမယ့် ဖုန်မရှိတဲ့လေထုထဲမှာ သာမန်မျက်လုံးနဲ့ မမြင်နိုင်တဲ့ အမှုန်တွေအများကြီးရှိနေနိုင်ပါတယ်။ တနည်းအားဖြင့် ဖုန်မရှိတဲ့နေရာမှာ လေထုညစ်ညမ်းမှု ပိုပြီး ဖြစ်နေ နိုင်ပါတယ် ဟု Yang Yang က ပြောပြသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ